နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ အင်ဒိုနီးရှားသမ္မတ ပြောကြား

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ အရေးတကြီးလိုအပ်နေ​တယ်လို့အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို (Joko Widodo) က ပြောကြားလိုက်ပါတယ်။

မေ ၈ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ပြည်သူတွေဟာ ပဋ္ဋိပက္ခရဲ့ဓားစာခံဖြစ်လာတာကြောင့် အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရမှာ ဖြစ်တယ်လို့ ဂျိုကိုဝီဒိုဒိုက ပြောတယ်လို့ Antara သတင်းက ဖော်ပြပါတယ်။

အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ပဋ္ဋိပက္ခဖြစ်ပွားတဲ့ နေရာတွေဆီကို လူသားချင်းစာနာမှု အကူအညီပေးဖို့ အခက်အခဲရှိတာကို ဝမ်းနည်းကြောင်းလည်း အလေးအနက်ထား ပြောကြားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ မေ ၇ ရက် မနက်ပိုင်းက အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ လူသားချင်းစာနာမှု ထောက်ပံ့ရေးယာဉ်တန်း ပစ်ခတ်ခံရမှုကိုလည်း အင်ဒိုနီးရှား သမ္မတက ပြစ်တင်ရှုတ်ချပါတယ်။

ဒီဖြစ်ရပ်နောက်ကွယ်မှာ ဘယ်သူရှိမှန်း ရှင်းရှင်းလင်းလင်း မသိရဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောကြားကြောင်း ရိုက်တာသတင်းက မေ ၉ ရက်မှာ ဖော်ပြထားပါတယ်။

Era’sEyes/အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတက်ရောက်လာသော အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို (Joko Widodo)။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးနယ်မှာ စစ်တပ်က စစ်ကြောင်း(၂)ခု တပြိုင်ထဲထိုးနေတာကြောင့် ဒေသခံ (၅၀၀၀)ကျော် ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 2 Views
နိုဝင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး ခင်ဦးနယ်အနောက်မြောက်ခြမ်းရှိ ကျေးရွာတွေကို စစ်တပ်က အင်အား (၁၈၀)ကျော်နဲ့ စစ်ကြောင်း (၂)ခု တပြိုင်ထဲထိုးနေတယ်လို့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ (၇)ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 28 Views
နိုဝင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က မြိုင်နယ်အနောက်တောင်ပိုင်းမှာ အင်အား (၁၈၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ (၇)ရွာထက်မနည်းက ဒေသခံတွေ
မြန်မာသတင်း

ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကို အထူးတိုင်းစစ်ဌာနက လက်နက်တပ်ဆင်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 31 Views
နိုဝင်ဘာလ (၁၁)ရက်။ မနေ့က ပဲခူးတိုင်းရှေ့တန်းစခန်းတခုမှာ ရန်ကုန်၊ မွန်နဲ့ ပဲခူးခရိုင် ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အထူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကြောင်းတွေဟာ အထူးတိုင်းစစ်ဌာနရဲ့ တိုင်းစစ်ဌာနစစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေအနေနဲ့ ဆောင်ရွက်နေတာလို့ ဆိုပါတယ်။ အဲ့ဒီအခမ်းအနားကို အထူးတိုင်းစစ်ဌာနရဲ့
မြန်မာသတင်း

KNU ရဲ့ ဒူးသထူခရိုင်ဥက္ကဋ္ဌအပါအဝင် (၂၂)ဦးကို ‌ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ စစ်တပ် အမှုဖွင့်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 26 Views
နိုဝင်ဘာလ (၁၁)ရက်။ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ဒူးသထူခရိုင်ဥက္ကဋ္ဌ ပဒိုစောမြင့်အပါအဝင် (၂၂)ဦးကို ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုဝင်ဘာလ (၅)ရက်နေ့က KNU ရဲ့ ဒူးသထူခရိုင်ကနေ အခုနှစ်ကုန်မှာ စစ်တပ်က ကျင်းပဖို့ရှိနေတဲ့
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူတွေကို အရေးယူမယ်လို့ MSFC သတိပေး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 23 Views
နိုဝင်ဘာလ (၁၁)ရက်။ စစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ “ ဖက်ဆစ်လူရွေးပွဲ” ဖြစ်ပြီး အတုအယောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)က မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအတုအယောင်ရွေးကောက်ပွဲဟာ နောက်ထပ်နှစ်ပေါင်းများစွာ နိုင်ငံကို စစ်ကျွန်ပြုဖို့၊ လက်နက်ကိုင် လူသတ်လိုင်စင်ရယူဖို့နဲ့ စစ်အာဏာရှင်စနစ်
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ တရားမျှတမှုမရှိတာကို ပြည်သူ (၉၈)ရာခိုင်နှုန်း ယုံကြည်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 67 Views
နိုဝင်ဘာလ (၁၀)ရက်။ အခုနှစ်ကုန် စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပြည်သူ့သဘောထားစစ်တမ်းတရပ်ကို ကောက်ယူခဲ့တယ်လို့ GSCB ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီပြည်သူ့သဘောထားစစ်တမ်းကို ‌ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း(Platform for People Movement)က အောက်တိုဘာလ (၂၇)ရက်နေ့ကစပြီး နိုဝင်ဘာလ
မြန်မာသတင်း

မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းတို့မှာ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူတွေ ကြိုတင်ပြင်ဆင်ကြဖို့ MDY-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 37 Views
နိုဝင်ဘာလ (၁၀)ရက်။ အကြမ်းဖက်စစ်အုပ်စုဟာ ရွေးကောက်ပွဲမတိုင်ခင် သာလွန်အင်အားများစွာ အသုံးပြုပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေကို အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲပြုလုပ်ဖို့ လျာထာတဲ့ မြို့နယ်တွေစာရင်းထဲ MDY-PDF
မြန်မာသတင်း

တော်လှန်ရေး အဆုံးသတ်ပန်းတိုင် သိပ်မလိုတော့ဘူးလို့ NUG ဝန်ကြီးချုပ်‌ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 33 Views
နိုဝင်ဘာလ (၁၀)ရက်။ တော်လှန်ရေး အဆုံးသတ်ပန်းတိုင် သိပ်မလိုတော့ဘူးလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ ရန်ကုန်လွှတ်တော်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နွေဦးတော်လှန်ရေးခရီးဟာ အခုဆိုရင် ၅နှစ်ထဲကို ရောက်လာပြီဖြစ်သလို တော်လှန်ရေး အဆုံးသတ်