နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်

အမေရိကန်

အမေရိကန်

ရုရှားက အမေရိကန်ကို ဝေဟင်ပစ်ဒုံးကျည်များ ယူကရိန်းကို ပေးမည့်အပေါ် သတိပေး

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ယူကရိန်းနိုင်ငံသို့ ခေတ်မီဆန်းပြားသော လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်များ ပေးပို့ရန် အမေရိကန်က စီစဉ်နေကြောင်း သတင်းများကို အတည်ပြုပါက ထိုကိစ္စအတွက် မော်စကိုကနေ တုံ့ပြန်မှုတစ်ခု ဖြစ်လာနိုင်တယ်ဟု သတိပေးခဲ့သည်။


ယူကရိန်းသို့ Patriot မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ ထောက်ပံ့ပေးမည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ယူကရိန်းစစ်ပွဲတွင် “ အမေရိကန်သည် ထိထိရောက်ရောက် ပါဝင်လာနေသည့်အဖွဲ့ဝင် ဖြစ်လာပြီ” ဟု အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲတွင် ရုရှားစစ်တပ်ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ယူကရိန်း စစ်တပ်အနေနှင့် ရုရှား၏ လေကြောင်းတိုက်ခိုက်မှုတွေကို တွန်းလှန်ရာမှာ ကူညီရန် ခေတ်အမီဆုံး မြေပြင်မှ ဝေဟင်ပစ် ပက်ထရော့ဒုံးကို ပေးမည်ဟုသတင်းထွက်ပေါ်လာခဲ့သည်။

ယင်းကဲ့သို့ ခေတ်မီဆန်းပြားသော လက်နက်များ လွှဲပြောင်းခြင်း အပါအဝင် အမေရိကန် စစ်ဘက်ဆိုင်ရာ အကူအညီ ပမာဏ တိုးပွားလာခြင်းသည် “ရန်လိုမှုများတွင် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများ၏ ပိုမိုကျယ်ပြန့်စွာ ပါဝင်ပတ်သက်မှုကို ဆိုလိုပြီး ဖြစ်နိုင်သော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်” ဟု Zakharova က ပြောကြားခဲ့သည်။ မည်သည့်အကျိုးဆက်များ ဖြစ်လာနိုင်သည်ဆိုသည်ကိုတော့ သတ်သတ်မှတ်မှတ် ပြောကြားခဲ့ခြင်း မရှိပါ။


ယူကရိန်းနိုင်ငံသို့ ပက်ထရော့ဒုံးကျည် ဘက်ထရီများ ပေးပို့ရန် ဝါရှင်တန်က အတည်ပြုရန် အသင့်ရှိကြောင်း အမေရိကန် တာဝန်ရှိသူများက အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး၊ နောက်ဆုံးတွင် ယူကရိန်းခေါင်းဆောင်များထံမှ အရေးတကြီး တောင်းဆိုမှုတစ်ရပ်ကို သဘောတူညီခဲ့ပြီး နိုင်ငံ၏ အရေးပါသော အခြေခံအဆောက်အအုံ အများအပြားကို ထိခိုက်စေခဲ့သည့် ရုရှားဒုံးကျည်များကို ပစ်ချရန် ပိုမိုအားကောင်းသည့် လက်နက်များရရှိရန် အရေးပေါ်တောင်းဆိုမှုကို ပြုလုပ်ခဲ့သည်။ ထိုပေးအပ်မှုကို အမေရိကန်အစိုးရမှ မကြာခင်မှာ တရားဝင်ကြေညာမည်ဟု မျှော်လင့်နိုင်သည်။


(ဘာသာပြန်သူ မှတ်ချက်။ ။ ပက်ထရော့ဘက်ထရီတွင် ဒုံးကျည်မည်မျှရှိသနည်း။ လောင်ချာရှစ်ခုရှိသည်။ ပက်ထရော့ ဘက်ထရီ တစ်ခုစီတွင် ဒုံးကျည်ကြားဖြတ် ကိရိယာလေးခု၊ မြေပြင်ရေဒါတစ်ခု၊ ထိန်းချုပ်ရေးစခန်းတစ်ခုနှင့် မီးစက်တစ်ခုအထိ တပ်ဆင်နိုင်သည့် လောင်ချာရှစ်ခုပါ ရှိသည်။)


Patriot ဘက်ထရီတစ်လုံးသည် ၎င်းအား လည်ပတ်ထိန်းသိမ်းရန် တပ်ဖွဲ့ဝင် (၉၀) ခန့် လိုအပ်နိုင်ပြီး ၎င်းကိုလည်ပတ်ရန် အတွက် ယူကရိန်းသို့ တပ်ဖွဲ့များစေလွှတ်ခြင်းသည် သမ္မတဂျိုးဘိုင်ဒင်၏ အုပ်ချုပ်ရေးအတွက် ရည်ရွယ်ချက် မဟုတ်သောကြောင့် ရှုပ်ထွေးသောစနစ်အား ပံ့ပိုးပေးရန် အမေရိကန်က လပေါင်းများစွာ ဝန်လေးနေခဲ့သည်။


