မြန်မာသင်္ကြန် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ ထည့်သွင်း
ဒီဇင်ဘာလ (၅)ရက်။ (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ ထည့်သွင်းလိုက်ပြီလို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ဒီဇင်ဘာလ (၄)ရက်နေ့ကနေ (၇)ရက်နေ့အထိ ပါရာဂွေးမြို့နယ်၊ အာဆွန်စီယွန်မြို့မှာ ကျင်းပတဲ့ (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ တရားဝင်ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံက...