ဆေးရုံအတွင်း ဝင်ရောက်တိုက်ခိုက်မှုအတွက် စိုးရိမ်မှုများမြင့်တက်
ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းက ဆေးရုံတစ်ခုကို အရပ်သားဟန်ဆောင်ထားတဲ့ အစ္စရေးစစ်သားတွေ ဝင်ရောက်လာပြီး ဆေးကုသနေတဲ့ ပါလက်စတိုင်း ၃ ဦးကို ပစ်သတ်သွားခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ စီစီတီဗီ ရုပ်သံမှတ်တမ်းတွေမှာတော့ အစ္စရေးရဲ့ လျှို့ဝှက်စစ်ဆင်ရေး စစ်သားတွေဟာ အီဘင်ဆီနာဆေးရုံအတွင်းက စင်္ကြန်လမ်းမတွေမှာ ရိုင်ဖယ်သေနတ်တွေကိုင်ဆောင်ပြီး...