နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပြင်သစ်အသင်း ၂ ကြိမ်ဆက်တက်ရောက်

ဒီဇင်ဘာလ ၁၅ ရက်နေ့က ရင်ကစားခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ လက်ရှိချန်ပီယံပြင်သစ်အသင်းက မော်ရိုကိုအသင်းကို ၂ ဂိုး၊ ဂိုးမရှိရလဒ်နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။


ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ၂ ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ဗိုလ်လုပွဲမှာတော့ အာဂျင်တီးနားအသင်း နဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ တိုက်စစ်မှူးဂီရော့ဒ်၊ အမ်ဘာပေ၊ ဒမ်ဘီလီ၊ ဂရစ်ဇ်မန်းစတဲ့ အဓိက ကစားသမားအများစုနဲ့ ပွဲထွက်ရင်ဆိုင်ကစားခဲ့တာ ဖြစ်ပြီး ပွဲချိန် ၅ မိနစ်မှာပဲ ဦးဆောင်ဂိုးရရှိခဲ့တာပါ။ အဲဒီဂိုးကို ပြင်သစ်အသင်းနောက်ခံလူ ဟာနန်ဒက်ဇ်က ပိတ်သွင်းယူခဲ့တာပါ။

ဂိုးပေးလိုက်ရပြီးနောက်မှာ မော်ရိုကိုအသင်းက ဘောလုံးထိန်းချုပ်မှုကို အသာစီးရယူပြီး ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ပြင်သစ်အသင်းခံစစ်တန်းကို မကျော်လွှားနိုင်ခဲ့ပါဘူး။ ပြင်သစ်အသင်းဘက်က နောက်ထပ်ဂိုးရမယ့် အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် တိုက်စစ်မှူး ဂီရော့ဒ်ရဲ့ အမှတ်မထင်ကန်ချက် ဂိုးတိုင်ဘေးထွက်သွားခဲ့လို့ ဒုတိယဂိုးထပ်ရမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။

မော်ရိုကိုအသင်းဟာ ပြင်သစ်အသင်းကို ဘောလုံးအသာစီးရယူကစားနိုင်ခဲ့ပေမယ့် တောင်ပံတိုက်စစ်တွေက ထိရောက်တဲ့ခြိမ်းခြောက်မှုမပြုလုပ်နိုင်ခဲ့သလို တိုက်စစ်မှူးတွေရဲ့ အဆုံးသတ်အားနည်းမှုကြောင့်လည်း ဒုတိယပိုင်းမှာ ချေပဂိုးရဖို့ ခက်ခဲနေခဲ့ပါတယ်။ ပွဲချိန် ၇၉ မိနစ်မှာ အမ်ဘာပေရဲ့ ကန်ချက် မော်ရိုကိုနောက်ခံလူတွေနဲ့ ထိပြီးလည်ထွက်လာတာကို ဒုတိယပိုင်းမှ ဒမ်ဘီလီအစား လူစားဝင်လာတဲ့ ကိုလိုမူအာနီက ပိတ်သွင်းယူခဲ့လို့ ပြင်သစ်အသင်း ၂ ဂိုးပြတ်အနိုင်ရပြီး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။


အဲဒီနိုင်ပွဲကြောင့် ပြင်သစ်အသင်းဟာ ၁၉၉၈ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်တဲ့ ပထမဆုံး လက်ရှိချန်ပီယံအသင်းလည်းဖြစ်လာခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 43 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 41 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 53 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 48 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 45 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