နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး မပြီးမချင်း အစ္စရေးနဲ့ ညှိနှိုင်းဆွေးနွေးမှာ မဟုတ်လို့ ဟားမတ်စ်ပြော

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်၊ ဂါဇာ။

ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး မပြီးမချင်း အစ္စရေးနဲ့ ညှိနှိုင်းဆွေးနွေးမှု ဒါမှမဟုတ် အကျဉ်းသား လဲလှယ်မှု မလုပ်ဘူးလို့ ဟားမတ်စ်က ပြောပါတယ်။

ဟားမတ်စ်၏ နိုင်ငံရေးဗျူရို၏ လက်ထောက်အကြီးအကဲ ဆာလက်အယ်အာဝိုရီ (Saleh Al-Arouri) သည် စနေနေ့က Al Jazeera TV နှင့် တွေ့ဆုံမေးမြန်းခန်းတွင် စေ့စပ်ညှိနှိုင်းမှုများနှင့် ဓားစာခံအကျဉ်းသားများ လဲလှယ်ရေးဆိုင်ရာ အဖွဲ့၏တရားဝင်ရပ်တည်ချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး မပြီးမချင်း ဇီယွန်ဝါဒီ အကြမ်းဖက်များ၏ ရန်လိုမှု အပြီးတိုင် မရပ်မချင်း အကျဉ်းသား လဲလှယ်မှုများ ရှိမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဟားမတ်စ်က ဖမ်းဆီးထားဆဲ ကျန်ရှိသော ဓားစာခံများသည် စစ်သားများနှင့် စစ်သည်ဟောင်းများဖြစ်ကြောင်း အယ်အာဝိုရီက ပြောကြားရာတွင် “ရန်လိုမှု မရပ်စဲသမျှ ကာလပတ်လုံး ၎င်းတို့နှင့် ပတ်သက်၍ ညှိနှိုင်းမှုများ ပြုလုပ်မည်မဟုတ်” ဟု ပြောကြားခဲ့သည်။ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က ဟားမတ်စ်သည် အမျိုးသမီးနှင့် ကလေး ၁၇ ဦးကို လွှတ်ပေးရန် ငြင်းဆိုထားကြောင်း စနေနေ့တွင် ပြောကြားခဲ့သည်။

အယ်အာဝိုရီက အရွယ်ရောက်ပြီးသော အမျိုးသား ဓားစာခံများ အားလုံးဟာစစ်တပ်တွင် အမှုထမ်းခဲ့ကြသောသူများဖြစ်ပြီး တချို့သည် အရန်စာရင်းတွင် ပါဝင်ဆဲဖြစ်သည်” ယခုအခါတွင်ထိုသူများကို ဟားမတ်စ်က စံနှုန်းအမျိုးမျိုးသတ်မှတ်ထားသည်ဟု အယ်အာဝိုရီမှ ပြောကြားခဲ့သည်။ အမျိုးသား ၁၁၇ ဦးကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက စနေနေ့တွင် ပြောကြားခဲ့သည်။

“အပစ်အခတ် ရပ်စဲပြီးနောက်မှာ ဇီယွန်ဝါဒီ အကျဉ်းသားတွေကို လွှတ်ပေးရေးအတွက် ဈေးနှုန်းဟာ ကျနော်တို့ရဲ့ အကျဉ်းသားအားလုံး လွတ်မြောက်ရေး ဖြစ်တယ်” လို့ စစချင်းနေ့မှာဘဲ ကျနော်တို့ပြောခဲ့တာရှိတယ်ဟု အယ်အာဝိုရီက ပြောကြားခဲ့သည်။

နောက်ထပ်အကြောင်းအရာအချို့။-

ဂါဇာတွင် ဖမ်းဆီးခံထားရသော ဓားစာခံများနှင့်ပတ်သက်၍ အစ္စရေးနှင့် ဟားမတ်စ်တို့ကြား စေ့စပ်ညှိနှိုင်းမှုသည် အမျိုးသမီးအုပ်စုကို လွှတ်ပေးရန် အစ္စရေးက ဆက်လက်တောင်းဆိုနေပြီး ဟားမတ်စ်က ငြင်းဆိုခဲ့ပြီးနောက် စနေနေ့တွင် ဆွေးနွေးညှိနှိုင်းမှုပျက်သွားခဲ့ကြောင်း ဆွေးနွေးပွဲနှင့် နီးစပ်သူတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

CNN တွင် ယခင်က ဖော်ပြခဲ့သည့်အတိုင်း အမေရိကန်နှင့် အစ္စရေး တာဝန်ရှိသူများက ဟားမတ်စ်သည် Nova ဂီတပွဲတော်တွင် ဖမ်းဆီးခေါ်ဆောင်သွားသော အသက် ၂၀ နှင့် ၃၀ အတွင်း အမျိုးသမီး အများအပြားကို လွှတ်ပေးရန် ငြင်းဆိုထားကြောင်း၊ အဆိုပါ အမျိုးသမီးများသည် စစ်သားများဖြစ်သည်ဟု ဟားမတ်စ်က ပြောဆိုခြင်းကို အစ္စရေးက ငြင်းဆိုထားသည်။

အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ အဆောက်အအုံများမှ မီးခိုးအငွေ့များ ထွက်ပေါ်နေသည့် ဒီဇင်ဘာ ၂ ရက် စနေနေ့တွင် တွေ့မြင်ရစဉ်။

