နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

အရပ်ဘက်အဆောက်အအုံကနေ ပစ်ခတ်လာရင် စစ်ဘက်ဆိုင်ရာအဆောက်အအုံအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်မယ်လို့ စစ်ကောင်စီဆို

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်၊ ခေတ်မျက်လုံး။

“ အရပ်ဘက်အဆောက်အအုံတစ်ခုလို့ သတ်မှတ်ထားတဲ့နေရာ၊ဒီသတ်မှတ်ထားတဲ့နေရာသည် ရန်သူက ကိုယ့်ကိုယ် မပစ်ခတ်မခြင်း အရပ်ဘက်အဆောက်အအုံပါပဲ။ ရန်သူက ကိုယ့်ကို ဒီဟာပေါ်မှာမူတည်ပြီး ပစ်ခတ်လာရင်တော့ ဒါစစ်ဘက်ဆိုင်ရာ အဆောက်အအုံအဖြစ် ပြောင်းလဲသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်”ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ (၃၀) ရက်နေ့က အသိပေးပြောကြားထားပါတယ်။

ကျောက်မဲတရုတ်သင်္ချိုင်းအနီးနဲ့ မောင်ဖုန်းတောင်အဆင်းလမ်းတို့မှာ TNLA ၊ KIA, MNDAA, PDF တံဆိပ်ပါတဲ့ အလောင်းပေါင်းမြောက်များစွာတွေ့ရှိခဲ့လို့ မြိုနယ်လူထုနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ပူးပေါင်းရှင်းလင်းခဲ့ရတယ်လို့လည်း သူက ပြောဆိုထားပါတယ်။

“စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မှာမြိုသိမ်းတိုက်ပွဲဆင်နွှနေတယ်။ တပ်ဘက် ကနေ ဘယ်လောက်ကျ ဆုံးတယ်ဆိုတာမျိုး တွေထုတ်လွှင့်နေတာရှိပါတယ်။ အာ့သတင်းထုတ်လွှင့်နေတဲ့သူတွေက အသိဆုံးပဲ ဖြစ်ပါတယ်။မနေ့ကဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာဘယ်လောက်အထိ KIA -PDF အဖွဲများ သေဆုံးဒဏ်ရာရခဲ့တယ်ဆိုတာ သူတို့ အသိဆုံးပဲ ဖြစ်ပါတယ်။ နောက်တစ်ခုကကျောက်မဲမှာနိုဝင်ဘာ၂၇ရက်နေ့အဝေးပြေးလမ်းမမှာရှိတဲ့Toll Gateအနီးတစ်ဝိုက်မှာထိတွေ့တိုက်ပွဲဖြစ်စဉ် ဖြစ်ပွားခဲ့တာရှိပါတယ်။ အာ့မှာတော့TNLA MNDAA ပူးပေါင်းအဖွဲက ကျဆုံးမှုများစွ ာရှိခဲ့ပါတယ်။ ကျောက်မဲမှာနေတဲ့ဒေသခံတွေအနေနဲ့အဲ့ဒီဖြစ်စဉ်ကြောင့် ခေတ္တရှောင်တိမ်းနေရာမှမြိုထဲကိုပြန်လာတဲ့အခါအပုပ်နံ့တွေရလိုလိုက်လံရှာဖွေတဲ့အခါမှာတရုတ်သင်္ချိုင်းအနီးသေဆုံးနေတဲ့TNLA၊KIA၊MNDAA၊PDFတံဆိပ်ပါတဲ့အလောင်းပေါင်းမြောက်များစွာတွေ့ရှိခဲ့ရပါတယ်။ မြိုနယ်လူထုနဲ့လုံခြုံရေးတပ်ဖွဲများပူးပေါင်းရှင်းလင်းခဲ့ရပါတယ်။ ဒါ့အပြင် မောင်ဖုန်းတောင်အဆင်းလမ်းမှာလည်း ဒီအတိုင်း ပစ်ချခဲ့တဲ့ အခုနအဖွဲယူနီဖောင်းပါတဲ့အလောင်းတွေ တွေ့ခဲ့ရပါတယ်။

ဒါတွေကို ကျွန်တော်တို့ရှင်းလင်းရေးဆောင်ရွက်နေပါတယ်။ ဒါနဲ့ပါတ်သက်ပြီးပြောချင်တာကတော့ ပြည်ပမှာနေထိုင်နေတဲ့တိုင်းဖျက်ပြည်ဖျက်ဆန့်ကျင်ရေးသမားတွေ၊ ပြည်ပကနေပြီးအသံကောင်းဟစ်နေတဲ့တိုင်းဖျက်ပြည်ဖျက်အနောက်အားကိုးမီဒီယာများရဲ့မြှောက်ပင့်မှု၊ကောလဟလတွေကြောင့်ကျွန်တော်တိုမြန်မာနိုင်ငံမှာသေဆုံးရတဲ့သူမနည်းပါဘူး။