ယူကရိန်းနိုင်ငံသားများကို လေ့ကျင့်ပေးသည့်စနစ်ကို အသုံးပြုရန် အမေရိကန် စစ်မှုထမ်းများ ရှိမနေခြင်းလျှင်ပင် ဒုံးကျည်များ ဖြန့်ကျက်ခြင်းသည် ရုရှားကို နှောင့်ယှက်ခြင်း သို့မဟုတ် ပစ်ခတ်လိုက်သော ဒုံးကျည်သည် ရုရှားနိုင်ငံတွင်းသို့ ထိမှန်နိုင်ပြီး ပဋိပက္ခ ပိုမို ပြင်းထန်လာမည်ကို စိုးရိမ်မှုများ ရှိနေသေးသည်။


Patriot စနစ်များ ပေးပို့ခြင်းဆိုင်ရာ အစီရင်ခံစာများ မထွက်ပေါ်လာမီကပင် သမ္မတ ဗလာဒီမာပူတင် ဦးဆောင်သည့် ရုရှားလုံခြုံရေးကောင်စီ၏ လက်ထောက်အကြီးအကဲ Dmitry Medvedev က Patriots များ ယူကရိန်းသို့ နေတိုးအဖွဲ့သားများနှင့်အတူ ဝင်ရောက်လာပါက ၎င်းတို့သည် ချက်ချင်းဆိုသလို ကျွန်ုပ်တို့၏ လက်နက်ကိုင် တပ်များအတွက် တရားဝင်ပစ်မှတ်ဖြစ်လာမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။


Kremlin သည် အဆိုပါ ခြိမ်းခြောက်မှုကို သဘောတူလက်ခံခြင်းရှိမရှိ ဗုဒ္ဓဟူးနေ့တွင် မေးမြန်းရာတွင် Kremlin ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဟုတ်ကဲ့ဟု ဖြေကြားခဲ့သော်လည်း ယူကရိန်းနိုင်ငံသို့ Patriot ပို့ဆောင်မှုကို အမေရိကန်မှ တရားဝင်မကြေညာမီအထိ အသေးစိတ် မှတ်ချက်ပေးခြင်းမှ ရှောင်ကြဉ်မည်ဖြစ်ကြောင်း သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့သည်။


အိမ်ဖြူတော်နှင့် ပင်တဂွန်ခေါင်းဆောင်များက ယူကရိန်းအား နောက်ထပ်လေကြောင်းရန်ကာကွယ်ရေးများ ပေးအပ်ခြင်းသည် ဦးစားပေးဖြစ်ကြောင်းနှင့် Patriot ဒုံးကျည်များကို အချိန်အတော်ကြာ ထည့်သွင်းစဉ်းစားထားကြောင်း သိရသည်။ ဆောင်းရာသီဝင်လာပြီးနောက် ယူကရိန်းနိုင်ငံရှိ အရပ်ဘက်အခြေခံအဆောက်အအုံများကို ရုရှား၏ဗုံးကြဲ တိုက်ခိုက်မှုများ အရှိန်မြင့်လာသည်နှင့်အမျှ ယင်းအချက်ကို ထည့်သွင်းစဉ်းစားရန် ဦးစားပေးလုပ်ဆောင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။


ယူကရိန်းနိုင်ငံ၏ စွမ်းအင်စနစ်သည် “လျှပ်စစ်ဓာတ်အား သိသိသာသာ ပြတ်တောက်လာခြင်း”ကို ကြုံတွေ့နေရကြောင်းနှင့် အပူချိန်သည်ရေခဲအမှတ်အောက် သို့မဟုတ် အေးခဲနေသော နိုင်ငံ၏ အချို့နေရာများတွင် အရေးပေါ် လျှပ်စစ်ပေးမှုများကို ရပ်ဆိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။


ရုရှား၏တိုက်ခိုက်မှုကြောင့် လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ပျက်စီးရခြင်းနှင့် နှင်း၊ ရေခဲနှင့် လေပြင်းများ အပါအဝင် ပြင်းထန်သော ရာသီဥတုအခြေအနေများနှင့်တပေါင်းတည်းပြည်သူများခံစားနေရကြောင်း နိုင်ငံပိုင် ဂရစ်အော်ပရေတာ Ukrenergo က Facebook တွင် သတိပေးထားသည်။


မြို့တော် Kyiv တွင် အမြင့်ဆုံးအပူချိန်သည် သီတင်းပတ်ကုန်တွင် အအေးလွန်ကဲသော ရာသီဥတုထက် ကျော်လွန်နိုင်သည်ဟု ခန့်မှန်းရပြီး လာမည့်သီတင်းပတ်အစောပိုင်းတွင် ပိုမိုအေးလာမည်ဟု ခန့်မှန်းထားသည်။


