နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

ဥရောပ

ဥရောပ

ပထမပိုင်းသွင်းဂိုးတွေနဲ့ ကမ္ဘာ့ဖလားတတိယနေရာကို ခရိုအေးရှားသိမ်းပိုက်

ယနေ့ညရင်ဆိုင်ကစားသွားခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ တတိယနေရာလုပွဲမှာ ခရိုအေးရှားအသင်းက မော်ရိုကိုအသင်းကို ၂ -၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အုပ်စုပွဲစဉ်မှာ တွေ့ဆုံခဲ့တုန်းက ဂိုးမရှိသရေကျခဲ့ပေမယ့် အခုပွဲမှာတော့ နှစ်သင်းစလုံးတိုက်စစ်ဖွင့် ရင်ဆိုင်ကစားခဲ့ပြီး ပွဲအစ ၁၀ မိနစ်အတွင်းမှာပဲ တစ်ဂိုးစီသရေကျနေခဲ့တာပါ။


ခရိုအေးရှားအသင်းမှာ ပွဲထွက်လူစာရင်းထဲ မပါလာနိုင်ဘူးလို့ သတင်းထွက်ပေါ်ခဲ့တဲ့ အသင်းခေါင်း ဆောင် မိုဒရစ်နဲ့ နောက်ခံလူ ဗာဒီယိုတို့ ပါဝင်လာခဲ့ပြီး တိုက်စစ်မှာ ကရာမာရစ်နဲ့ လီဗာဂျာတို့ ဦးဆောင်ခဲ့ပါတယ်။ မော်ရိုကိုအသင်းကတော့ အခုပွဲမှာ တိုက်စစ်ဖွင့်ကစားဖို့အတွက် ဘူဖယ်၊ အန်နာဆရီ၊ ဇီယက်တို့နဲ့ ၄-၃-၃ ပုံစံ ပွဲထွက်ရင်ဆိုင်ခဲ့တာပါ။


ပွဲအစ ၇ မိနစ်မှာပဲ ခရိုအေးရှားအသင်းရဲ့ ဖရီးကစ်ကနေ ပါရီဆစ် ခေါင်းတိုက်ချပေးတာကို နောက်ခံလူ ဗာဒီယိုက ခေါင်းတိုက်သွင်းယူခဲ့လို့ မော်ရိုကိုအသင်း ဦးဆောင်ဂိုးစပေးခဲ့ရပါတယ်။ ဒါပေမယ့် ၂ မိနစ်အကြာမှာပဲ မော်ရိုကိုခံစစ်မှူး ဒါရီက ဖရီးကစ်ကန်ချက်ကနေတစ်ဆင့် ခေါင်းတိုက်ပြီး ချေပဂိုးပြန်သွင်းယူခဲ့လို့ ပွဲအစ ၁၀ အတွင်းမှာပဲ တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။


အဲဒီနောက်ပိုင်းမှာ ခရိုအေးရှားက တစ်ဖက်သတ်ဖိကစားနိုင်ခဲ့ပြီး မော်ရိုကိုအသင်းကတော့ တန်ပြန်တိုက်စစ်ကနေသာ ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။

ပထမပိုင်း ၄၂ မိနစ်မှာတော့ ခရိုအေးရှားတောင်ပံကစားသမား အော်ဆစ်က လီဗာဂျာရဲ့ ဖန်တီးပေးမှုကနေ မော်ရိုအသင်း ဘယ်ဘက်ဂိုးထောင့်ထဲကို လှလှကန်သွင်းပြီး ဒုတိယဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။


ဒုတိယပိုင်းမှာ ခရိုအေးရှားက ပွဲကို ထိန်းကစားသွားခဲ့လို့ မော်ရိုကိုအသင်းအတွက် ချေပဂိုးထပ်ရဖို့ ခက်ခဲခဲ့သလို ရရှိတဲ့အခွင့်အရေးတချို့ကိုလည်း တိုက်စစ်မှူးတွေ အကောင်းဆုံးအသုံးမချနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ ခရိုအေးရှားအသင်းက ၂-၁ ဂိုးရလဒ်နဲ့ပဲ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။


အဲဒီနိုင်ပွဲကြောင့် ခရိုအေးရှားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ဒုတိယအကြိမ်မြောက်အဖြစ် တတိယနေရာကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

Era’sEye |Sport News | World Cup 2022

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း ဥရောပ

EU နဲ့ နိုင်ငံအချို့ရဲ့ လူသားစာနာမှုဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်ကို စစ်ကောင်စီကန့်ကွက်

  • 2024 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 24 Views
ဇူလိုင်လ (၁၉)ရက်။ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာကိစ္စအပေါ် ဥရောပသမဂ္ဂနဲ့ နိုင်ငံအချို့က ပူးတွဲထုတ်ပြန်ခဲ့တာကို စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီးဌာနက ကန့်ကွက်တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

AI နည်းပညာပါဝင်တဲ့ ဒရုန်းကို ယူကရိန်းကုမ္ပဏီတွေ တီထွင်နေ

  • 2024 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 20 Views
AI နည်းပညာပါဝင်တဲ့ ဒရုန်းကို ယူကရိန်းကုမ္ပဏီတွေ တီထွင်နေ ++++++++++++++++++++ ယူကရိန်းနည်းပညာကုမ္ပဏီတွေဟာ ရုရှားရဲ့ ကျူးကျော်မှုကို ခုခံတွန်းလှန်ရာမှာ အသာစီးရစေဖို့အတွက် ဒရုန်းတွေမှာ
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