ပြောခဲ့သလိုပါပဲ ဒီသေဆုံးရတဲ့သူတွေဟာ မြန်မာနိုင်ငံသားတွေပဲ ဖြစ်ပါတယ်။တပ်မတော်ဘက်ကဘဲ ကျဆုံးသည်ဖြစ်စေ၊ ရန်သူဘက်ကသေဆုံးသည်ဖြစ်စေ။ မြန်မာနိုင်ငံသားတွေဘဲဖြစ်ပါတယ်။ ကျွန်တော်တို နိုင်ငံသည်လွတ်လပ်ရေးရပြီးကတည်းကပြည်တွင်းသောင်းကျန်းမှုနဲ့ကြုံတွေ့ခဲ့ရပြီးတိုင်းပြည်ဖွံဖြိုးသင့်သလောက်မဖွံဖြိုးခဲ့ရပါဘူး။ ခုအချိန်မှာလည်း ဒီဝဲဂယက်ထဲမှာဘဲ ရှိနေတာကို တွေ့နိုင်မှာဖြစ်ပါတယ်။ ဒါတွေကိုယခင်ကတည်းကကျွန်တော်တိုကို ကိုလိုနီနယ်ချဲ့ခဲ့တဲ့ အနောက်နိုင်ငံတွေက ဦးစီးပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။ အခုချိန်မှာလည်း သူတိုပဲ ဦးစီးပြီးလုပ်ဆောင်၊ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါတွေကိုကျွန်တော်တိုပြည်သူလူထုတစ်ရပ်လုံးကသတိရှိရမှာဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ာ နမ့်ခမ်း၊ ၁၀၅မိုင် မူဆယ်၊ တာမိုးညှဲဘက်၊ ကယားပြည်နယ်လွိင်ကော်၊ ရခိုင်ပြည်နယ် ပေါက်တေ ာအထက်တန်းကျောင်းအနီးတိုမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“နိုဝင်ဘာ ၃၀ ရက်နေ့အထိ တွေ့တိုက်ပွဲ ဖြစ်ပွားမှုအနေနဲ့ကတော့ နမ့်ခမ်း၊ ၁၀၅ မိုင်မူဆယ်၊ တာမိုးညှဲဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိပါတယ်။ တာမိုးညှဲနဲ့နမ့်ခမ်းမှာတော့ ရန်သူထိခိုက်ကျဆုံးမှု များပြားတယ်ဆိုတာ သိရပါတယ်။ ကယားပြည်နယ်ဘက်မှာတော့ လွိင်ကော် အထကကျောင်းအနီးမှာထိ

တွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာပေါက်တော အထက်တန်းကျောင်းနားထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။

ဒီရန်သူအနေနဲ့ပြည်သူပိုင်အဆောက်အအုံတွေ၊ ပညာရေး၊ ကျန်းမာရေးအဆောက်အအုံတွေကို အကာအကွယ်ယူပြီးတော့ တပ်မတော်ကို တိုက်ခိုက်တာတွေ၊ ပစ်ခတ်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တပ်မတော်က တိုက်ခိုက်ပစ်ခတ်လို့ရှိရင် ကျောင်းကို ပစ်ခတ်တယ်၊ ဆေးရုံကို ပစ်ခတ်တယ်ဆိုတဲ့ ကောလဟလသတင်းတွေ၊ မဟုတ်မမှန်သတင်းတွေ၊ လုပ်ကြံသတင်းတွေ ဖန်တီးပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

စစ်ရေးဆိုင်ရာအခြေအနေနဲ့ ဥပဒေတွေအရ ကျွန်တော်တို့အနေနဲ့ အရပ်ဘက်အဆောက်အအုံတစ်ခုလို သတ်မှတ်ထားတဲ့နေရာ၊ ဒီသတ်မှတ်ထားတဲ့နေရာသည် ရန်သူက ကိုယ့်ကိုယ် မပစ်ခတ်မခြင်း အရပ်ဘက်အဆောက်အအုံပါပဲ။ ရန်သူက ကိုယ့်ကို ဒီဟာပေါ်မှာ မူတည်ပြီး ပစ်ခတ်လာရင်တော့ ဒါစစ်ဘက်ဆိုင်ရာအဆောက်အအုံအဖြစ်ပြောင်းလဲ သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိပေးပြောကြားထားပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းပြီးကတည်းက ငြိမ်းချမ်းစွာဆန္ဒပြတဲ့သူတွေကို ခေါင်းကို ပစ်ခတ်သတ်ဖြတ်ခဲ့တာ၊ ပရဟိတဝန်ထမ်းတွေကို ခေါင်းကို ရိုက်ခဲ့တာ၊ အရပ်သားတွေကို ပစ်မှတ်ထားပြီး ပစ်ခတ်ခဲ့တာ၊ အခုလို အသိမပေးခင်ကတည်းက ဆေးရုံတွေ၊ စာသင်ကျောင်းတွေကို ပစ်ခတ်ခဲ့တာဟာ စစ်ကောင်စီပဲ ဖြစ်လို့ ဒီအသိပေးချက်ဟာ ဘာမှထူးခြားမလာပါဘူးလို့ နိုင်ငံရေးသုံးသပ်သူတစ်ဦးက ခေတ်မျက်လုံးကို ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖာပွန်ဗျူဟာကို KNLA နဲ့ပူးပေါင်းတပ်တွေ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 46 Views
ဒီဇင်ဘာလ (၂၇)ရက်။ ဖာပွန်ဗျူဟာကို သိမ်းပိုက်နိုင်ဖို့ KNLA ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ဆက်လက်တိုက်ခိုက်နေတယ်လို့ နဂါးနက်စစ်ကြောင်းရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

