နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 9 ရက်

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး မပြီးမချင်း အစ္စရေးနဲ့ ညှိနှိုင်းဆွေးနွေးမှာ မဟုတ်လို့ ဟားမတ်စ်ပြော

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်၊ ဂါဇာ။

ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေး မပြီးမချင်း အစ္စရေးနဲ့ ညှိနှိုင်းဆွေးနွေးမှု ဒါမှမဟုတ် အကျဉ်းသား လဲလှယ်မှု မလုပ်ဘူးလို့ ဟားမတ်စ်က ပြောပါတယ်။

ဟားမတ်စ်၏ နိုင်ငံရေးဗျူရို၏ လက်ထောက်အကြီးအကဲ ဆာလက်အယ်အာဝိုရီ (Saleh Al-Arouri) သည် စနေနေ့က Al Jazeera TV နှင့် တွေ့ဆုံမေးမြန်းခန်းတွင် စေ့စပ်ညှိနှိုင်းမှုများနှင့် ဓားစာခံအကျဉ်းသားများ လဲလှယ်ရေးဆိုင်ရာ အဖွဲ့၏တရားဝင်ရပ်တည်ချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး မပြီးမချင်း ဇီယွန်ဝါဒီ အကြမ်းဖက်များ၏ ရန်လိုမှု အပြီးတိုင် မရပ်မချင်း အကျဉ်းသား လဲလှယ်မှုများ ရှိမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဟားမတ်စ်က ဖမ်းဆီးထားဆဲ ကျန်ရှိသော ဓားစာခံများသည် စစ်သားများနှင့် စစ်သည်ဟောင်းများဖြစ်ကြောင်း အယ်အာဝိုရီက ပြောကြားရာတွင် “ရန်လိုမှု မရပ်စဲသမျှ ကာလပတ်လုံး ၎င်းတို့နှင့် ပတ်သက်၍ ညှိနှိုင်းမှုများ ပြုလုပ်မည်မဟုတ်” ဟု ပြောကြားခဲ့သည်။ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က ဟားမတ်စ်သည် အမျိုးသမီးနှင့် ကလေး ၁၇ ဦးကို လွှတ်ပေးရန် ငြင်းဆိုထားကြောင်း စနေနေ့တွင် ပြောကြားခဲ့သည်။

အယ်အာဝိုရီက အရွယ်ရောက်ပြီးသော အမျိုးသား ဓားစာခံများ အားလုံးဟာစစ်တပ်တွင် အမှုထမ်းခဲ့ကြသောသူများဖြစ်ပြီး တချို့သည် အရန်စာရင်းတွင် ပါဝင်ဆဲဖြစ်သည်” ယခုအခါတွင်ထိုသူများကို ဟားမတ်စ်က စံနှုန်းအမျိုးမျိုးသတ်မှတ်ထားသည်ဟု အယ်အာဝိုရီမှ ပြောကြားခဲ့သည်။ အမျိုးသား ၁၁၇ ဦးကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက စနေနေ့တွင် ပြောကြားခဲ့သည်။

“အပစ်အခတ် ရပ်စဲပြီးနောက်မှာ ဇီယွန်ဝါဒီ အကျဉ်းသားတွေကို လွှတ်ပေးရေးအတွက် ဈေးနှုန်းဟာ ကျနော်တို့ရဲ့ အကျဉ်းသားအားလုံး လွတ်မြောက်ရေး ဖြစ်တယ်” လို့ စစချင်းနေ့မှာဘဲ ကျနော်တို့ပြောခဲ့တာရှိတယ်ဟု အယ်အာဝိုရီက ပြောကြားခဲ့သည်။

နောက်ထပ်အကြောင်းအရာအချို့။-

ဂါဇာတွင် ဖမ်းဆီးခံထားရသော ဓားစာခံများနှင့်ပတ်သက်၍ အစ္စရေးနှင့် ဟားမတ်စ်တို့ကြား စေ့စပ်ညှိနှိုင်းမှုသည် အမျိုးသမီးအုပ်စုကို လွှတ်ပေးရန် အစ္စရေးက ဆက်လက်တောင်းဆိုနေပြီး ဟားမတ်စ်က ငြင်းဆိုခဲ့ပြီးနောက် စနေနေ့တွင် ဆွေးနွေးညှိနှိုင်းမှုပျက်သွားခဲ့ကြောင်း ဆွေးနွေးပွဲနှင့် နီးစပ်သူတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။

CNN တွင် ယခင်က ဖော်ပြခဲ့သည့်အတိုင်း အမေရိကန်နှင့် အစ္စရေး တာဝန်ရှိသူများက ဟားမတ်စ်သည် Nova ဂီတပွဲတော်တွင် ဖမ်းဆီးခေါ်ဆောင်သွားသော အသက် ၂၀ နှင့် ၃၀ အတွင်း အမျိုးသမီး အများအပြားကို လွှတ်ပေးရန် ငြင်းဆိုထားကြောင်း၊ အဆိုပါ အမျိုးသမီးများသည် စစ်သားများဖြစ်သည်ဟု ဟားမတ်စ်က ပြောဆိုခြင်းကို အစ္စရေးက ငြင်းဆိုထားသည်။

အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ အဆောက်အအုံများမှ မီးခိုးအငွေ့များ ထွက်ပေါ်နေသည့် ဒီဇင်ဘာ ၂ ရက် စနေနေ့တွင် တွေ့မြင်ရစဉ်။

John MacDougall/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး၏ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် အစွမ်းထက် လက်နက်သစ်ကို ဟစ်ဇဘိုလာ ဖြန့်ကြက်ချထား

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 41 Views
CNN-၂၀၂၆ခုနှစ်၊ မေလ(၃)ရက် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တင်ဆောင်လာသည့် ကွက်ကော်ပတာ (quadcopter) ဒရုန်းတစ်စင်းသည် လက်ဘနွန်တောင်ပိုင်းရှိ အိမ်ခေါင်မိုးများပေါ်မှ ဝဲပျံလာပြီး ဗုံးဒဏ်သင့်
နိုင်ငံတကာသတင်း လက်ဘနွမ် ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံးကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 44 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁)ရက် လက်ဘနွန်တောင်ပိုင်းရှိ မြို့တစ်မြို့တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူနှစ်ဦး သေဆုံးပြီး ၁၀ ဦး
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာအပစ်ရပ်စဲရေး လုပ်ငန်းစဉ်များ တုံ့ဆိုင်းနေစဉ် အပစ်ရပ်ပြီးနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေး

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 74 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် အမေရိကန်ဦးဆောင်သည့် အားနည်းလှသော သဘောတူညီချက်ကို ရှေ့ဆက်နိုင်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ဂါဇာအပစ်ရပ်စဲရေးကာလနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဟားမတ်စ်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာရှိ ရာဖာ (Rafah) နယ်စပ်ဂိတ်သည် ၂ နှစ်နီးပါးကြာ ပိတ်ထားခဲ့ပြီးနောက် တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 243 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်မီးတောက်နေသော ဂါဇာဒေသအတွင်းမှ ပါလက်စတိုင်း အရေအတွက် အနည်းငယ်ကို ပြန်လည်ထွက်ခွာခွင့်ပြုမည့် အစီအစဉ်နှင့် အမေရိကန်က ကြားဝင်စေ့စပ်ထားသည့် အပစ်အခတ်ရပ်စဲရေး ပထမအဆင့် အကောင်အထည်ဖော်မှု၏ အစိတ်အပိုင်းအဖြစ်
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ၊ ခန်းယူနစ် အခြေအနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 297 Views
(AP)သတင်း၊ ဒီဇင်ဘာလ ၂၉ရက် ပြီးခဲ့သည့် ရုံးပိတ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ဆောင်းမိုးများ အပြင်းအထန် ရွာသွန်းခဲ့ရာ၊ နှစ်နှစ်ကြာစစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ ခိုလှုံရာ ဒုက္ခသည်စခန်းများတွင် ခြေမျက်စိမြုပ်သည်အထိ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ လပေါင်းများစွာ အသုံးပြုထား၍ စုတ်ပြဲနေသော တဲများအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာနှင့် အနောက်ဖက်ကမ်း (Gaza-West Bank)

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 198 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊၂၈ရက် အနောက်ဖက်ကမ်း၊ ဂျန်နင်မြို့တွင် လက်နက်ချသူနှစ်ဦးကို ပစ်သတ်မှုနှင့်ပတ်သက်၍ အစ္စရေးစစ်ဘက် စုံစမ်းစစ်ဆေးမည် အစ္စရေးအာဏာပိုင်များသည် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်းဒေသ၌ လက်နက်ချအညံ့ခံသည့် ပုံပေါက်နေသော လူနှစ်ဦးကို စစ်သားများက ပစ်သတ်ခဲ့သည့် ဖြစ်ရပ်အား စစ်ဆေးသုံးသပ်လျက်ရှိသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA)
United Nations နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာသို့ နိုင်ငံခြား ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်များ စေလွှတ်ရန် ကုလသမဂ္ဂ ဆွေးနွေးပွဲ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 272 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) သည် ဂါဇာ၏ အနာဂတ်နှင့် ပတ်သက်သော အမေရိကန်ဦးဆောင်ရေးဆွဲသည့် ဆုံးဖြတ်ချက် ကို မကြာသေးမီက အတည်ပြုခဲ့ပြီး ယင်းတွင် နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့ (International Stabilization
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန်

 အစ္စရေး၏ ဂါဇာတိုက်ခိုက်မှုများတွင် လူ ၁၀၄ ဦး သေဆုံးကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြောကြား၊ ဟားမတ်စ်အား စစ်သားသတ်မှုဖြင့် အစ္စရေးကစွပ်စွဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 270 Views
BBC- ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အလယ်ပိုင်း ဂါဇာရှိ နူစိုင်ရတ် ဒုက္ခသည်စခန်းတွင် လူ လေးဦး သေဆုံးခဲ့သည်။ အင်္ဂါနေ့ညက ဂါဇာတွင် အစ္စရေးတို့၏ လှိုင်းလုံးလိုက် လေကြောင်း