နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 14 ရက်

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး မပြီးမချင်း အစ္စရေးနဲ့ ညှိနှိုင်းဆွေးနွေးမှာ မဟုတ်လို့ ဟားမတ်စ်ပြော

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်၊ ဂါဇာ။

ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး မပြီးမချင်း အစ္စရေးနဲ့ ညှိနှိုင်းဆွေးနွေးမှု ဒါမှမဟုတ် အကျဉ်းသား လဲလှယ်မှု မလုပ်ဘူးလို့ ဟားမတ်စ်က ပြောပါတယ်။

ဟားမတ်စ်၏ နိုင်ငံရေးဗျူရို၏ လက်ထောက်အကြီးအကဲ ဆာလက်အယ်အာဝိုရီ (Saleh Al-Arouri) သည် စနေနေ့က Al Jazeera TV နှင့် တွေ့ဆုံမေးမြန်းခန်းတွင် စေ့စပ်ညှိနှိုင်းမှုများနှင့် ဓားစာခံအကျဉ်းသားများ လဲလှယ်ရေးဆိုင်ရာ အဖွဲ့၏တရားဝင်ရပ်တည်ချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး မပြီးမချင်း ဇီယွန်ဝါဒီ အကြမ်းဖက်များ၏ ရန်လိုမှု အပြီးတိုင် မရပ်မချင်း အကျဉ်းသား လဲလှယ်မှုများ ရှိမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဟားမတ်စ်က ဖမ်းဆီးထားဆဲ ကျန်ရှိသော ဓားစာခံများသည် စစ်သားများနှင့် စစ်သည်ဟောင်းများဖြစ်ကြောင်း အယ်အာဝိုရီက ပြောကြားရာတွင် “ရန်လိုမှု မရပ်စဲသမျှ ကာလပတ်လုံး ၎င်းတို့နှင့် ပတ်သက်၍ ညှိနှိုင်းမှုများ ပြုလုပ်မည်မဟုတ်” ဟု ပြောကြားခဲ့သည်။ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က ဟားမတ်စ်သည် အမျိုးသမီးနှင့် ကလေး ၁၇ ဦးကို လွှတ်ပေးရန် ငြင်းဆိုထားကြောင်း စနေနေ့တွင် ပြောကြားခဲ့သည်။

အယ်အာဝိုရီက အရွယ်ရောက်ပြီးသော အမျိုးသား ဓားစာခံများ အားလုံးဟာစစ်တပ်တွင် အမှုထမ်းခဲ့ကြသောသူများဖြစ်ပြီး တချို့သည် အရန်စာရင်းတွင် ပါဝင်ဆဲဖြစ်သည်” ယခုအခါတွင်ထိုသူများကို ဟားမတ်စ်က စံနှုန်းအမျိုးမျိုးသတ်မှတ်ထားသည်ဟု အယ်အာဝိုရီမှ ပြောကြားခဲ့သည်။ အမျိုးသား ၁၁၇ ဦးကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက စနေနေ့တွင် ပြောကြားခဲ့သည်။

“အပစ်အခတ် ရပ်စဲပြီးနောက်မှာ ဇီယွန်ဝါဒီ အကျဉ်းသားတွေကို လွှတ်ပေးရေးအတွက် ဈေးနှုန်းဟာ ကျနော်တို့ရဲ့ အကျဉ်းသားအားလုံး လွတ်မြောက်ရေး ဖြစ်တယ်” လို့ စစချင်းနေ့မှာဘဲ ကျနော်တို့ပြောခဲ့တာရှိတယ်ဟု အယ်အာဝိုရီက ပြောကြားခဲ့သည်။

နောက်ထပ်အကြောင်းအရာအချို့။-

ဂါဇာတွင် ဖမ်းဆီးခံထားရသော ဓားစာခံများနှင့်ပတ်သက်၍ အစ္စရေးနှင့် ဟားမတ်စ်တို့ကြား စေ့စပ်ညှိနှိုင်းမှုသည် အမျိုးသမီးအုပ်စုကို လွှတ်ပေးရန် အစ္စရေးက ဆက်လက်တောင်းဆိုနေပြီး ဟားမတ်စ်က ငြင်းဆိုခဲ့ပြီးနောက် စနေနေ့တွင် ဆွေးနွေးညှိနှိုင်းမှုပျက်သွားခဲ့ကြောင်း ဆွေးနွေးပွဲနှင့် နီးစပ်သူတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

