နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်

ဘောလုံး

ဘောလုံး အားကစား ဥရောပ

၂၀၂၄ မှာ ဘရာဇီးနည်းပြဖြစ်လာမယ့် အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီအနေနဲ့ လာမယ့် ၂၀၂၄ ခုနှစ်မှာ ဘရာဇီးလက်ရွေးစင်နည်းပြဖြစ်လာလိမ့်မယ်လို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌ အက်နယ်ဒို ရိုဒရီဂွက်ဇ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

နည်းပြအန်ဆယ်လော့တီ မကိုင်တွယ်ခင်မှာတော့ ဖလူမီးနန့်စ်အသင်းနည်းပြ ဖာနန်ဒိုဒီနစ်ဇ်က ဘရာဇီးအသင်းကို ခေတ္တတာဝန်ယူကိုင်တွယ်သွားမှာဖြစ်တယ်လို့လည်း ရိုဒရီဂွက်ဇ်က ဆိုပါတယ်။ “ အန်ဆယ်လော့တီအနေနဲ့ ဘရာဇီးလက်ရွေးစင်အသင်းကို ၂၀၂၄ မှာ ရောက်ရှိလာပါလိမ့်မယ်။ အဲဒီမတိုင်ခင်တော့ သူနဲ့ နည်းစနစ်ပိုင်းဆင်တူတဲ့ ဒီနစ်ဇ်က တာဝန်ယူသွားမှာပါ။ ဒီနစ်ဇ်က ယာယီနည်းပြတော့မဟုတ်ပါဘူး”လို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ရိုဒရီဂွက်ဇ်က ထုတ်ဖော်ပြောသွားခဲ့တာပါ။

ဘရာဇီးအသင်းဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီး နည်းပြတီတီ ရာထူးက နုတ်ထွက်သွားခဲ့လို့ နည်းပြလက်မဲ့ဖြစ်နေခဲ့ပြီး လက်ရှိဘရာဇီးအသင်းရဲ့ ခြေစမ်းပွဲတွေကိုတော့ ယူ ၂၀ နည်းပြ ရာမွန်မင်နီဇက်စ်က တာဝန်ယူကိုင်တွယ်နေတာဖြစ်ပါတယ်။

အီတလီနည်းပြအန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လာမယ့်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်မှာဖြစ်ပြီး သူဟာ ၁၉၆၅ ခုနှစ်နောက်ပိုင်း ဘရာဇီးအသင်းကို တာဝန်ယူကိုင်တွယ်တဲ့ ပထမဆုံးနိုင်ငံခြားသာနည်းပြဖြစ်လာတော့မှာပါ။ အန်ဆယ်လော့တီအနေနဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုဖလား ၄ ကြိမ်ရယူနိုင်ခဲ့သူဖြစ်ပေမယ့် လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖူးတဲ့အတွေ့အကြုံတော့မရှိပါဘူး။

#Era’sEye/SportNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အားကစား

ကမ္ဘာ့ဖလားဘောလုံး မဲနှိုက်ပွဲ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 32 Views
CNN- ဒီဇင်ဘာ ၆၊ ၂၀၂၅ ဂီတဖျော်ဖြေမှုအမျိုးမျိုး၊ ကမ္ဘာ့ခေါင်းဆောင်များနှင့် အားကစားဂန္တဝင်ပုဂ္ဂိုလ်များမှ ဧည့်သည်အဖြစ် ပါဝင်မှုများ၊ အဖြေများထက် မေးခွန်းများ ပိုမိုဖြစ်ပေါ်စေခဲ့သည့်
ဂျာမဏီ နိုင်ငံတကာသတင်း ဥရောပ

ဂျာမနီသည် ဥရောပ၏ အင်အားအကြီးဆုံး စစ်တပ်ကို တည်ဆောက်လိုပြီး စစ်မှုမထမ်း မနေရ ဥပဒေသစ်သည် ထိုပန်းတိုင်ကို ပိုမိုနီးစပ်စေသည်။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 59 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၄ရက် ဤနှစ်တွင် ဂျာမနီဝန်ကြီးချုပ် ဖရက်ဒရစ် မာ့ဇ် (Friedrich Merz) က ဥရောပ၏ အင်အား အကြီးဆုံး စစ်တပ်ကို တည်ဆောက်မည်ဟု ကတိပြုခဲ့သည် – ၎င်းသည် နှစ်ပေါင်းများစွာ
နိုင်ငံတကာသတင်း ယူကရိန်း ဥရောပ

