ချင်းပြည်နယ်ရှိ ရှေ့တန်းစခန်းက တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကို တွေ့ဆုံပြီး ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ NUG ထုတ်ပြန်
ချင်းပြည်နယ်(တောင်ပိုင်း)ရှိ မြေပြင်ရှေ့တန်းစခန်းတွေက တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေကို NUG ရဲ့ လူသားချင်းစာနာမှုဒုဝန်ကြီး ဦးဆောင်တဲ့အဖွဲ့က သွားရောက်တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ မိုးတွင်းကာလအတွင်း မြေပြိုကျတာတွေကြောင့် ပြည်သူတွေ အသုံးပြုနေတဲ့ လမ်းတွေ ပျက်စီးတဲ့အခြေအနေတွေကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး ပြန်လည်ပြုပြင်ရေးအတွက်...









