နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 8 ရက်

အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

လူသတ်တာ(အယ်ဒီတာအာဘော်)

စစ်ပွဲမှာ တဖက်နဲ့တဖက် သတ်ဖြတ်အနိုင်ယူတာဟာ စစ်ရဲ့သဘောဖြစ်တယ်။

လက်ပြန်ကြိုးတုတ်ပြီး ကြိုးပေးတာလူသတ်တာပဲ။
သေနတ်နဲ့ လက်နက်မဲ့တယောက်ကို ပစ်သတ်တာလည်း လူသတ်တာပဲ။
လက်နက်မဲ့တယောက်ကို ဓားနဲ့လည်လှီးသတ်တာလည်း လူသတ်တာပဲ။
လက်နက်မရှိသူတယောက်ကို ခေါင်းဖြတ်သတ်တာလည်း လူသတ်တာပဲ။
ဒီလို လူသတ်မှုတွေကို တရားတယ်၊ မတရားဘူးဆိုတာ ဘယ်လိုတိုင်းတာကြမှာလဲ။

စစ်တိုက်ရင်း တိုက်ပွဲမှာ သူပစ်ကိုယ်ပစ်နဲ့ သေတာကို မပြောလိုပေမဲ့-
ဖမ်းမိတဲ့သူတွေကို သတ်ဖြတ်တာကို တရားတယ်လို့ သတ်ခဲ့သူတွေက ဆိုကြရင်-
တရားမျှတမှုဆိုတဲ့ပေတံနဲ့ တိုင်းတာမှု ရှိရမယ်။ တရားမျှတမှုဆိုတာ ဘက်လိုက်မှု အဂတိကင်းရမယ်။


တရားသဖြင့် ဖြစ်ရမယ်၊ မျှတမှုရှိရမယ်။ အဲဒီလိုမဟုတ်ဘဲ ငါတို့ရန်သူဖက်က အလုပ်အကျွေး ပြုနေသူဖြစ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သတ်တာဆိုရင်တော့ ဒါဟာ ရာဇဝတ်မှု ကျူးလွန်တဲ့ လူသတ်မှုလို့ ပြောရမှာဖြစ်တယ်။ ငါတို့ရန်သူက သတ်နေလို့ ငါတို့ကလည်း သူတို့လို လုပ်မယ်ဆိုတာ ငါတို့ဟာ သူတို့ကို တိုက်ရင်း သူတို့လိုယုတ်မာ ရိုင်းစိုင်းသူတွေ ဖြစ်လာပြီ၊ သူတို့လိုဖြစ်လာပြီလို့ ပြောနေတာနဲ့ အတူတူပဲ။

သူတို့လုပ်ရပ်ကို မကြိုက်ရင် သူတို့လိုမဖြစ်အောင် လုပ်ရမှာပါ။


တော်လှန်ရေးသမားတွေကို ဖမ်းမိရင် စစ်တပ်က နှိပ်စက်ပြီး သတ်တယ်။


ကိုယ့်လူတွေက စစ်ကောင်စီ စစ်သားတွေကို ဖမ်းမိရင် စစ်သုံ့ပန်းဥပဒေနဲ့ ထိန်းသိမ်းထားတယ်ဆိုတာ ဖြစ်သင့်တဲ့အလုပ်။ ကိုယ်တိုင်က ယဉ်ကျေးတဲ့လူ့ဘောင်ကို တည်ဆောက်မယ်ဆိုရင် ဒီလို စည်းမျဉ်း စည်းကမ်းတွေ ရှိရမယ်။ လိုက်နာနိုင်ရမယ်။

မကြာသေးမီက ရောင်နီပြောက်ကျားအဖွဲ့က လူခုနစ်ဦးကို တစ်ပြိုင်တည်း လည်လှီးသတ်ဖြတ်ပြီး မြေကျင်းထဲသို့ တွန်းချခဲ့တဲ့ စိတ်မချမ်းမြေ့စရာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတခုကို စစ်အုပ်စု လိုလားတဲ့ တယ်လီဂရမ်ချန်နယ်ကတဆင့် ပြန့်နှံ့လာခဲ့ပါတယ်။ မကျီးတုံရွာက ဒလန်ပြူးမောင်နဲ့ အဆက်အသွယ် ရှိ မရှိ မေးမြန်းခဲ့တာကို တွေ့ရပြီး သတ်ဖြတ်ခံရတော့မယ့်သူတစ်ဦးက သူ့ရာထူးက ထွေအုပ်ဒုတိယဦးစီးမှူး ဖြစ်တယ်လို့ ဖြေကြားသွားတာကိုလည်း တွေ့လိုက်ရတယ်။

