နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီက လက်နက်ဥပဒေ ထုတ်ပြန် ၊ လက်နက်ကို ဥပဒေနှင့်အညီ ကိုင်ဆောင်ရမည် ၊ဥပဒေမဲ့ လက်နက်ကိုင်ဆောင်ပါက ဖမ်းဆီးခံရမည်

စစ်ကောင်စီ က မေ (၁၁) ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ လက်နက်ဥပဒေထဲမှာ အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ ဥပဒေနဲ့ဆန့်ကျင်ပြီး လက်နက်ကိုင်ဆောင်တာခြင်း ၊ လက်ဝယ်ထားရှိ ခြင်း ။ သယ်ယူခြင်း အစရှိတာတွေ တွေ့ရှိရင် မည်သူကို မဆို ဖမ်းဆီး သိမ်းဆည်းတာတွေ ဆောင်ရွက်နိုင်တယ်လို့ ထုတ်ပြန်ထားတာပါ၊

အဲဒီလို ဥပဒေမဲ့ လက်နက်ကိုင်ဆောင်လို့ ဖမ်းဆီးရမိခဲ့ရင် ဖမ်းဆီးရမိသူရဲ့ လက်နက်၊ လက်နက် နဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကို ရဲတပ်ဖွဲ့ဝင် တစ်ဦးဦးထံ ဖြစ်စေ၊ အနီးဆုံး ရဲစခန်း ဒါမှမဟုတ် တပ်စခန်းကို ဖြစ်စေ အမြန်ဆုံး အပ်နှံရမယ်လို့လည်း ဥပဒေမှာ ဖော်ပြထားပါတယ်။

အဲဒီအပြင် အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှ အပ အခြား ဘယ်နေရာတွေမှာဆို လက်နက်ကို လိုင်စင် ဒါမှမဟုတ် ခွင့်ပြုမိန့် မရှိဘဲ သယ်ယူခြင်း လက်ဝယ်ထားရှိ ကိုင်ဆောင်ခြင်း အစရှိတဲ့ သတင်း ရရှိရင်လည်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒါမှမဟုတ် ရဲစခန်းမှူးက အဲဒီနေရာကို ဝရမ်းမပါဘဲ ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာ သက်သေခံ ပစ္စည်း သိမ်းဆည်းတာတွေကို ဆောင်ရွက်နိုင်တယ်လို့ လည်း ဥပဒေမှာ ထည့်သွင်းဖော်ပြထားတာပါ။

မြို့နယ်ရဲတပ်ဖွဲ့မှူး သို့မဟုတ် တိုက်ရိုက်ကြီးကြပ် ကွပ်ကဲတဲ့ ရဲအရာရှိတစ်ဦးဦးဟာ ဒုရဲအုပ် အဆင့်အောက်မနိမ့်တဲ့ ရဲအရာရှိ တစ်ဦးဦးကို ရှာဖွေဖမ်းဆီးခွင့် အမိန့်ထုတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီလို ရှာဖွေဖမ်းဆီးခွင့် အမိန့်နဲ့ ဆောင်ရွက်တဲ့ ရဲအရာရှိဟာ ပြစ်မှုကျူးလွန်သူကို ရှာဖွေတာ ဖမ်းဆီးတာ သက်သေခံ ပစ္စည်း သိမ်းဆည်းတာတွေကိုလည်း တစ်ပါတည်း ဆောင်ရွက်နိုင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်တဲ့ လက်နက် ဥပဒေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လိုင်စင်ဖြစ်စေ ခွင့်ပြုမိန့်ဖြစ်စေ သတ်မှတ်သက်တမ်းကုန်ဆုံးပြီးနောက် သေနတ် နဲ့ ခဲယမ်းတာတွေကို ကိုင်ဆောင်လက်ဝယ် ထားရှိရင်လည်း ‌သုံးလထက် မပိုတဲ့ ထောင်ဒဏ်၊ ကျပ်တစ်သိန်းကနေ သုံးသိန်းထိ ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံး ကို ပူးတွဲ ချမှတ်နိုင်တယ်လို့လည်း အသစ်ထုတ်ပြန်လာတဲ့ လက်နက် ဥပဒေမှာ ပြဋ္ဌာန်းထားတယ်လို့ သိရပါတယ်။
Era’sEyes | #GunLaw

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပလက်ဝကို AA က အုပ်ချုပ်ရေးဖော်ဆောင်တာဟာ ချင်းပြည်သူတွေအပေါ် ကိုလိုနီပြုတဲ့လုပ်ရပ်လို့ဆို

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 28 Views
ဩဂုတ်လ (၁၃)ရက်။ ချင်းပြည်နယ် ပလက်ဝမြို့ကို AA က ခရိုင်တခုအနေနဲ့ ထည့်သွင်းပြီး အုပ်ချုပ်ရေးဖော်ဆောင်နေတာဟာ ချင်းပြည်သူတွေအပေါ် ကိုလိုနီပြုတဲ့လုပ်ရပ်လို့ Chin
မြန်မာသတင်း

