နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇွန်လ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကိုင်းမြို့ရှိ တလိုင်းရွာအား စစ်ကောင်စီတပ်ဖွဲ့ စီးနင်းမှု PDF များ ခုခံကာကွယ်ရာ နှစ်ဖက်ထိခိုက်မှုများရှိခဲ့



စစ်ကိုင်းမြို့ရှိ တလိုင်း(ထီးလှိုင်)ရွာအား စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှုများပြုလုပ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခုခံကာကွယ်တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကိုင်းမြို့နယ်ရှိ တလိုင်း(ထီးလှိုင်)ရွာအား စစ်ကောင်စီတပ်ဖွဲ့က ဇူလိုင်လ ၂ရက်နေ့ နံနက် ၃နာရီ ၂၀မိနစ်အချိန်ကစပြီး စီးနင်းမှုများပြုလုပ်ပြီးနောက် နံနက် ၉နာရီ ၅၀မိနစ်အချိန်မှာ ဒေသခံများရဲ့နေအိမ်ကို ရွာအရှေ့ပိုင်းကစပြီး မီးရှို့ဖျက်ဆီးခဲ့ကြတာပါ။



ကျေးရွာအတွင်းသို့ စီးနင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခုခံကာကွယ်တာတွေ ပြုလုပ်ခဲ့တာကြောင့် နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရပြီး စစ်ကောင်စီတပ်ဖွဲ့က တလိုင်းရွာရှိ စာသင်ကျောင်းမှာ အခြေပြုခဲ့ကာ လက်နက်ကြီးများဖြင့် အချက်ရေများစွာ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ တလိုင်း(ထီးလှိုင်)ရွာအတွင်း မီးရှို့ဖျက်ဆီးမှုများကြောင် အိမ်ခြေ ၁၀၀ကျော် မီးလောင်ကျွမ်း ပျက်စီးခဲ့ရတယ်လို့ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုထားပါတယ်။
ယခုအခါ စစ်ကောင်စီတပ်ဖွဲ့သည် တလိုင်းရွာကတစ်ဆင့် ပဒူရွာသို့ ဇူလိုင်လ ၃ရက်နေ့မှာ ပြန်လည်ဝင်ရောက်ခဲ့တာကြောင့် ပဒူရွာရှိ ဒေသခံ ၄၅၀၀ကျော်မှာ စစ်ရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

#Era’sEye
(ပုံစာ – စစ်ကောင်စီတပ်ဖွဲ့က တလိုင်းရွာရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့မှုမြင်ကွင်း။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အင်းတော်ကြီးဒေသက စစ်ကောင်စီတပ်စခန်း (၃)ခုစလုံးကို KIA တိုက်ခိုက်သိမ်းပိုက်

  • 2024 ခုနှစ်၊ ဇွန်လ 24 ရက်
  • 1 Views
ဇွန်လ (၂၄)ရက်။ ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသက စစ်ကောင်စီတပ်စခန်း (၃)ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ အင်းတော်ကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မြင်းခြံမြို့မှာ ဆရာတော်တပါး ပစ်ခတ်ခံရတာကို စစ်ကောင်စီက PDF ကိုထပ်စွပ်စွဲ

  • 2024 ခုနှစ်၊ ဇွန်လ 24 ရက်
  • 15 Views
ဇွန်လ (၂၄)ရက်။ ဇွန်လ (၂၃)ရက်နေ့ နံနက်(၁၂)နာရီ (၁၅)မိနစ်အချိန်က မြင်းခြံမြို့မှာ စခမကျေးရွာက ဆရာတော်တပါး ပစ်ခတ်ခံရပြီး ပျံလွန်ခဲ့တာကို စစ်ကောင်စီက
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ငပလီကမ်းခြေမြို့ရှိ သံတွဲလေဆိပ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီလို့ ဆို

  • 2024 ခုနှစ်၊ ဇွန်လ 24 ရက်
  • 4 Views
ဇွန်လ (၂၄) ရက်။ ငပလီကမ်းခြေမြို့ရှိ သံတွဲလေဆိပ်ကို အာရက္ခတပ်တော် (AA) က မနေ့က သိမ်းပိုက်လိုက်နိုင်တယ်လို့ မြေပြင်စစ်ရေးသတင်းမြစ်ဆီက သိရပါတယ်။ ခမရ (၅၆၆) နှင့် ခလရ (၅၅) တပ်ရင်းကြားရှိ ဇီးဖြူကုန်းကျေးရွာအနောက်ဘက်မှာ တိုက်ပွဲတွေ
မြန်မာသတင်း

စုကလိစခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က (၆)ဦးသေဆုံးကာ တပ်ခွဲမှူး ဗိုလ်မှူးကြီး ၀ဏ္ဏတိုးအပါအ၀င် (၂၁)ဦးဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇွန်လ 23 ရက်
  • 5 Views
ဇွန်လ (၂၃)ရက်။ ကော့ကရိတ်မြို့အရှေ့ခြမ်းက စစ်ကောင်စီရဲ့ စုကလိအခြေစိုက်စခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်ပရ သိရပါတယ်။ စုကလိမြို့အခြေစိုက် စကခ(၁၃)လက်အောက်ခံ၊ ခမရ(၅၆၀)တပ်ရင်းက ဗိုလ်မှူးကြီး ၀ဏ္ဏတိုးနဲ့ ဒုဗိုလ်မှူးကြီး သူရိန်ဦး ဦးဆောင်တဲ့ အဲ့ဒီတပ်စခန်းကို
မြန်မာသတင်း

စုကလိစခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က (၆)ဦးသေဆုံးကာ တပ်ခွဲမှူး ဗိုလ်မှူးကြီး ၀ဏ္ဏတိုးအပါအ၀င် (၂၁)ဦးဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇွန်လ 23 ရက်
  • 5 Views
ဇွန်လ (၂၃)ရက်။ ကော့ကရိတ်မြို့အရှေ့ခြမ်းက စစ်ကောင်စီရဲ့ စုကလိအခြေစိုက်စခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်ပရ သိရပါတယ်။ စုကလိမြို့အခြေစိုက် စကခ(၁၃)လက်အောက်ခံ၊ ခမရ(၅၆၀)တပ်ရင်းက ဗိုလ်မှူးကြီး ၀ဏ္ဏတိုးနဲ့ ဒုဗိုလ်မှူးကြီး သူရိန်ဦး ဦးဆောင်တဲ့ အဲ့ဒီတပ်စခန်းကို
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေဆီ လက်နက်မရောင်းဖို့ ကုလသံအမတ် ဦးကျော်မိုးထွန်း တောင်းဆို

  • 2024 ခုနှစ်၊ ဇွန်လ 23 ရက်
  • 5 Views
ဇွန်လ (၂၃)ရက်။ ကုလအဖွဲ့၀င်နိုင်ငံတွေအနေနဲ့ အကြမ်းဖက်စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေဆီ လက်နက်လွှဲပြောင်းရောင်းချတာ မပြုလုပ်ဖို့ ကုလသံအမတ် ဦးကျော်မိုးထွန်းက ဇွန်လ (၁၉)ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ကုလညီလာခံမှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်အာဏာရှင်ဆီ လက်နက်လွဲပြောင်းရောင်းချတာက မိမိကိုယ်ကိုကာကွယ်ပိုင်ခွင့်နဲ့ ကိုက်ညီတာမရှိဘဲ အရပ်သားတွေအပေါ် ကျူးလွန်တာတွေကို
မြန်မာသတင်း

၀င်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူခဲ့တာကို သည်းခံ ခွင့်လွှတ် မေ့ပျောက်ဖို့ သီတဂူတိုက်တွန်း

  • 2024 ခုနှစ်၊ ဇွန်လ 23 ရက်
  • 6 Views
ဇွန်လ (၂၃)ရက်။ ၀င်းနိမ္မိတာရုံဆရာတော် စစ်တပ်ရဲ့ပစ်ခတ်တာခံရပြီး ပျံလွန်တော်မူခဲ့တာကို သည်းခံ၊ ခွင့်လွှတ်၊ မေ့ပျောက်ဖို့ သီတဂူဆရာတော်က မနေ့က ‌ကျောင်းတိုက်ကို ရောက်ရှိချိန်မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ “ တိုင်းပြည်ရဲ့ အခြေအနေအရ ညီညွတ်ဖို့ အရေးကြီးတဲ့အတွက် အစိုးရနဲ့
မြန်မာသတင်း အမေရိကန်

အမေရိကန်အနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ပိုမိုအရေးယူဖို့ NUG တိုက်တွန်း

  • 2024 ခုနှစ်၊ ဇွန်လ 23 ရက်
  • 7 Views
ဇွန်လ (၂၃)ရက်။ အကြမ်းဖက်စစ်အုပ်စုကို အခုထက် ပိုမိုအရေးယူဆောင်ရွက်ဖို့ NUG လူ့အခွင့်အရေး၀န်ကြီး ဦးအောင်မျိုးမင်းက အမေရိကန်နိုင်ငံခြားရေးထိပ်တန်းအရာရှိ Mr. Robert S. Gilchrist နဲ့ မနေ့က တွေ့ဆုံခဲ့ချိန်မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ နှစ်ဖက်တွေ့ဆုံချိန်မှာ NUG