ယူကရိန်းသမ္မတရုံး၏ လက်ထောက်အကြီးအကဲ Kyrylo Tymoshenko က ယူကရိန်းတောင်ပိုင်း Kherson မြို့သည် ကြာသပတေးနေ့တွင် ရုရှ၏ ပစ်ခတ်မှုအပြီးတွင် ပါဝါလုံးဝ မရှိတော့ကြောင်း Telegram တွင် ရေးသားဖော်ပြခဲ့ပြီး တိုက်ခိုက်မှုများတွင် လူနှစ်ဦးသေဆုံးကြောင်း သိရှိရကြောင်း ပြောကြားခဲ့သည်။


မြို့တော် Korabelny ခရိုင်ရှိ အရေးပါသော အခြေခံအဆောက်အဦတစ်ခုအား ပြင်းထန်စွာ ပစ်ခတ်မှုမှာ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။ ဒေသစံတော်ချိန်၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဆောက်အအုံမှ မီတာ (၁၀၀) အကွာတွင် ရုရှားကျည်များ ထိမှန်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။


ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် နိုင်ငံတစ်ဝှမ်းရှိ အရပ်ဘက်အခြေခံ အဆောက်အအုံများအပေါ် ရုရှား၏ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အရပ်သားခုနစ်ဦး သေဆုံးကာ ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း သမ္မတရုံးမှ ကြာသပတေးနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတစ်ရပ်အရ သိရသည်။
Source: AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

AI မှ ဗင်နီဇွဲလားအထိ- ၂၀၂၆ ခုနှစ်သည် ကမ္ဘာ့အာဏာစက်အတွက် အလှည့်အပြောင်းနှစ် ဖြစ်လာရခြင်း အကြောင်းရင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 31 Views
CNN – ၂၀၂၅၊ ဒီဇင်ဘာလ ၂၄ရက် လွန်ခဲ့သော တစ်နှစ်၊ ယခုကဲ့သို့ ရက်သတ္တပတ်တွင် ဂျိုးဘိုင်ဒင်သည် သမ္မတအဖြစ် ရှိနေဆဲ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းနှင့် အမေရိကန် ညှိနှိုင်းရေးမှူးများ ခရစ္စမတ်နေ့တွင် ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ဆွေးနွေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 32 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးသည် ဖြစ်နိုင်ခြေရှိသော ငြိမ်းချမ်းရေး
နိုင်ငံတကာသတင်း အမေရိကန် အာဖရိက

နိုင်ဂျီးရီးယားရှိ ISIS အကြမ်းဖက်သမားများကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့ကြောင်း ထရန့် ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 28 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက် ဖလော်ရီဒါပြည်နယ်၊ West Palm Beach — နိုင်ဂျီးရီးယားနိုင်ငံအတွင်းရှိ ခရစ်ယာန်ဘာသာဝင်များကို ညှဉ်းပန်းနှိပ်စက်နေသည်ဟု ၎င်းက စွပ်စွဲထားသည့် အစ္စလာမ္မစ်နိုင်ငံတော် (IS) အကြမ်းဖက်သမားများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်း၏ နောက်ဆုံးငြိမ်းချမ်းရေးအစီအစဉ်တွင် ဇလန်းစကီးက စစ်မဲ့ဇုန်များဖန်တီးရန် အဆိုပြု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 26 Views
BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးသည် အရှေ့ပိုင်းဒေသများမှ ယူကရိန်းတပ်ဖွဲ့များ ရုပ်သိမ်းပေးနိုင်ခြေနှင့် ထိုနေရာများတွင် စစ်မဲ့ဇုန် (Demilitarised Zone) များ ဖန်တီးရန် ပါဝင်သော
စစ်ရေးသတင်း တောင်ကိုရီးယား နိုင်ငံတကာသတင်း အမေရိကန်

ပစိဖိတ်သမုဒ္ဒရာတွင် အမေရိကန် ရေငုပ်သင်္ဘောများ အရေအတွက် အသာစီးမရတော့ခြင်းကြောင့် တောင်ကိုရီးယားက ကူညီနိုင်မည့် အစီအစဉ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 34 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက် ဆိုးလ်၊ တောင်ကိုရီးယား — တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာ့အဆင့်မြင့် ရေအောက် ရေတပ်အင်အားကြီးနိုင်ငံများစာရင်းတွင် ပါဝင်ရန် ဆန္ဒရှိနေပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ထံမှလည်း ထိုသို့လုပ်ဆောင်ရန် ခွင့်ပြုချက် ရရှိထားပြီဖြစ်သည်။ တောင်ကိုရီးယားသည် အမေရိကန်၊
နိုင်ငံတကာသတင်း အမေရိကန်

ကန်နာဘစ် (ဆေးခြောက်) လုပ်ငန်းရှင်များ၏ တိုက်တွန်းမှုကြောင့် ဆေးခြောက် အမျိုးအစား ပြန်လည်သတ်မှတ်ရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန် ထရန့်က အမိန့်ဒီကရီ ကို လက်မှတ်ရေးထိုး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 53 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဆေးခြောက် (Marijuana) အား အမျိုးအစား ပြန်လည်သတ်မှတ်ခြင်း လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရန် အမှုဆောင်အမိန့်တစ်ရပ်ကို ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 57 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 57 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်