အကန့်အသတ်မရှိပစ်ခတ်နိုင်တဲ့ လက်နက်တွေထောက်ပံ့ပေးဖို့ ယူကရိန်းတောင်းဆို

  • 2024 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 28 Views
အကန့်အသတ်မရှိပစ်ခတ်နိုင်တဲ့ လက်နက်တွေထောက်ပံ့ပေးဖို့ ယူကရိန်းတောင်းဆို +++++++++++++++++++ နေတိုးမဟာမိတ်တွေအနေနဲ့ တာဝေးပစ်ဒုံးကျည်တွေအသုံးပြုမှုအပေါ် ကန့်သတ်ချက်တွေ ရုတ်သိမ်းပေးဖို့ ယူကရိန်းသမ္မတဇယ်လင်စကီးကတောင်းဆိုလိုက်ပါတယ်။ အဲဒီလို ကန့်သတ်ချက်တွေကို ရုပ်သိမ်းပေးမယ်ဆိုရင် ရုရှားနဲ့ ဖြစ်နေတဲ့ စစ်ပွဲဟာ အလှည့်အပြောင်းဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ “ ကျတော်တို့အနေနဲ့ စစ်ပွဲကို
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မီးရှို့မှုနှင့် ဗုံးဖောက်ခွဲရန် ကြံစည်မှုတို့ဖြင့် နေတိုးအဖွဲ့ဝင်များအပေါ် ရုရှား၏ ‘အရိပ်စစ်ပွဲ’ မည်ကဲ့သို့ ကြီးထွားလာနေခဲ့သနည်း?

  • 2024 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 21 Views
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ရုရှားက ဆင်နွဲနေသည့် အရိပ်စစ်ပွဲတွင် ယူကရိန်းအတွက် လက်နက်များ ထားသည့် ဂိုဒေါင်များ မီးရှိုခံရမှု။ နေတိုးက ယူကရိန်းတပ်တွေကို လေ့ကျင့်ပေးနေသည်ကို ရိုက်ကူးရယူသည့် ထောက်လှမ်းရေး ကင်မရာများ တပ်ဆင်မှု။ ဝန်ကြီးဌာနဆိုင်ရာ ကားများကို ခိုးယူ ဖျက်ဆီးခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဘိုင်ဒင်သည် ယူကရိန်းအတွက် လေကြောင်းရန် ကာကွယ်ရေးအသစ်များကို ကြေညာခြင်းဖြင့် နေတိုးထိပ်သီးအစည်းအဝေးကို ဖွင့်လှစ်

  • 2024 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 30 Views
ဇူလိုင်လ (၁၀) ရက်။ NATO ထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ယူကရိန်းကို လေကြောင်းရန် ကာကွယ်ရေးအသစ် ထောက်ပံ့ပေးမည့် အစီအစဉ်ကို သမ္မတ ဂျိုးဘိုင်ဒန်က အင်္ဂါနေ့က ကြေညာခဲ့ပြီး ရုရှားကျူးကျော်မှုကို ခုခံရာတွင် ယူကရိန်းနိုင်ငံအတွက် အလွန်လိုအပ်နေသည့် အထောက်အပံ့များကို
နိုင်ငံတကာသတင်း ဥရောပ

လေဘာပါတီမှ ကီရာစတာမာ ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာ။

  • 2024 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 33 Views
ဇူလိုင်လ (၅) ရက်။ ဗြိတိန်အလုပ်သမားပါတီခေါင်းဆောင် ကီရာစတာမာသည် ဇူလိုင် ၅ ရက်က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ Tate Modern နေရာ၌ ရွေးကောက်ပွဲတွင် အနိုင်ရရှိခြင်းအတွက် ဂုဏ်ပြုသည့်ဧည့်ခံပွဲ၌ ၎င်း၏ထောက်ခံသူများကို မိန့်ခွန်းပြောကြားခဲ့သည်။ “ အခုပဲ
နိုင်ငံတကာသတင်း ဥရောပ

ဇူလိုင် (၄) ရက်နေ့ ဗြိတိန်ရွေးကောက်ပွဲ

  • 2024 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 38 Views
++++++++++++++++++++++ ဇူလိုင်လ (၄) ရက်၊ လန်ဒန်။ ကွန်ဆာဗေးတစ်အုပ်စိုးမှု ၁၄ နှစ်ကြာခဲ့ပြီးနောက် ၎င်းတို့အုပ်ချုပ်ခဲ့မှုအပေါ် ဗြိတိန်မဲဆန္ဒရှင်များက မည်ကဲ့သို့ သဘောထားသည်ကို လူထုဆန္ဒခံယူပွဲအဖြစ် ရှုမြင်ခံနေရသည့် အရေးပါသော အထွေထွေရွေးကောက်ပွဲအတွက် မဲပေးကြရန် ယနေ့ ဇူလိုင်လ (၄)
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ ဥရောပ

ယူကရိန်းအပေါ်ကျူးကျော်မှုကြောင့် ရုရှားသည် ပိုမိုအထီးကျန်ဖြစ်လာချိန်တွင် ပူတင်သည် ဗီယက်နမ်နှင့် ဆက်ဆံရေးကို မြှင့်တင်လိုက်သည်။

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 119 Views
ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးနောက် ရုရှားက အမေရိကန် ဦးဆောင်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ခံခဲ့ရပါသည်။ ဇွန်လ (၂၁) ရက်။ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ မြောက်ကိုရီးယား ခရီးစဉ်ကို အနီးကပ်စောင့်ကြည့်ခဲ့ကြပြီးနောက် သူသည် ဗီယက်နမ်သမ္မတ တိုလမ် (To Lam)