သတ်ဖြတ်ပြီးချိန်မှာ သတ်ဖြတ်သူတွေက လက်သုံးချောင်းထောင်ပြီး ” မြေပြန့်ဒေသက ကျဆုံးသွားတဲ့ PDF ရဲဘော်များရဲ့ သွေးကျွေး ဂလဲ့စား၊ ကြှနျုပျတို့ ရောင်နီပျောက်ကျားတော်လှန်ရေး ရဲဘော်များမှ တောင်တန်းဒေသနှင့် မြေပြန့်ဒေသ PDF ရဲဘော်များကျဆုံးမှုအတွက် စကစမှ စစ်ခွေး၊ ရဲခွေးများအား သူသေ ကိုယ်ရှင် အမြစ်ပြတ်သုတ်သင်ရှင်းလင်းသွားပါမည်ဟု သွေးသစ္စာပြုပါသည် မြေပြန့်မှ တောင်တန်း ဒေသအထိ စကစတပ်မှ စစ်ခွေးများအား ရောင်နီပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့မှ အမြစ်ပါမကျန် သုတ်သင်ရှင်းလင်း သွားပါမည်ဟု ပြည်သူလူထုနှင့် NUG အမျိုးသားညီညွတ်ရေးအစိုးရအား လက်နက်ကိုင်၍ ကတိသစ္စာပြုပါသည်။ အရေးတော်ပုံအောင်ရမည်” ဆိုပြီး ကြွေးကြော်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မိမိရဲ့ အမိန့်ကို နာခံမယ်လို့ ကတိပြုထားတဲ့ အဲ့ဒီလို အဖွဲ့အစည်းတွေကို နိုင်ငံတကာဥပဒေတွေ သိရှိနားလည်လာရန် ပညာပေးသင့်တယ်လို့ မြင်မိပါတယ်။ အဲ့ဒီလို လုပ်ရပ်မျိုးဟာ ယဉ်ကျေးမှုမထွန်းကားတဲ့ အရိုင်းခေတ်က လုပ်ရပ်မျိုးတာကိုလည်း အသိပေးသင့်ပါတယ်။

စစ်အုပ်စုက မြင်းမူမြို့နယ်၊ ခြေတော်ရာကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၇ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဟာလည်း အလွန်စိတ်မချမ်းမြေ့စရာ ကောင်းပါတယ်။

စစ်ကောင်စီအနေနဲ့လည်း တော်လှန်ရေးအင်အားစုများနဲ့ ထိတွေ့တိုက်ခိုက်တဲ့အခါ မိလာတဲ့ တော်လှန်ရေးသမား လူငယ်များက ဘာကြောင့် သူတို့ကို တော်လှန်နေရတာကို နားလည်းသဘောပေါက်ဖို့နဲ့ အရှင်ဖမ်းမိတဲ့သူတွေကို သတ်ဖြတ်တဲ့အထိ အရေးယူတဲ့ကိစ္စဟာလည်း သုံ့ပန်းဥပဒေကို ချိုးဖောက်တာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် တဖက်နဲ့ တဖက်နိုင်ငံတကာက ပြဌာန်းထားတဲ့စစ်ပွဲဆိုင်ရာ ဥပဒေတွေကို လိုက်နာပြီး ဆောင်ရွက်ကြမယ်ဆိုရင် အဖိုးတန် လူ့အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

တော်လှန်ရေးသမားတွေကို ဖမ်းမိရင် စစ်တပ်က နှိပ်စက်ပြီး သတ်တယ်။

ဒါပေမဲ့ တော်လှန်ရေးသမားတွေက စစ်ကောင်စီစစ်သားတွေကို ဖမ်းမိရင် စစ်သုံ့ပန်းဥပဒေနဲ့ ထိန်းသိမ်း ထားတယ်ဆိုတာ ဖြစ်သင့်တဲ့အလုပ် ကိုယ်ကယဉ်ကျေးတဲ့လူ့ဘောင်ကို တည်ဆောက်မယ်ဆိုရင် ဒီလိုစည်းမျဉ်း စည်းကမ်းတွေ ရှိရမှာဖြစ်ပြီး၊ လိုက်နာနိုင်ရမှာလည်း ဖြစ်ပါတယ်။