ဇူလိုင်လထဲ လူသားစာနာမှုအကူအညီအနေနဲ့ ကျပ်သန်း(၅၀၀)ကျော် ပံ့ပိုးခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 18 Views
ဩဂုတ်လ (၁၃)ရက်။ ဇူလိုင်လထဲ လူသားစာနာမှုအကူအညီအနေနဲ့ ငွေကျပ် (၅၆၇.၆၄)သန်းကို အမှန်တကယ် လိုအပ်နေသူတွေဆီ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ NUG ရဲ့ မနေ့က
မြန်မာသတင်း

တရုတ်ရဲ့ဩဇာလွှမ်းမိုးချုပ်ကိုင်တာက တော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအခက်အခဲလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 21 Views
ဩဂုတ်လ (၁၃)ရက်။ ကိုယ်ကျိုးစီးပွားတခုထဲကြည့်တဲ့ တရုတ်ရဲ့ ဩဇာလွှမ်းမိုးချုပ်ကိုင်တာက တော်လှန်ရေးမှာ အကြီးမားဆုံး အခက်အခဲလို့ TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိူလ်ချုပ် တားဘုန်းကျော်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လက်ရှိတော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမား‌ဆုံး အခက်အခဲ” ဆိုတဲ့ခေါင်းစဉ်နဲ့
မြန်မာသတင်း

မဲပေးသူ ဘယ်လောက်ရာခိုင်နှုန်းရှိမှ ‌ရွေးကောက်ပွဲ အောင်မြင်မယ်ဆိုပြီး ပြဋ္ဌာန်းထားတာမရှိဘူးလို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 16 Views
ဩဂုတ်လ (၁၃)ရက်။ ရွေးကောက်ပွဲဥပဒေမှာ မဲပေးသူ ဘယ်လောက်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲ အောင်မြင်မယ်ဆိုပြီး ပြဋ္ဌာန်းထားတာ မရှိဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကော်မရှင်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ကာ/လုံက စစ်ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးတာက ရွေးကောက်ပွဲ အောင်မြင်စွာ
မြန်မာသတင်း

မြင်းခြံမြို့အနီး အင်အား(၁၀၀၀)ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းနဲ့ (၁၁)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MBT ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 40 Views
ဩဂုတ်လ (၁၂)ရက်။ ဇူလိုင်လ (၃၁)ရက်နေ့ကစပြီး ဩဂုတ်လ (၁၀)ရက်နေ့အထိ မြင်းခြံမြို့အနီး ထိုးစစ်ဆင်လာတဲ့ အင်အား(၁၀၀၀)ခန့်ရှိ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲမှာ စစ်တပ်ဘက်ကို စုဖွဲ့မှုပြိုကွဲကာ
မြန်မာသတင်း

ဇာတ်သိမ်းတော့မယ့်အခြေအနေကို မြင်နေရပေမယ့် စစ်အုပ်စုက မာန်မလျှော့သေးဘူးလို့ KNU ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 32 Views
ဩဂုတ်လ (၁၂)ရက်။ စစ်အာဏာရှင်တွေ ဇာတ်သိမ်းတော့မယ့်အခြေအနေကို မြင်နေရပြီဖြစ်ပေမယ့် စစ်အုပ်စုက မာန်မလျှော့သေးဘူးလို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက (၇၅)နှစ်ပြည့် ကရင့်အမျိုးသားအာဇာနည်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအခါ စစ်တပ်က နိုင်ငံ့အာဏာကို အဓမ္မလုယူခဲ့တဲ့နောက်ပြီး တနိုင်ငံလုံးမှာရှိတဲ့ လူမျိုးတွေ၊
မြန်မာသတင်း

မိတ္ထီလာသူနာပြုသင်‌တန်းကျောင်းက သင်တန်းသူတဦး ကိုယ့်ကိုယ်ကို ဒီဇယ်လောင်းမီးရှို့မှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 41 Views
ဩဂုတ်လ (၁၂)ရက်။ ဒီကနေ့ နံနက် (၂)နာရီခန့်က မိတ္ထီလာသူနာပြုသင်တန်းကျောင်းက သင်တန်းသူတစ်ဦး ကိုယ့်ကိုယ်ကို ဒီဇယ်လောင်းမီးရှို့သတ်သေမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသလူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။ “ ဘေးပတ်ဝန်းကျင်က မီးခိုးနံ့ထွက်လာမှ သိရတာ။ မနက် (၂)နာရီဝန်းကျင်လောက်ထင်တယ်။ ရေချိုးခန်းကော အိမ်သာကော
မြန်မာသတင်း

တော်လှန်ရေးဘုံရည်မှန်းချက်တွေ အောင်မြင်စေဖို့ လက်တကမ်းအကွာမှာ ရောက်နေပြီလို့ NUG ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 24 Views
ဩဂုတ်လ (၁၂)ရက်။ မဝေးတော့တဲ့ အနာဂတ်မှာ တော်လှန်ရေးဘုံရည်မှန်းချက်တွေ အောင်မြင်စေဖို့ လက်တကမ်းအကွာမှာ ရောက်လာနေပြီလို့ NUG က ဒီကနေ့ (၇၅)နှစ်မြောက် ကရင့်အာဇာနည်နေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ နွေဦးတော်လှန်ရေး လေးနှစ်ကျော်ကာလအချိန်ဟာ စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့၊