နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီက လက်နက်ဥပဒေ ထုတ်ပြန် ၊ လက်နက်ကို ဥပဒေနှင့်အညီ ကိုင်ဆောင်ရမည် ၊ဥပဒေမဲ့ လက်နက်ကိုင်ဆောင်ပါက ဖမ်းဆီးခံရမည်

စစ်ကောင်စီ က မေ (၁၁) ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ လက်နက်ဥပဒေထဲမှာ အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ ဥပဒေနဲ့ဆန့်ကျင်ပြီး လက်နက်ကိုင်ဆောင်တာခြင်း ၊ လက်ဝယ်ထားရှိ ခြင်း ။ သယ်ယူခြင်း အစရှိတာတွေ တွေ့ရှိရင် မည်သူကို မဆို ဖမ်းဆီး သိမ်းဆည်းတာတွေ ဆောင်ရွက်နိုင်တယ်လို့ ထုတ်ပြန်ထားတာပါ၊

အဲဒီလို ဥပဒေမဲ့ လက်နက်ကိုင်ဆောင်လို့ ဖမ်းဆီးရမိခဲ့ရင် ဖမ်းဆီးရမိသူရဲ့ လက်နက်၊ လက်နက် နဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကို ရဲတပ်ဖွဲ့ဝင် တစ်ဦးဦးထံ ဖြစ်စေ၊ အနီးဆုံး ရဲစခန်း ဒါမှမဟုတ် တပ်စခန်းကို ဖြစ်စေ အမြန်ဆုံး အပ်နှံရမယ်လို့လည်း ဥပဒေမှာ ဖော်ပြထားပါတယ်။

အဲဒီအပြင် အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှ အပ အခြား ဘယ်နေရာတွေမှာဆို လက်နက်ကို လိုင်စင် ဒါမှမဟုတ် ခွင့်ပြုမိန့် မရှိဘဲ သယ်ယူခြင်း လက်ဝယ်ထားရှိ ကိုင်ဆောင်ခြင်း အစရှိတဲ့ သတင်း ရရှိရင်လည်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒါမှမဟုတ် ရဲစခန်းမှူးက အဲဒီနေရာကို ဝရမ်းမပါဘဲ ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာ သက်သေခံ ပစ္စည်း သိမ်းဆည်းတာတွေကို ဆောင်ရွက်နိုင်တယ်လို့ လည်း ဥပဒေမှာ ထည့်သွင်းဖော်ပြထားတာပါ။

မြို့နယ်ရဲတပ်ဖွဲ့မှူး သို့မဟုတ် တိုက်ရိုက်ကြီးကြပ် ကွပ်ကဲတဲ့ ရဲအရာရှိတစ်ဦးဦးဟာ ဒုရဲအုပ် အဆင့်အောက်မနိမ့်တဲ့ ရဲအရာရှိ တစ်ဦးဦးကို ရှာဖွေဖမ်းဆီးခွင့် အမိန့်ထုတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီလို ရှာဖွေဖမ်းဆီးခွင့် အမိန့်နဲ့ ဆောင်ရွက်တဲ့ ရဲအရာရှိဟာ ပြစ်မှုကျူးလွန်သူကို ရှာဖွေတာ ဖမ်းဆီးတာ သက်သေခံ ပစ္စည်း သိမ်းဆည်းတာတွေကိုလည်း တစ်ပါတည်း ဆောင်ရွက်နိုင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်တဲ့ လက်နက် ဥပဒေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လိုင်စင်ဖြစ်စေ ခွင့်ပြုမိန့်ဖြစ်စေ သတ်မှတ်သက်တမ်းကုန်ဆုံးပြီးနောက် သေနတ် နဲ့ ခဲယမ်းတာတွေကို ကိုင်ဆောင်လက်ဝယ် ထားရှိရင်လည်း ‌သုံးလထက် မပိုတဲ့ ထောင်ဒဏ်၊ ကျပ်တစ်သိန်းကနေ သုံးသိန်းထိ ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံး ကို ပူးတွဲ ချမှတ်နိုင်တယ်လို့လည်း အသစ်ထုတ်ပြန်လာတဲ့ လက်နက် ဥပဒေမှာ ပြဋ္ဌာန်းထားတယ်လို့ သိရပါတယ်။
Era’sEyes | #GunLaw

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 22 Views
ဧပြီလ (၂၀)ရက်။ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 26 Views
ဧပြီလ (၂၀)ရက်။ မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီတွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 21 Views
ဧပြီလ (၂၀)ရက်။ ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပူးပေါင်းသူတွေဟာ မင်းကွန်းတိုက်နယ်ပလဖက စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ အမျိုးသား (၁၃)ဦးနဲ့
မြန်မာသတင်း

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 24 Views
ဧပြီလ (၂၀)ရက်။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထားကြတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ကော်မရှင် လှည့်ပတ်ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 29 Views
ဧပြီလ (၂၀)ရက်။ တရက်ထဲ AA ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က နံနက် (၁၀)နာရီအချိန်ကစပြီး နေ့လယ် (၁၂)နာရီအချိန်အထိ ပုဏ္ဏားကျွန်းမြို့နဲ့ မြောက်ဦးမြို့တို့ကို စစ်ကော်မရှင်က
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်နှင့် LPDF ၂၁ ဖွဲ့ ပူးပေါင်းဟုဆို

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 33 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၉ရက် မကွေးတိုင်းအခြေစိုက် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) ၂၁ ဖွဲ့ သည် မကွေးဖက်ဒရယ်ယူနစ်အစိုးရ ၏ ကွပ်ကဲမှုအောက်တွင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဧပြီ ၁၉ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။ အဓိကအချက်များမှာ – တပ်ဖွဲ့များ၏
မြန်မာသတင်း

ပြည်သူရွေးတဲ့သမ္မတ- အာဏာသိမ်းတဲ့သမ္မတ ဘယ်သူဂုဏ်ရှိသလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 32 Views
ဒီအပတ်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၃) မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမတအဖြစ်ကိုယ့်ဖဲကိုယ်ချိုးတက်လာပြီး ပြည်သူတင်မြှောက်လိုက်တဲ့ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်တဲ့ အမြင်နဲ့ ပတ်သက်တာတွေ ဒီလိုလွတ်မြောက်လာမှုနဲ့ပတ်သက်ပြီး NUCC ကစာထုတ်ကြိုဆို သလို နောက် TNLA က
မြန်မာသတင်း

မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 29 Views
မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း ခေတ်မျက်လုံးအယ်ဒီတာဦးထွန်းအောင်ကျော်က မြန်မာနဲ့ဟန်ဂေရီနိုင်ငံတို့အကြားဆင်တူတဲ့ နိုင်ငံရေးအခြေခံတွေ နဲ့ မတူကွဲပြားတဲ့ အခြေအနေတို့ကိုစိတ်ဝင်စားဘွယ်တင်ပြရင်း ဒီနိုင်ငံ၂ခုရဲ့ အနာဂါတ်အလားအလာများကို ဗဟုသုရစေနိုင်တဲ့သုံးသပ်ချက်များကို တမူထူးခြားစွာတင်ပြထားပါတယ်၊ ပရိဿတ်များအနေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အတူတဲ့ရှုဒေါင့်များကိုခံစားသိရှိနိုင်ကြလိမ့်မယ်လို့ယူဆပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့