“ယူကရိန်း၏ အနာဂတ်သည် ကျွန်ုပ်တို့၏ အနာဂတ်ပင်ဖြစ်သည်”ဟု- ရုရှားအပေါ် စီးပွားရေးဖိအား တိုးမြှင့်ရန် ဥရောပ၏ “လိုလားသူများ မဟာမိတ်အဖွဲ့” က ကတိပြု

  • 2025 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 127 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၆ရက် ဥရောပခေါင်းဆောင်များသည် ယူကရိန်းရှိ စစ်ပွဲကို အဆုံးသတ်ရန် မဟာဗျူဟာများ ဆွေးနွေးရန်အတွက် “လိုလားသူများ မဟာမိတ်အဖွဲ့” (Coalition of the Willing) ဟုခေါ် သော အဖွဲ့ဝင်များ လန်ဒန်မြို့တွင် တွေ့ဆုံခဲ့ကြပြီး၊
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ပူတင်နှင့် ဆွေးနွေးပွဲများ “ မည်သည့်နေရာသို့မှ မရောက်ဟု” ပြောကြားရင်း ထရမ့်က ပိတ်ဆို့မှုအသစ်များ ချမှတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 151 Views
BBC- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၂ရက် ယူကရိန်းတွင် ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရန် မော်စကိုအပေါ် ဖိအားပေးနိုင်ရေး ရည်ရွယ်ချက် ဖြင့် အမေရိကန်က ရုရှား၏ အကြီးဆုံး ရေနံကုမ္ပဏီနှစ်ခုကို ပစ်မှတ်ထားသော ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ကြောင်း ကြေညာလိုက်သည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းအတွက် ‘ပစ်ခတ်စွမ်းအားပြင်းလက်နက်’ များရောက်လာမည်၊ သို့သော် NATO အစည်းအဝေးတွင် တိုမာဟော့ခ် ဒုံးကျည်များ အစီအစဉ်မရှိဟု ဟက်ဂ်ဆက် (Hegseth)က ဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 132 Views
CNN-၂၀၂၅ခုနှစ်၊အောက်တိုဘာလ ၁၅ရက် အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက် (Pete Hegseth) က ဥရောပနိုင်ငံများမှ အမေရိကန်လက်နက်များ ဝယ်ယူမှုများမှတစ်ဆင့် ယူကရိန်းအတွက် “ပစ်ခတ်စွမ်းအားပြင်းလက်နက်” များ ရောက်ရှိလာမည်ဖြစ်သော်လည်း ယင်းတွင် အမေရိကန်လုပ် တိုမာဟော့ခ် (Tomahawk)
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ပြင်သစ် ဓာတ်ပုံသတင်းထောက် ယူကရိန်းတွင် ဒရုန်းဖြင့် သေဆုံးခဲ့ကြောင်း ဓာတ်ပုံအေဂျင်စီ ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 133 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၄ရက် ပြင်သစ်ဓာတ်ပုံသတင်းထောက် အန်တိုနီ လယ်လီကန် (Antoni Lallican) သည် သောကြာနေ့က ယူကရိန်းတွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ သေဆုံးခဲ့သည်ဟု ၎င်း၏ အလုပ်ရှင်နှင့် ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန် တို့က
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် ဥရောပ

ပဋိပက္ခများ ရပ်စဲရေးနှင့် ဂါဇာကို ပြန်လည်တည်ဆောက်ရေး အကြီးအကဲနေရာအတွက် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘလဲယားဖြစ်လာမည်လော?

  • 2025 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 159 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂ရက် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယား သည် ဂါဇာကို ပြန်လည်တည်ဆောက်ရေးတွင် တာဝန်ပေးအပ်ခံရမည့် အဖွဲ့အစည်း၏ အကြီးအကဲ ဖြစ်လာနိုင်ဖွယ်ရှိနေသောကြောင့် နိုင်ငံတကာ၏အာရုံစိုက်အရေးထားမှုထဲသို့ ပြန်လည်ရောက်ရှိလာသည်။ ဘလဲယားသည် ၁၀ ဒေါင်းနင်းလမ်း (ဝန်ကြီးချုပ်အိမ်တော်) တွင်