ကန်ပက်လက်ရှိ မဆာတွီရွာကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်ဖျက်ဆီးကာ ခြိမ်းခြောက်မှုများရှိခဲ့
ကန်ပက်လက်မြို့ရှိ မဆာတွီကျေးရွာကို ရိက္ခာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်စခန်းချနေထိုင်ပြီး ဖျက်ဆီးမှုတွေပြုလုပ်ခဲ့တယ်လို့ ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဇူလိုင်လ ၁၉ရက်နေ့က ကန်ပက်လက်မြို့၊ ကျင်ဒွေးသို့ ရိက္ခာပို့ရန် တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက မဆာတွီကျေးရွာမှာ နှစ်ညတာ စခန်းချနေထိုင်ခဲ့တယ်လို့...








