မင်းတပ်မြို့မှာ တိုက်ပွဲဝင်ကာကွယ်နေတဲ့ ရဲဘော်တွေကို ကူညီပံ့ပိုးဖို့ မြို့နယ်ပအဖ မေတ္တာရပ်ခံ
ဇွန်လ (၁၁)ရက်။ အခုအခါ မင်းတပ်မြို့ဟာ အဘက်ဘက်ကနေ ဒဏ်ရာပေါင်းစုံနဲ့ အနာတရဖြစ်နေတယ်လို့ ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုအနာတရဖြစ်နေတဲ့ မြို့နယ်လေးကို သားကောင်းရတနာတွေက အသက်ကို ပဓါနမထားဘဲ ခုခံတိုက်ခိုက်ပြီး တိုက်ပွဲဝင်နေကြတာကို ရပ်နီး/ရပ်ဝေးက...









