နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း သဘာ၀ပတ်ဝန်းကျင်

မုန်တိုင်းရှောင်ဖို့အတွက် ဧရာဝတီမြစ်ဝကျွန်းပေါ် အစွန်ဘက်က ကျေးရွာတွေက ဒေသခံတွေ လပွတ္တာမြို့ပေါ် ‌ထောင်နဲ့ချီ ရောက်ရှိလာကြ

ဘင်္ဂလားပင်လယ်အော်အတွင်းမှာဖြစ်ပွားနေတဲ့ လေဖိအားနည်းရပ်ဝန်းကနေ ဆိုင်ကလုန်းမုန်တိုင်းအသွင်ပြောင်းလာနိုင်တယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပေါ်နေချိန်မှာပဲ ဧရာဝတီမြစ်ဝကျွန်းပေါ် အစွန်ဆုံး က ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ လပွတ္တာမြို့ပေါ်ကို မုန်တိုင်း ရှောင်ဖို့အတွက် မေ (၉)ရက်မှာ ရောက်ရှိလာကြတယ်လို့သိရပါတယ်။

ဒေသခံတွေဟာ နာဂစ် မုန်တိုင်း အတွေ့အကြုံတွေလည်း ရှိထားကြတာကြောင့် အခုလို ကြိုတင်ပြင်ဆင်ရှောင်ရှားကြတာ ဖြစ်တယ်လို့ ဒေသခံ တဦးက မှတ်ချက်ပေးပါတယ်။

လပွတ္တာအောက်ပိုင်း ပင်လယ်ပြင်နဲ့နီးရာကျေးရွာတွေဖြစ်တဲ့ ပြင်စလူ၊ ကိုင်းတောင်၊ အိုင်မစတဲ့ကျေးရွာတွေက ဒေသခံ ၅ ထောင်နီးပါးဟာ မြို့ပေါ်က ဘုန်းကြီးကျောင်းတွေ၊ စာသင်တိုက်တွေမှာ လာရောက်ခိုလှုံနေကြတယ်လို့ သိရပါတယ်။

မုန်တိုင်းရှောင်သူတွေဟာ မြောင်းမြမြို့ ဘက်အထိလည်း ကြိုတင်ရှောင်ရှားတာတွေလည်း ရှိနေပါတယ်။

ဘင်္ဂလားပင်လယ်အော်ထဲက လေဖိအားနည်းရပ်ဝန်းဟာ မြန်မာ့ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသကို အင်အားကောင်းကောင်းနဲ့ ဖြတ်သန်းမယ်ဆိုတဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ခန့်မှန်းပြောဆိုချက်တွေကြောင့် ရန်ကုန်မြို့အပါအဝင် ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းတို့မှာလည်း မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင် တာတွေပြုလုပ်နေကြပါတယ်။

မိုးလေဝသဌာနနဲ့ မိုးလေဝသပညာရှင်တွေကတော့ ဘင်္ဂလားပင်လယ်အော်ထဲက လက်ရှိလေဖိအားနည်း ရပ်ဝန်းဟာ လာမယ့် ၃ ရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲကာ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသကြားကို ဝင်ရောက်နိုင်တယ်ဆိုပြီး မေ(၉) ရက် မနက်ပိုင်းမှာပဲ ထုတ်ပြန်ပြောဆိုထားပါတယ်။

Era’sEyes | Photo – LAPUTTA HEART | REF: BBC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကန့်ဘလူခရိုင်ထဲ စစ်ကော်မရှင်စခန်း (၄)ခုကို သိမ်းပိုက်ခဲ့တယ်လို အမှတ်(၁)စစ်ဒေသ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး အခုနှစ် ဖေဖော်ဝါရီလအစမှာ ကန့်ဘလူခရိုင်ထဲ PDF၊ ပကဖနဲ့ AA ပူးပေါင်းတပ်ဖွဲတွေ စုပေါင်းကာ
မြန်မာသတင်း

ကော်သူးလေကို အကောင်အထည်ဖော်နိုင်မယ့်အခြေအနေ ရောက်ရှိလာပြီလို NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ ဖက်ဒရယ်ယူနစ်တခုအနေနဲ့ ကော်သူးလေကို အကောင်အထည်ဖော်နိုင်မယ့်အခြေအနေ ရောက်ရှိလာပြီဖြစ်တယ်လို NUG က ဒီကနေ့ (၇၈)နှစ်မြောက် ကရင်အမျိုးသားနေ့ သဝဏ်လွှာမှာ
မြန်မာသတင်း

