နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်

ဥရောပ

ဥရောပ

ပထမပိုင်းသွင်းဂိုးတွေနဲ့ ကမ္ဘာ့ဖလားတတိယနေရာကို ခရိုအေးရှားသိမ်းပိုက်

ယနေ့ညရင်ဆိုင်ကစားသွားခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ တတိယနေရာလုပွဲမှာ ခရိုအေးရှားအသင်းက မော်ရိုကိုအသင်းကို ၂ -၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အုပ်စုပွဲစဉ်မှာ တွေ့ဆုံခဲ့တုန်းက ဂိုးမရှိသရေကျခဲ့ပေမယ့် အခုပွဲမှာတော့ နှစ်သင်းစလုံးတိုက်စစ်ဖွင့် ရင်ဆိုင်ကစားခဲ့ပြီး ပွဲအစ ၁၀ မိနစ်အတွင်းမှာပဲ တစ်ဂိုးစီသရေကျနေခဲ့တာပါ။


ခရိုအေးရှားအသင်းမှာ ပွဲထွက်လူစာရင်းထဲ မပါလာနိုင်ဘူးလို့ သတင်းထွက်ပေါ်ခဲ့တဲ့ အသင်းခေါင်း ဆောင် မိုဒရစ်နဲ့ နောက်ခံလူ ဗာဒီယိုတို့ ပါဝင်လာခဲ့ပြီး တိုက်စစ်မှာ ကရာမာရစ်နဲ့ လီဗာဂျာတို့ ဦးဆောင်ခဲ့ပါတယ်။ မော်ရိုကိုအသင်းကတော့ အခုပွဲမှာ တိုက်စစ်ဖွင့်ကစားဖို့အတွက် ဘူဖယ်၊ အန်နာဆရီ၊ ဇီယက်တို့နဲ့ ၄-၃-၃ ပုံစံ ပွဲထွက်ရင်ဆိုင်ခဲ့တာပါ။


ပွဲအစ ၇ မိနစ်မှာပဲ ခရိုအေးရှားအသင်းရဲ့ ဖရီးကစ်ကနေ ပါရီဆစ် ခေါင်းတိုက်ချပေးတာကို နောက်ခံလူ ဗာဒီယိုက ခေါင်းတိုက်သွင်းယူခဲ့လို့ မော်ရိုကိုအသင်း ဦးဆောင်ဂိုးစပေးခဲ့ရပါတယ်။ ဒါပေမယ့် ၂ မိနစ်အကြာမှာပဲ မော်ရိုကိုခံစစ်မှူး ဒါရီက ဖရီးကစ်ကန်ချက်ကနေတစ်ဆင့် ခေါင်းတိုက်ပြီး ချေပဂိုးပြန်သွင်းယူခဲ့လို့ ပွဲအစ ၁၀ အတွင်းမှာပဲ တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။


အဲဒီနောက်ပိုင်းမှာ ခရိုအေးရှားက တစ်ဖက်သတ်ဖိကစားနိုင်ခဲ့ပြီး မော်ရိုကိုအသင်းကတော့ တန်ပြန်တိုက်စစ်ကနေသာ ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။

ပထမပိုင်း ၄၂ မိနစ်မှာတော့ ခရိုအေးရှားတောင်ပံကစားသမား အော်ဆစ်က လီဗာဂျာရဲ့ ဖန်တီးပေးမှုကနေ မော်ရိုအသင်း ဘယ်ဘက်ဂိုးထောင့်ထဲကို လှလှကန်သွင်းပြီး ဒုတိယဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။


ဒုတိယပိုင်းမှာ ခရိုအေးရှားက ပွဲကို ထိန်းကစားသွားခဲ့လို့ မော်ရိုကိုအသင်းအတွက် ချေပဂိုးထပ်ရဖို့ ခက်ခဲခဲ့သလို ရရှိတဲ့အခွင့်အရေးတချို့ကိုလည်း တိုက်စစ်မှူးတွေ အကောင်းဆုံးအသုံးမချနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ ခရိုအေးရှားအသင်းက ၂-၁ ဂိုးရလဒ်နဲ့ပဲ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။


အဲဒီနိုင်ပွဲကြောင့် ခရိုအေးရှားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ဒုတိယအကြိမ်မြောက်အဖြစ် တတိယနေရာကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

Era’sEye |Sport News | World Cup 2022

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန် ဥရောပ

နို့ဘူးများ၊ ခွေးဆွဲလျှောတိုက်လှည်းများနှင့် အီရန်ကို ဗုံးကြဲမည့်ခြိမ်းခြောက်မှုများကြားမှ ထရမ့်၏ ‘ရူးသွပ်ဖွယ်ကမ္ဘာ’ အကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 34 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ဒေါ်နယ်ထရမ့် ပြောသလိုဆိုလျှင်တော့ ဒါဟာ “ရူးသွပ်နေတဲ့ ကမ္ဘာကြီး” (Crazy world) ပါပဲ။
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 71 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 60 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဇလန်းစကီးနှင့် ထရမ့်တို့ မတွေ့ဆုံမီ ရုရှားက ယူကရိန်းကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 94 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၂၇ရက်  (ရိုက်တာ) — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက လေးနှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်သော စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အရေးပါသော တွေ့ဆုံမှု မပြုလုပ်မီ စနေနေ့တွင် ရုရှားက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 140 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ ယနေ့တိုင် ပြင်းထန်နေဆဲဖြစ်သည်။ ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ရုရှားတပ်ဖွဲ့များသည် ယူကရိန်းအရှေ့ပိုင်းရှိ ၎င်းတို့ ထိန်းချုပ်ထားသော
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 112 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 123 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော