ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင် ဘေးချင်းယှဉ် စီထားလိုက်သည်။ သူ၏ မျက်မှောင်များ ကုတ်ထားသည်။ ရိုင်ဖယ်ကို ပြန်တပ်ဆင်ရန် ကြိုးစားနေစဉ် အစိတ်အပိုင်းတစ်ခုကို နေရာတကျ ပြန်တွန်းထည့်၍ မရဖြစ်နေသည်။ သူ၏ ရဲဘော်များ၊ တပ်မှူးများနှင့် CNN သတင်းအဖွဲ့က ကြည့်ရှုနေစဉ်အတွင်း ထို “ ပက်ရှ်မာဂါ” (peshmerga) လူငယ်သည် လူအများ၏ အာရုံစိုက်မှုကို ခံနေရသဖြင့် စိတ်မသက်မသာ ဖြစ်နေသည်။ “ ပက်ရှ်မာဂါ” ဆိုသည်မှာ ကာ့ဒ်ဘာသာစကားဖြင့် “ သေမင်းကို ရင်ဆိုင်သူများ” […]














