တရားမဝင်လက်နက်ခဲယမ်းကိုင်ဆောင်မှုတွေ လျော့နည်းပပျောက်စေရေးနဲ့ လက်နက်ခဲယမ်းတွေကို တလွဲသုံးမှု မဖြစ်ပေါ်စေရေးအတွက် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနဲ့အညီ စနစ်တကျလိုင်စင်ထုတ်ပေးရေးကို ဆောင်ရွက်ပေးသွားမယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက တရားမဝင် ကိုင်ဆောင်ထားတဲ့ လက်နက်ခဲယမ်းတွေ ရှိနေရင် စနစ်တကျ လိုင်စင်ထုတ်ပေးသွားမယ်လို့ မေ(၉) ရက် ညပိုင်းမှာ စစ်ကောင်စီ က သတင်းထုတ်ပြန်လိုက်ပါတယ်။
တရားမဝင်လက်နက်ခဲယမ်းကိုင်ဆောင်မှုတွေ လျော့နည်းပပျောက်စေရေးနဲ့ လက်နက်ခဲယမ်းတွေကို တလွဲသုံးမှု မဖြစ်ပေါ်စေရေးအတွက် အခုလိုလုပ်ဆောင်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်နက်ကိုင်ဆောင်ခွင့်လိုင်စင် လျှောက်ထားတဲ့အခါမှာအဲဒီ လက်နက် (သေနတ်) ကို ဘယ်ကဘယ်လို ရရှိခဲ့တယ်ဆိုတာကို စစ်ဆေးမေးမြန်းသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
မိမိလျှောက်ထားလိုတဲ့ လက်နက်ခဲယမ်းနဲ့တကွ အပ်နှံလျှောက်ထားရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတ်မှတ်ချက်နဲ့ ကိုက်ညီ တဲ့သူတွေကို လိုင်စင် ထုတ်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လျှောက်ထားရမယ့် သတ်မှတ်ကာလကို သီးခြားထုတ်ပြန်ပေးသွားမှာဖြစ်ပြီး အဲ့ဒီကာလအတွင်း လက်နက်ခဲယမ်းအပ်နှံပြီး လိုင်စင်လျှောက်ထားတာမရှိဘူးဆိုရင် ဖော်ထုတ်ဖမ်းဆီးပြီး ထိရောက်စွာအရေးယူသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
Era’sEyes | Photo – CRD – စစ်ကောင်စီ