CNN တွင် ယခင်က ဖော်ပြခဲ့သည့်အတိုင်း အမေရိကန်နှင့် အစ္စရေး တာဝန်ရှိသူများက ဟားမတ်စ်သည် Nova ဂီတပွဲတော်တွင် ဖမ်းဆီးခေါ်ဆောင်သွားသော အသက် ၂၀ နှင့် ၃၀ အတွင်း အမျိုးသမီး အများအပြားကို လွှတ်ပေးရန် ငြင်းဆိုထားကြောင်း၊ အဆိုပါ အမျိုးသမီးများသည် စစ်သားများဖြစ်သည်ဟု ဟားမတ်စ်က ပြောဆိုခြင်းကို အစ္စရေးက ငြင်းဆိုထားသည်။

အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ အဆောက်အအုံများမှ မီးခိုးအငွေ့များ ထွက်ပေါ်နေသည့် ဒီဇင်ဘာ ၂ ရက် စနေနေ့တွင် တွေ့မြင်ရစဉ်။

John MacDougall/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဟားမတ်စ်သည် ထရန့်၏ အရှေ့အလယ်ပိုင်း ခရီးစဉ်မတိုင်မီ စေ့စပ်ညှိနှိုင်းမှုများကို အရှိန်မြှင့်ရန်အတွက် အမေရိကန်အစိုးရနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးခဲ့သည်။

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 17 Views
မေလ (၁၂) ရက်။ ပါလက်စတိုင်း ထိန်းချုပ်ထားသော ဂါဇာကမ်းမြှောင်တွင် အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံများ လွှတ်ပေးရေးနှင့် ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးပိတ်ဆို့မှုကြောင့် အငတ်ဘေးကြုံတွေ့နေရသည့် ဂါဇာ

  • 2025 ခုနှစ်၊ မေလ 12 ရက်
  • 16 Views
++++++++++++++++++++++++++++ အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ဟပ်ကဘီး (Mike Huckabee) က ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပံ့ပိုးပေးမည့် အမေရိကန်-အစ္စရေးအစီအစဉ်အရ ကနဦးတွင်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ အသင့်ရှိနေတယ်လို့ ဟားမက်စ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 42 Views
++++++++++++++++++++ ဂါဇာစစ်ပွဲအဆုံးသတ်ရေးသဘောတူညီချက်တစ်စိတ်တစ်ပိုင်းအနေနဲ့ အစ္စရေးဓားစာခံတွေကို လွှတ်ပေးဖို့ အသင့်ရှိနေတယ်လို့ ဟားမက်စ်အဖွဲ့ရဲ့ ဂါဇာအကြီးအကဲက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ “အစ္စရေးက ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းအကျဉ်းသားအရေအတွက်နဲ့ ဓားစာခံတွေအားလုံးကို လဲလှယ်ဖို့ ကျတော်တို့ဘက်က အသင့်ရှိပါတယ်။ စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ဖို့နဲ့ ဂါဇာကို ပြန်လည်တည်ဆောက်ဖို့ က
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးသည် ဂါဇာမြို့တော်ရှိ နောက်ဆုံး လည်ပတ်နေသော ဆေးရုံကို တိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 14 ရက်
  • 44 Views
ဧပြီလ (၁၄) ရက်။ ဧပြီလ (၁၃) ရက်နေ့က ဂါဇာကမ်းမြှောင်မြောက်ပိုင်းရှိ နောက်ဆုံးလည်ပတ်နေသောဆေးရုံကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့်ဆေးရုံရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်ဆိုင်းသွားတယ်လို့ သိရပါတယ်။ ဆေးရုံကို ယာယီပိတ်ထားခဲ့ရပြီး လူနာတွေကို အခြားဆေးရုံသုံးရုံကို သွားဖို့ ညွှန်ကြားထားကြောင်း
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေး၏ ဂါဇာ ထိုးစစ်ကြောင့် ထောင်နှင့်ချီသော ပါလက်စတိုင်းများကို ပိုမိုသေးငယ်သောဧရိယာသို့ တွန်းပို့ပြီး ဂါဇာကို သိမ်းဖို့လုပ်ဆောင်နေ

