နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်

ဥရောပ

ဥရောပ

ခရိုရေးရှားဘောလုံးအသင်းခေါင်းဆောင်မိုဒရစ် လီယွန်နယ်မက်ဆီကို ရှုံးသွား

James ROBSON၊ အေပီ ရေးသားသည်

လူကာမိုဒရစ်သည် သူ့မျက်နှာပေါ်မှ အင်္ကျီကို ဆွဲတင်ကာ ကွင်းဘေးနားသို့ ပြေးတက်သွားခဲ့သည်။ ခရိုအေးရှား၏ အဖြူအနီဝတ် ပရိသတ်များသည် ထိုအခိုက်အတန့်၏ ဝမ်းနည်းဖွယ်ခံစားမှုကို အသိအမှတ်ပြုခဲ့ကြပြီး မိမိတို့ ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားအား မိမိတို့နိုင်ငံ၏ အကြီးကျယ်ဆုံးကစားသမားဟု ချီးကျူးဂုဏ်ပြုခဲ့ကြသည်။


မိုဒရစ်၏အသင်းသည် နောက်မှ (၃) ဂိုးအရှုံးဖြင့် နောက်မှလိုက်ကာ ကစားနေပြီး မိုဒရစ်ကို ကစားပွဲ၏ (၈၁)မိနစ်အကြာတွင် လူစားလဲခံခဲ့ရပြီး မိုဒရစ်၏ ကမ္ဘာ့ဖလားမျှော်မှန်းချက်ကို အဆုံးသတ်စေခဲ့သည်။ ဆီမီးဖိုင်နယ်မှာ ခရိုအေးရှားအသင်းက အာဂျင်တီးနားကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး လွန်ခဲ့သည့် (၄) နှစ်ကလည်း ကမ္ဘာဖလား ဖိုင်နယ်အဆင့်အထိတက်လာပြီး ခရိုအေးရှားသည် ပြင်သစ်အသင်းကို ရှုံးနိမ့်ခဲ့ရပါသည်။

လူကာမိုဒရစ်။ ခရိုအေးရှား ကွင်းလယ် ကစားသမား။

မိုဒရစ်သည် သူ့နေရာတွင် လိုဗိုမေရာ အစားထိုးခံရပြီးနောက် ငြိမ်သက်စွာ သူထိုင်ခုံတွင် ထိုင်နေခဲ့သည်။ လူစုလူဝေးက သူ့အား ထက်မြက်မှု နည်းပါးသော လူတစ်ယောက်အဖြစ် မမြင်ဘဲ သူအောင်မြင်ပြီးသမျှကို လျစ်လျူရှုမထားဘဲ အားပေးခဲ့ကြပါသည်။

မိုဒရစ်က “ကျွန်တော်တို့ ဖိုင်နယ်ကို ရောက်ချင်ခဲ့ပေမယ့် ကံမကောင်းစွာဘဲ ကျွန်တော်တို့ မရောက်တော့ဘူး” ဟု ပြောလိုက်သည်။ ကမ္ဘာ့ဖလားမှာ ဒုတိယမြောက် အကျော်ကြားဆုံး အသက် ၃၇ နှစ်အရွယ် ကစားသမားဟာ နောက်ရက်အနည်းငယ်အကြာမှာပဲ အိမ်ပြန်ရတော့မှာ ဖြစ်ပါသည်။

မိုဒရစ်သည် ရီးယဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုနှင့် အသက်ရွယ်တူသော်လည်း ၎င်းတို့ နှစ်ဦးစလုံးသည် ၎င်းတို့၏ ဆုဖလားများ ရယူထားသည့် ကစားသမားဘဝ ဆည်းဆာချိန်ကို ချဉ်းကပ်လာသောအခါတွင် ကွာခြားမှုမှာ ပြင်းထန်လှသည်။ အထူးသဖြင့် ကမ္ဘာ့ဖလားကို တက်လာပြီး ကာလအတွင်းမှာ ထိုအချက်သည် ထင်ရှားလာခဲ့သည်။
Piers Morgan နှင့် ပြိုင်ပွဲအကြို အင်တာဗျူးတွင် ရော်နယ်ဒိုက သူ့ကိုယ်သူ ထုတ်ဖော်ပြောဆိုခဲ့ပေမဲ့ မိုဒရစ်က သူ့ကိုယ်သူဘယ်သူဆိုတာကို ကစားကွင်းထဲမှာပဲ ထုတ်ဖော်ပြသခဲ့သည်။

ရုရှား၌ ကျင်းပခဲ့သောကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခရိုရေးရှားကို ဖိုင်နယ်ရောက်အောင် ဦးဆောင်ခဲ့ပြီးနောက် သူသည် လူဦးရေ ၄ သန်းလောက်သာရှိသည့်နိုင်ငံငယ်လေးမှ ဒုတိယနှစ် ဆက်တိုက် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပဲ ရော်နယ်ဒိုသည် မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာပြီး ဆော်ဒီအာရေးဗီးယား ကလပ်အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အနှောင့်အယှက် ဖြစ်နေချိန်မှာ ကွာတားဖိုင်နယ်မှာ ပေါ်တူဂီအသင်းက မော်ရိုကိုအသင်းကို ရှုံးခဲ့ရတာကြောင့် မျှော်လင့်ချက် ကုန်ဆုံးသွားပြီး ရော်နယ်ဒိုသည် ဝမ်းနည်းစွာငိုကြွေးခဲ့သည်။