ကစယ်ဒိုမြိုမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုင်ခံရပြီး (၉)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၁၁)ရက်။ မနေ့က ကစယ်ဒိုမြိုနယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်ပူးပေါင်းစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သရက်ချောင်းမြိုကနေ ကစယ်ဒိုမြိုနယ်ထဲရှိ ဝင်းဝတပ်စခန်းကို တပ်အင်အားဖြည့်ဖို စစ်ကော်မရှင်ရဲ့ တပ်ရင်း(၄၀၃)၊ (၄၀၄)နဲ့ (၄၀၅)တို ပူးပေါင်းစစ်ကြောင်းထိုးလာခဲ့တာလို
မြန်မာသတင်း

မဲပေးခွင့်မဆုံးရှုံးစေဖို့ ကုလသမဂ္ဂမှာ NUG ငွေပေးသွင်းနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ စစ်တပ်အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့အချိန်ကစပြီး ၂၀၂၅ခုနှစ်အထိ မဲပေးခွင့်မဆုံးရှုံးစေဖို့ ကုလသမဂ္ဂကို NUG က ငွေပေးသွင်းထားတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ၂၀၂၁ကစပြီးတော့ ၂၀၂၅ကုန်အထိ ကျနော်တို့ တတ်နိုင်သမျှ မဲပေးခွင့်မဆုံးရှုံးဖို့အတွက်
မြန်မာသတင်း

ပေါက်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ပြည်သူ (၁၀)ဦးကျော်သေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 41 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်က ပေါက်မြို့နယ်တောင်ပိုင်းရှိ ချက်ကန်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ချက်ကန်ရွာကို ဂျက်ဖိုက်တာ (၄)စီးနဲ့ လာကြဲသွားတာ။ ပေါင် (၅၀၀)ဗုံးတွေလဲပါတယ်၊ စုစုပေါင်းအကြိမ်ရေ
မြန်မာသတင်း

ဂိတ်ဖွင့်အခွန်ကောက်တာကစပြီး အကျင့်ပျက်ချစားမှုကြီးအဆင့်အထိ ရှိနေသေးတယ်လို့ NUG ဒုစစ်ဦးစီးအရာရှိချုပ်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 34 Views
တပ်မှူး‌ကြီးတွေအစည်းအဝေးမှာ ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ပြီး ထိန်းကျောင်းဖို့ ဆန္ဒရှိကြတယ်လို့ဆို ဖေဖော်ဝါရီလ (၁၀)ရက်။ ဂိတ်ဖွင့် အခွန်ကောက်တာကစပြီး အကျင့်ပျက်ချူညးမှုကြီးအဆင့်အထိ ရှိနေဆဲလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုစစ်ဦးစီးအရာရှိချုက် ဒေါက်တာ စိုးသူရဇော်က တပ်မှူးကြီးများအစည်းအဝေးနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်မှုခိုင်မာဖို့ NUCC နဲ့ NUG ဒုတိယအကြိမ် ဆွေးနွေးအဖြေရှာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 43 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ ဖေဖော်ဝါရီလ (၈)ရက်နေ့ ည (၇)နာရီအချိန်ကစပြီး NUCC နဲ့ NUG တို့ (၄)နာရီကျော်ကြာ ဒုတိယအကြိမ်မြောက် ဆွေးနွေးအဖြေရှာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးဦးဆောင်မှုခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီး
မြန်မာသတင်း

မုံရွာရှိ နမခအနီး ကာကင်းစခန်း တိုက်ခိုက်ခံရပြီး (၂)ပွင့်ဗိုလ်တဦးအပါအဝင် (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 35 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ ဖေဖော်ဝါရီလ (၅)ရက်နေ့ နံနက်ပိုင်းက မုံရွာရှိ နမခဌာနချုပ်အနီး ကာကင်းစခန်းကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ခဲ့တယ်လို့ PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နမခနားမှာ အထိုင်ချတပ်စွဲထားတဲ့ ကာကင်းခန်းကနေ