  • 2025 ခုနှစ်၊ ဧပြီလ 14 ရက်
  • 48 Views
+++++++++++++++++++++++++++++ အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသအတွင်း မြေပြင်စစ်ဆင်ရေးများကို တိုးချဲ့လုပ်ဆောင်နေပြီး ကမ်းမြှောင်နှင့် အစ္စရေးပိုင်နက်ကြား ကြီးမားသော ကြားခံဇုန်တစ်ခု ဖန်တီးကာ မြေထဲပင်လယ်ကမ်းရိုးတန်းရှိ အရပ်သားထောင်ပေါင်းများစွာကို ယခင်ကထက် ပိုမိုသေးငယ်သော ဧရိယာသို့ တွန်းပို့လျက်ရှိသည်။ CNN ၏စာရင်းဇယားအရ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များသည် မတ်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးစစ်တပ်အတွင်း စစ်ဆန့်ကျင်ရေးစိတ်ဓာတ်များ ကြီးထွားလာ

  • 2025 ခုနှစ်၊ ဧပြီလ 13 ရက်
  • 69 Views
++++++++++++++++++++++++++++++++++ အစ္စရေးစစ်တပ်အတွင်း စစ်ဆန့်ကျင်ရေးစိတ်ဓာတ်များ ကြီးထွားလာနေပြီးအထက်တန်းစား အရန်တပ်ဖွဲ့များသည် ဆန္ဒပြပွဲများတွင် ပါဝင်လာကြသည်။ ဂါဇာကမ်းမြှောင်တွင် ထိန်းသိမ်းခံထားရသော ဓားစာခံများကို ချက်ချင်းပြန်လွှတ်ပေးရန် အစ္စရေးစစ်တပ်၏ ထိပ်တန်းထောက်လှမ်းရေးယူနစ်မှ အရန်တပ်ဖွဲ့ငယ်တစ်ဖွဲ့သည် ဂျေရုဆလင်တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဖြစ်ရန်အတွက် အစ္စလမ္မစ်အဖွဲ့အစည်း ဟားမတ်စ်နှင့်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အသက် ၁၃ နှစ်အရွယ်နဲ့ ထောင်ကျခဲ့တဲ့ ပါလက်စတိုင်း ကလေးငယ်ကို ၁၀ နှစ်အကြာမှာ အစ္စရေးပြန်လွှတ်

  • 2025 ခုနှစ်၊ ဧပြီလ 12 ရက်
  • 74 Views
ဧပြီလ (၁၁) ရက်။ အဲ့ဒီ ပါလက်စတိုင်း ကလေးငယ်ကို ထောင်သွင်းအကျဉ်းချထားစဉ် တိုက်ပိတ်ပြီး ရက်စက်စွာ စစ်ကြောမေးမြန်းခဲ့တယ်လို့ သိရပါတယ်။ အသက် ၁၃ နှစ်အရွယ်မှာ အစ္စရေးတို့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ဆယ်စုနှစ်တစ်ခုနီးပါး အကျဉ်းကျခံခဲ့ရတဲ့ ပါလက်စတိုင်းအမျိုးသားတစ်ဦးကို အစ္စရေးတို့က
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အတိုင်းအဆမရှိသောဂါဇာစစ်ပွဲ

  • 2025 ခုနှစ်၊ ဧပြီလ 7 ရက်
  • 59 Views
—————– ဧပြီလ (၇) ရက်။ ထောက်ပံ့ရေးအေဂျင်စီများက အစ္စ‌ရေး၏ဂါဇာဝင်ပေါက်ကို ပိတ်ဆို့ထားမှု ဒုတိယလအတွင်း ရောက်ရှိလာမှုအပေါ် သတိပေးလာခဲ့ကြသည်။ ဂါဇာကမ်းမြှောင်မှ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အစ္စရေးက ဖြတ်တောက် လိုက်ပြီးနောက် တစ်လအကြာတွင် အဆိုပါနေရာ၌ အခြေအနေများ ဆိုးရွားလာခဲ့ပြီး အရပ်သား