“၂၀၂၆ တော်လှန်ရေးအလားလာ”

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 23 Views
အပတ်စဥ်နိုင်ငံ‌ရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ကြည့်ခြင်း (၂၇) မှာ ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆွေးနွေးတင်ဆက်သူ ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က အခုရောက်ရှိလာတော့မဲ့နှစ်သစ် ၂၀၂၆ခုနှစ်မှာတော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဘယ်လိုရှေ့ဆက်ချီတက်ကြမယ်၊ တပ်ပေါင်းစုတွေကိုဘယ်လောက်အထိမျှော်မှန်းနိုင်မလဲ၊ ဘုံရန်သူစစ်အုပ်စုကို
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ စစ်တပ်ရဲ့ အရေးပါတဲ့ ခလရ(၄၇)တပ်စခန်းကို KIA သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 39 Views
ဒီဇင်ဘာလ (၂၇)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ စစ်တပ်ရဲ့ အရေးပါတဲ့ ခလရ(၄၇)တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ရဲ့ ခလရ(၄၇)တပ်စခန်းကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တာ။ အဲ့ဒီတိုက်ပွဲမှာ
မြန်မာသတင်း

မကွေးမှာ အခုနှစ်ကုန်ကစပြီး တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ NUG ဝန်ကြီးချုပ်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 39 Views
ဒီဇင်ဘာလ (၂၇)ရက်။ မကွေးဒေသထဲ အခုနှစ်ကုန်ပိုင်းကစပြီး ၂၀၂၆ခုနှစ်အထိ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ မကွေးဖက်ရယ်ယူနစ်လွှတ်တော်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မကွေးဒေသဟာ ခုခံတွန်းလှန်စစ်တွေရဲ့ ဆုံချက်ဖြစ်သလို စစ်ကောင်စီအတွက် အလွန်အရေးပါတဲ့ ကာကွယ်ရေးပစ္စည်း
မြန်မာသတင်း

အတုအယောင်ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းဆည်းမယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 32 Views
ဒီဇင်ဘာလ (၂၇)ရက်။ တမူးမြို့မှာ အတုအယောင်ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းဆည်းမယ်လို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ NUG အနေနဲ့ အကြမ်းဖက်စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ သူ့ရဲ့လက်အောက်ခံ အဖွဲ့တွေကို အကြမ်းဖက်အုပ်စုအနေနဲ့ ကြေညာထားတယ်လို့
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ဆိုပြီး နိုင်ငံအချို့က ကိုယ်စားလှယ်တွေ ‌ရန်ကုန်ကိုရောက်လာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 27 Views
ဒီဇင်ဘာလ (၂၇)ရက်။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ဆိုပြီး စစ်တပ်နဲ့ မိတ်ဖက်နိုင်ငံအချို့က ကိုယ်စားလှယ်အဖွဲ့တွေ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွေးကောက်ပွဲစောင့်ကြည့်ဖို့ ရန်ကုန်ကို ရောက်လာတဲ့အဖွဲ့တွေဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကမ္ဘောဒီးယားနဲ့
မြန်မာသတင်း

ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ရုတ်သိမ်းတယ်ဆိုပြီး စစ်ကော်မရှင် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 35 Views
ဒီဇင်ဘာလ (၂၆)ရက်။ မနက်ဖြန် ဒီဇင်ဘာလ (၂၇)ရက်နေ့ကစပြီး ရန်ကုန်မှာ ညမထွက်ရအမိန့်ကို ရုတ်သိမ်းတယ်ဆိုပြီး စစ်ကော်မရှင်ရဲ့ တိုင်းအစိုးရအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ တိုင်းအစိုးရအဖွဲ့က ရန်ကုန်ရှိ ကိုကိုကျွန်းကလွဲပြီး မြို့နယ် (၄၄)မြို့မှာ နံနက်
မြန်မာသတင်း

စစ်တပ်က ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ ဟားခါးမြို့မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 37 Views
ဒီဇင်ဘာလ (၂၆)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်ကစပြီး ချင်းပြည်နယ် ဟားခါးမြို့မှာ ချင်းဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသထံသတင်းတွေထံက သိရပါတယ်။ “ ဒီကနေ့ အစောပိုင်း (၆)နာရီလောက်ကထဲက ဟားခါးမြို့အနီးက နေရာ (၃)ခုလောက်မှာ တိုက်ပွဲပြင်းထန်နေတာ။