ရန်သူပင် ဖြစ်လင့်ကစား ကိုယ့်ဖက်ကို ပါအောင် စည်းရုံးနိုင်မှသာ ရန်သူတွေထဲက စစ်ကောင်စီကို စိတ်ကုန်နေတဲ့စစ်ကောင်စီအဖွဲ့ဝင်တွေ ကိုယ့်ဖက်ကို ပါလာမှာ ဖြစ်ပါတယ်။ တိုက်ပွဲတွေမှာ မတိုက်တော့ဘဲ အလွယ်တကူ လက်နက်ချတာမျိုး ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ဘက်ကလည်း သတ်ဖြတ်နေမယ်ဆိုရင် ဘယ်တော့မှ ကိုယ့်ဖက်ပါလာမှာ မဟုတ်တာကို သတိပြုဖို့ လိုပါတယ်။

တော်လှန်ရေးသမားတွေကဖမ်းမိထားတဲ့ စကစတပ်သားတွေ၊ အရာရှိတွေကို စကစကဖမ်းထားတဲ့ တော်လှန်ရေးသမားတွေနဲ့ အကျဉ်းသားလဲလှယ်ရေးကို ကြားခံလုပ်ဆောင်ပေးမဲ့ အဖွဲ့အစည်း မြန်မာပြည်မှာမရှိဘူး။ ယူကရိန်းနဲ့ရုရှား အကျဉ်းသားလဲလှယ်ရေးမှာ နှစ်ဖက်အကျဉ်းသားတွေ လဲလှယ်ယူခဲ့ ကြတာတွေရှိတယ်။ ဒီလိုလုပ်ဆောင်နိုင်မယ်ဆိုရင် နှစ်ဖက်စလုံးအတွက် အကျိုးရှိမယ်လို့ မြင်တယ်။

သတ်စရာလဲမလိုဘူး၊ ထိန်းသိမ်းထားရတဲ့ ဝန်လဲပေါ့သွားမယ်။ ကိုယ့်လူတွေလည်း လွတ်လာမယ်ပေါ့။ တချိန်မှာ ရန်သူတွေဖြစ်နေကြပေမဲ့ တချိန်မှာ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်နိုင်ငံအကျိုးအတွက် လုပ်ဆောင်ရင်း တနေရာရာမှာ ပြန်ဆုံနိုင်ကြတဲ့ မိတ်ဆွေတွေ ဖြစ်လာနိုင်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း အယ်ဒီတာ့အာဘော်

တရုတ်ရဲ့ စွက်ဖက်မှုနဲ့ မြန်မာ့အနာဂတ်နိုင်ငံရေး

  • 2024 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 74 Views
အယ်ဒီတာ့အာဘော် မြောက်ပိုင်းညီနောင် ၃ ဖော်ရဲ့ ၂၀၂၃ ခုနှစ်၊ ၁၀လ ပိုင်း၂၇ရက် (၁၀၂၇) ပထမလှိုင်းမှာ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှလွဲ၍
နိုင်ငံတကာသတင်း အမေရိကန် အယ်ဒီတာ့အာဘော်

လက်ရှိ အမေရိကန်နိုင်ငံရေး တစေ့တစောင်း

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 92 Views
အယ်ဒီတာ့အာဘော် အမေရိကန်တွင် ပါတီကြီးနှစ်ခုက နိုင်ငံရေးတွင် ဦးဆောင်နေပြီး တတိယအုပ်စုအဖြစ် ပေါ်ပေါက်လာရန် ကြိုးစားမှုများရှိသော်လည်း ထိုပါတီကြီးနှစ်ခုကို ယှဉ်နိုင်သည့် လူထုထောက်ခံမှုကို မရရှိနိုင်ခဲ့ကြပေ။
အယ်ဒီတာ့အာဘော်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူတွေကို “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများ ဖြစ်ကြောင်း” ပြောကြား

  • 2024 ခုနှစ်၊ ဇွန်လ 15 ရက်
  • 71 Views
အယ်ဒီတာအာဘော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောကြားခဲ့တဲ့ စကားတွေထဲမှာ အရှက်ကင်းမဲ့စွာ ဗြောင်လိမ်ပြီး မျက်နှာပြောင်တိုက် ပြောခဲ့တဲ့စကားတွေ အများကြီး ပါရှိခဲ့တယ်။ သူဦးစီးတဲ့ စစ်တပ်က မြို့ရွာတွေကို စစ်ထိုးတဲ့အခါ ရွာသူရွာသားတွေ ထွက်ပြေးခဲ့ရပြီး စစ်တပ်က အဲဒီရွာတွေကို မီးတိုက် ကျွဲနွားတရိစ္ဆန်တွေကို
အယ်ဒီတာ့အာဘော်

