ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ် စားချင်တယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ တန်းတူညီမျှခွင့်ရရှိဖို့ ထောင်ကကျွေးတဲ့ ထမင်းကိုမစားဘဲ ဆန္ဒပြခဲ့တာလို့ ဆိုပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်ရတာက စစ်အုပ်စုရဲ့ လွတ်ငြိမ်းသက်သာခွင့် ထုတ်ပြန်တာမှာ အကျဉ်းသားတွေအကြား တရားမျှတမှုနဲ့ တန်းတူညီမျှမှုမရှိတာ၊ နိုင်ငံရေးအကျဉ်းသားတွေကို ချန်လှပ်ပြီး ခွဲခြားဆက်ဆံတာတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ နောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေဟာ တန်းတူညီမျှခွင့်ရရှိဖို့၊ အခွင့်အရေး အပြည့်အဝရရှိဖို့နဲ့ တရားမျှတမှုဆိုတဲ့ အချက် (၃)ချက်ကို အဓိကတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထောင်အာဏာပိုင်တွေရဲ့ အဂတိလိုက်စားတာနဲ့ အမျိုးသမီးဆောင်ထဲ ဥပဒေကို […]














