၂၀၂၃ ခုနှစ် ၊ မေ (၆) ရက် ၊ ခေတ်မျက်လုံး
မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်မ(၄၄)ဌာနချုပ်အပါအဝင် ရဲစခန်းနှစ်ခုကို တိုက်ခိုက်ခဲ့ တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က ထုတ်ပြန်ထားပါတယ်။
ကျိုက်ထိုအခြေစိုက် တပ်မ(၄၄)ဌာနချုပ် ကို မေ (၆) ရက် မနက်ပိုင်းက ကျိုက်ထို (ပကဖ)၊ KRF နှင့်် KNLA ပူးပေါင်းအဖွဲ့ တို့က တိုက်ခိုက်ခဲ့ကြတာပါ။
အဲဒီ တိုက်ခိုက်မှုမှာ စစ်ကောင်စီက (၆၀)မမ စိန်ပြောင်းများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
ထို့အတူ ယနေ့ နေ့လယ် ၂ နာရီ ၄၆ မိနစ်မှ ၃နာရီ ၁၂ မိနစ်အထိ ၂၆ မိနစ်ကြာ ဘီးလင်းမြို့နယ်၊ ဝင်းကံရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ ရဲနှစ်ဦး သေဆုံး ခဲ့တယ်လို့ KRF က အတည်ပြုထားပါတယ်။
ဒါ့အပြင် ဘီးလင်းမြို့နယ်၊ တောင်စွန်းရဲစခန်းကိုလည်း ဒရုန်း နဲ့ ဗုံးသီးလေးလုံးဖြင့် ချတိုက်ခိုက် ခဲ့ကြပါသေးတယ်။
မွန်ပြည်နယ်အတွင်း စစ်ရေးအရှိန်မြှင့်မည်ဖြစ် သောကြောင့် စစ်ကောင်စီနှင့်ဆက်စပ်သည့် နေရာများကို ရှောင်ရှားရန် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က အသိပေး ထုတ်ပြန်ထားပါတယ်။
#Era’sEyes | Photo – RPDF / (သထုံ PDFမှ ရဲဘော်များနှင့် တောင်စွန်းရဲစခန်းနေရာအား တွေ့ရစဉ်။)