အရိုင်းအစိုင်းတွေအုပ်ချုပ်တဲ့နိုင်ငံအဖြစ်ခံကြမလား။

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 155 Views
အယ်ဒီတာ့အာဘော် ကမ္ဘာဦးကျောက်ခေတ်က လူမျိုးတမျိုးက လူမျိုးစုတစုကို အင်အားသုံး တိုက်ခိုက်သတ်ဖြတ် လူမျိူးစုတစုကို သူ့ထက်အင်အားကြီးတဲ့လူမျိုးက ကျူးကျော်တိုက်ခိုက်ပြီး ကျွန်ပြုခဲ့တဲ့ အရိုင်းအစိုင်းခေတ်တွေ ရှိခဲ့ပါတယ်။ တဖြည်းဖြည်း ယဉ်ကျေးမှု အဆင့်မြင့်လာတဲ့အခါ အရင်က ကျင့်သုံးခဲ့တဲ့ တောနက်ကြီးဝါဒဟာ လူ့တန်ဖိုးနဲ့မကိုက်ညီတဲ့အတွက် တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ
အယ်ဒီတာ့အာဘော်

မင်းအောင်လှိုင်ရဲ့ရှေ့ကဖုံး နောက်ကပေါ်နေသည့်ဘဝ

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 127 Views
အယ်ဒီတာအာဘော် ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်ကို နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ဖို့ တပ်ကဖိအားပေးတာကို ဖုန်ကြားရှင်က ငြင်းဆန်သည့်အတွက် သူတို့အဖွဲ့ကို လောက်ကိုင်ကနေ တိုက်ထုတ်ပြီး ဖုန်ကြားရှင်ကို သစ္စာဖောက်ပြီး တပ်ဖက်ကို ဘက်ပြောင်းသွားတဲ့ ပယ်ဆောက်ချိန်ကို ကိုးကန့်ခေါင်းဆောင်အဖြစ် ခန့်အပ်ပေးခဲ့သည်။ ပယ်ဆောက်ချိန်က ကိုးကန့်ခေါင်းဆောင်ဖြစ်လာပြီးနောက်
အယ်ဒီတာ့အာဘော်

ကရင်ပြည်နယ်တော်လှန်ရေးအောင်မြင်ရန်လမ်းစ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 220 Views
အယ်ဒီတာ့အာဘော် ကရင်အမျိုးသားတော်လှန်ရေး အဖွဲ့အစည်း KNU သည် အခြားတိုင်းရင်းသားများနည်းတူ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရန် လွတ်လပ်ရေး ရသည့် အချိန်မှစ၍ ယနေ့ကာလအထိ နှစ်ပေါင်း၇၆နှစ် ကြာတိုက်လာသည့် ကမ္ဘာ့တော်လှန်ရေး သက်တမ်းအရင့်ဆုံး အဖွဲ့အစည်းကြီး ဖြစ်သော်လည်း အောင်ပွဲမရနိုင်သေးချေ။ အဘယ့်ကြောင့်အောင်ပွဲမရသနည်းဆိုသည်ကို
အယ်ဒီတာ့အာဘော်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအပေါ် တွေ့ဆုံပြောကြားမှုကို သုံးသပ်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 179 Views
အယ်ဒီတာအာဘော် မင်းအောင်လှိုင်က နိုင်ငံရေးပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်၏ အမာခံဖြစ်ရန်လိုကြောင်း ပြောကြားချက်သည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တပ်မတော်မှနိုင်ငံရေးပါတီများကို ဖျက်သိမ်းခဲ့ပြီး တပ်မတော် တည်ထောင်သည့် ပါတီကိုသာ ရှင်သန်ခွင့်ပေးသည့် တပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို
အယ်ဒီတာ့အာဘော်

စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၄ နှစ်သစ်မိန့်ခွန်းကို စမ်းစစ်သုံးသပ်ကြည့်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 137 Views
ခေတ်မျက်လုံး အယ်ဒီတာအာဘော် ၁။ မိမိကိုယ်ကို သတိုးစည်သူစသည့်ရှည်လျားသည့်ဘွဲ့များ ပေးထားသည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ်နှစ်သစ်မိန့်ခွန်းသည် ယခင်ရှည်လျားသည့်မိန့်ခွန်းများနှင့်အသွင်မတူညီဘဲ တိုတိုတောင်းတောင်း ဖြစ်နေသည်ကို သတိပြုမိသည့်အပြင် သူ့အာဏာသိမ်းယူပြီးနောက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်စွမ်း မရှိဘဲ တနေ့ထက်တနေ့