John MacDougall/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

အစ္စရေးလွှတ်တော်က နယ်မြေသိမ်းပိုက်မှုအတွက် ရှေ့တိုးဆောင်ရွက်ပြီးနောက် အနောက်ဖက်ကမ်းကိုသိမ်းပိုက်ခြင်းကို ရူဘီယိုက သတိပေး

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 70 Views
BBC-၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၂ရက် အစ္စရေးလွှတ်တော်က သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း(West Bank) နယ်မြေကို အစ္စရေးနိုင်ငံပိုင်အဖြစ်သိမ်းပိုက်ထည့်သွင်းရေးဘက်သို့ ဦးတည်သည့် လုပ်ရပ်တစ်ခုသည် ဂါဇာရှိ
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးလ်ကအပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟုဟားမတ်စ်ကို စွပ်စွဲပြီးနောက် ဂါဇာပေါ်သို့ တနင်္ဂနွေနေ့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 19 ရက်
  • 71 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၉ရက် အစ္စရေးလ်နှင့် ဟားမတ်စ်တို့အကြား အမေရိကန်၏ ကြားဝင်စေ့စပ်မှုဖြင့် ရရှိထားသည့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု အစ္စရေးလ်က စွပ်စွဲပြီးနောက် ဂါဇာပေါ်သို့ တနင်္ဂနွေနေ့က လေကြောင်းတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ရာ၊ ယင်းအခြေအနေသည် အပစ်အခတ်ရပ်စဲရေးအတွက် ပထမဆုံးသော
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ထရမ့်ကသူအစ္စရေးကို အချက်ပြလိုက်သည်နှင့်ဂါဇာစစ်ပွဲပြန်စနိုင်သည်ဟုဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 84 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၆ရက် ဟားမတ်စ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မလိုက်နာပါက ဂါဇာတွင် အစ္စရေးတပ်ဖွဲ့ဝင်များ ‘ကျွန်ုပ် စကားပြောလိုက်သည်နှင့် ချက်ချင်း’ တိုက်ပွဲပြန်စနိုင်သည်ဟု ထရမ့်က CNN ကိုပြောကြားခဲ့သည်။ သမ္မတ ဒေါ်နယ်လ် ထရမ့်က
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာရှိလူ များသည် ‘မိမိတို့နိုင်ငံကို ပြန်လည်တည်ဆောက်ရန်’ အကူအညီ လိုအပ်နေသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 85 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၄ရက် ဂါဇာဒေသခံများသည် ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်စတင်နေကြချိန်တွင်၊ အစ္စရေး၏ နှစ်နှစ်ကြာ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပျက်စီးသွားသော ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်တည်ဆောက်ရေး စိန်ခေါ်မှုများနှင့်ပတ်သက်၍ ကျွမ်းကျင်သူများ၏ အမြင်များကို ဘီဘီစီက နားထောင်ခဲ့ပါသည်။ ကိုရီ ရှမ်း
နိုင်ငံတကာသတင်း ဗြိတိန် ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာငြိမ်းချမ်းရေးကို ရေရှည်တည်တံ့အောင်လုပ်ဖို့ကလည်း “ မလွယ်ကူတဲ့အလုပ်မဟုတ်” လို့ ဗြိတိန်ဝန်ကြီးချုပ် ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 78 Views
BBC- ၂၀၂၅ခုနှစ်၊အောက်တိုဘာလ ၁၄ရက် ဗြိတိန်ဝန်ကြီးချုပ် ကေအာ စတားမား (Keir Starmer) က ပါလီမန်မှာ ပြောကြားခဲ့တဲ့ နောက်ထပ်စကားတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးဟာ ထရန့် (Trump) နဲ့ အီဂျစ်၊ ကာတာနဲ့
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာစီးတီးတွင် ဟားမတ်စ်တပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်မျိုးနွယ်စုဝင်များကြား ပဋိပက္ခဖြစ်ပွား

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 68 Views
BBC- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၃ရက် ဂါဇာတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုကြီးများ ပြီးဆုံးသွားသည့်နောက်ပိုင်း အပြင်းထန်ဆုံး ပြည်တွင်းပဋိပက္ခများအနက်မှ တစ်ခုအဖြစ်၊ ဂါဇာစီးတီးရှိ ဟားမတ်စ် လုံခြုံရေးတပ်ဖွဲ့ ဝင်များ နှင့် ဒူဂ်မတ်ရ်ှ (Dughmush) မျိုးနွယ်စုမှ လက်နက်ကိုင်များကြား
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးဓားစာခံများနှင့် ပါလက်စတိုင်းအကျဉ်းသားများ လွှတ်ပေးမှု တနင်္လာနေ့ အစောပိုင်းတွင် စတင်မည်ဟု မျှော်လင့်ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 65 Views
CNN-၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၃ရက် အစ္စရေးဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဂါဇာတွင် ဖမ်းဆီးထားသော ဓားစာခံများနှင့် ပါလက်စတိုင်း အကျဉ်းသား၊ အဖမ်းခံထားရသူများကို နောက်ဆုံးလဲလှယ်မှုအား တနင်္လာနေ့ အစောပိုင်းတွင် စတင်မည်ဟု အစ္စရေးက မျှော်လင့်ထားသည်။ တစ်ချိန်တည်းမှာပင်၊ ပါလက်စတိုင်းလူမျိုး