ရခိုင်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တွေမှာ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာတွေဖြစ်ပေါ်နိုင်
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်၊ ခေတ်မျတ်လုံး။ ဆိုင်ကလုန်းမုန်တိုင်းဟမွန်း (HAMOON) ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းကို ဒီကနေ့ မနက်ပိုင်းမှာ ဖြတ်ကျော်နေပြီး အရှေ့ မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေတာကြောင့် ကုန်းတွင်းမုန်တိုင်းအဖြစ်ဖြတ်သန်းနေစဉ်အတွင်းမှာ ရခိုင်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့...









