(၄၂ )ကြိမ်မြောက်ထိပ်သီးနွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ မှာ ကျင်းပနေပြီဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းက ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲမှာ အာဆီယံသံတမန်ယာဥ်တန်း ပစ်ခတ်ခံရမှု အပါအဝင် မြန်မာ့အရေးကိုလည်း အာဆီယံ ခေါင်းဆောင်တွေ ဆွေးနွေးဖို့ရှိတယ်လို့ အင်ဒိုနီးရှား သတင်းတွေမှာ ဖော်ပြနေကြပါတယ်။
၄၂ ကြိမ်မြောက်၊ အာဆီယံထိပ်သီးအစည်း အဝေး နဲ့ ဆက်စပ်အစည်းအဝေးပွဲတွေကို အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း၊ လာဘွမ်ဘဂျိုပင်လယ်မြို့မှာ မေလ ၉ ရက် မှာ စတင်ကျင်းပနေတာဖြစ်ပါတယ်။
လက်ရှိနိုင်ငံ့ခေါင်းဆောင်တွေရဲ့အစည်းအဝေးပွဲကိုတော့ မေ (၁၀,၁၁) ရက်တို့မှာ ၂ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။
ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုထိုင်ခုံနေရာမှာတော့ လစ်လပ်နေဆဲဖြစ်ပါတယ်။
Era’sEyes /Photo -CRD