ရေဦးမြို့မှာ စစ်မှုထမ်းဖို့ဖမ်းဆီးခံထားရသူတွေထဲက ပြည်သူ(၁၃)ဦး ထပ်မံထွက်ပြေးလွတ်မြောက်ခဲ့
မေလ (၂၉)ရက်။ ဒီကနေ့ နံနက်(၂)နာရီခွဲအချိန်က ရေဦးမြို့မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရတဲ့ ပြည်သူ (၁၃)ဦး ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ရေဦးမြို့နယ်-ပကဖထံက သိရပါတယ်။ ရေဦးမြို့က အထက(၁)စာသင်ကျောင်းမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ဆိုပြီး မတရားဖမ်းဆီးခံထားရတဲ့ ပြည်သူတွေထဲက အချို့ဟာ...