ခရိုရေးရှား၏ ကွာတားဖိုင်နယ်ပွဲစဉ်တွင် မိုဒရစ်သည် ဘရာဇီးလ်၏နေမာကို ဖယ်ထုတ်ရာတွင် ပါဝင်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးမှာ အကြီးမားဆုံးဆုဖလားကို ဆွတ်ခူးနိုင်ဖို့ သူ့တာဝန်ဖြစ်တဲ့ လီယွန်နယ်မက်ဆီ ရပ်တန့်ရန် သူဘာမှ မတတ်နိုင်ခဲ့ပါ။ အင်္ဂါနေ့ ကွာတားဖိုင်နယ်ပွဲတွင် မက်ဆီသည် ပင်နယ်တီဖြင့် အဖွင့်ဂိုးကို သွင်းယူခဲ့ပြီး ဂျူလီယန် အယ်လ်ဗရက်ဇ်က ဒုတိယမြောက်ဂိုးနှင့်တတိယမြောက်ဂိုးတို့ကို သွင်းယူနိုင်ခဲ့သည်။


ခရိုရေးရှား၏ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရသည့် မိုဒရစ်သည် ကမ္ဘာ့ဖလားပွဲတွင်လည်း အကောင်းဆုံး ကွင်းလယ် ကစားသမားအဖြစ် သတ်မှတ်ခံရပါသည်။ ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ ချန်ပီယံလိဂ် ငါးကြိမ်တိုင်တိုင် အနိုင်ရရှိထားသူဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ဘောလုံး၏ အကောင်းဆုံးတစ်ဦးချင်းဆုဖြစ်သည့် Ballon d’Or ဆုကို ရရှိခဲ့သူဖြစ်သည်။

ကာတာတွင်လည်း သူ့ပိရိဿတ်ကို အကြိုက်တွေ့စေသည့် ကစားကွက်များက သူ့တွင် ပေးစရာ အများကြီး ကျန်နေပါသေးသည် ဆိုခြင်းကို ပြသနိုင်ခဲ့သည်။ ၂၀၂၄ ဥရောပချန်ပီယံရှစ်တွင် သူ့နိုင်ငံအသင်းအတွက် နောက်ဆုံးအနေဖြင့် ပြန်ကစားနိုင်ပါသေးသည်။ ရီးယဲလ်မက်ဒရစ်နှင့် နောက်ထပ်ဆုဖလားများကိုလည်း ရယူနိုင်ပါသေးသည်။

“ဒါက ကမ္ဘာ့ဖလားမှာ ဒီမျိုးဆက်တွေအတွက် အဆုံးသတ် ဖြစ်နိုင်တယ်။ သူတို့ထဲကအချို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ကစားဖို့ ခက်ခဲတဲ့ အသက်အရွယ်မှာ ရှိနေတယ်လေ။ ကျွန်တော်တို့ စောင့်မျှော်ကြည့်ရှုရမယ်” ဟု ခရိုရေးရှားအသင်း နည်းပြ Zlatko Dalić က ပြောကြားခဲ့သည်။ “ ယူရို ၂၀၂၄ မှာ ကစားသမားတွေ အများကြီး ပြီးဆုံးမယ်လို့ ကျွန်တော်ထင်ပါတယ်။” ဟု သူက ဆက်ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 74 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “ အင်အားကြီးနိုင်ငံ” တစ်ခုကဲ့သို့ စတင်ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားကာ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် မိမိကိုယ်ကိုယ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 76 Views
BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato) အဖွဲ့အား “ ပိုမို၍ ဥရောပဆန်လာစေရန်နှင့် အင်အားတောင့်တင်းနေစေရန်” ဥရောပအနေဖြင့် ၎င်း၏ကာကွယ်ရေးကဏ္ဍ မြှင့်တင်ရေးကို
တရုတ် တောင်ကိုရီးယား နိုင်ငံတကာသတင်း ဥရောပ

အမေရိကန်သည်မဟာမိတ်များအပေါ် တင်းမာနေချိန် တရုတ်သမတကကမ္ဘာ့ နိုင်ငံအများအပြားနှင့် သံတမန်ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်‌

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 134 Views
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၂၆ ခုနှစ်၏ အစောပိုင်း သီတင်းပတ်များအတွင်း တရုတ်နိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်သည် ၊ ဥရောပ၊ မြောက်အမေရိက၊ ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် တရုတ်နိုင်ငံ၏ အနီးဝန်းကျင် ဒေသများအထိသံတမန်ဆက်ဆံရေးကို နှစ်နိုင်ငံချင်းဖြစ်စေ၊
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ဥရောပ၏ ‘လက်တွေ့ဘဝသစ်’ – အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးများ ပြိုကွဲသွားခဲ့သည့် သီတင်းပတ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 128 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် ဘရပ်ဆဲလ်မြို့ — ဒေါ်နယ်ထရမ့်အနေဖြင့် ကမ္ဘာသစ်တစ်ခုကို တည်ဆောက်ရန် ခြောက်ရက် သာ အချိန်ယူခဲ့ရသည်။ ခုနစ်ရက်မြောက်နေ့တွင်မူ သူ၏ ဥရောပမဟာမိတ်ဟောင်းများ အနေဖြင့် သူ့ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အတွက် ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးနှင့် အားကစားဆိုင်ရာ ထူးခြားသော သတင်းများကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 144 Views
နိုင်ငံရေးနှင့် စစ်ရေးသတင်းများ (Politics & Wars) ၁။ ဒေါ်နယ်ထရန့်၏ “ ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (Board of Peace) နှင့် ဂါဇာအပစ်ရပ်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်(Davos)မြို့ တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်