လေးကေစခန်းက ထွက်ပြေးတဲ့ စစ်ကောင်စီတပ်တွေ လိုက်လံချေမှုန်းခံရပြီး (၇)ဦးသေဆုံးကာ ဒုတပ်ရင်းမှူးအပါ (၁၈)ဦး ဖမ်းမိခဲ့
မေလ (၆)ရက်။ ဘီးလင်းမြို့ရှိ လေးကေစခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံချေမှုန်းခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၇)ဦး သေဆုံးခဲ့ပြီး (၁၈)ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲကနေ ထွက်ပြေးသွားတဲ့...









