နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

အင်းတော်တွင် CDM ဆရာမအပါအဝင် အမျိုးသမီးသုံးဦးအား စစ်ကောင်စီမှ ထောင်ဒဏ်တစ်သက် ချမှတ်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အင်းတော်မြို့မှာ CDM ဆရာမအပါအဝင် အမျိုးသမီးသုံးဦးကို CRPH၊ NUG နဲ့ PDF တို့ကို ငွေကြေးထောက်ပံ့မှု ပြုလုပ်ခဲ့တယ်လို့ဆိုပြီး ဧပြီလ (၃) ရက်နေ့က အင်းတော်စစ်ခုံရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊၅၂(က) တို့နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း သိရပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူတွေကတော့ CDM ဆရာမ ဒေါ်သိန်းလှ၊ အရောင်းအဝယ်လုပ်ငန်းလုပ်တဲ့ ဒေါ်ခင်ပြည့်ပြည့်ထွန်းနဲ့ ဒေါ်အေးအေးတို့ဖြစ်ပြီး မတ်လ (၅) ရက်နေ့က စစ်ကောင်စီတပ်များက နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ သူတို့သုံးဦးကို ကသာထောင်မှာ ချုပ်နှောင်ထားကြောင်း သိရပါတယ်။

မတ်လ (၃၁) ရက်နေ့ကလည်း အင်းတော်မြို့က ကိုအေးမင်းထွန်းကို PDF တွေကို နေအိမ်မှာ ထမင်းဟင်းများ ချက်ပြုတ်ကျွေးမွေးကာ ခိုလှုံခွင့်ပြုခဲ့တယ်လို့ဆိုပြီး သက်ဆိုင်ရာသို့ သတင်းပေးပို့ရန် ပျက်ကွက်ခဲ့တယ်ဆိုပြီး အင်းတော်စစ်ခုံရုံးမှ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊၅၂(က) တို့နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း သိရပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ အနောက် မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေအတွင်းမှာ စစ်ခုံရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေတပ်ပြီး ပြည်သူ (၆၅) ဦးကို ထောင်ဒဏ်တွေ ချမှတ်ထားကြောင်းလည်း သိရှိရပါတယ်။

ဓာတ်ပုံ။ Indaw Revolution-IR

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုဘာကြောင့်လွှတ်မပေးရဲတာလဲ?

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 30 Views
တရုတ်- အမေရိကန် တို့ရဲ့ခြေလှမ်း ဒီအပတ်မေလ (၃)ရက်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၅) မှာ ပြောကြားမဲ့အကြောင်းကတော့ စစ်အုပ်စုက ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို
မြန်မာသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်ထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 26 Views
မေလ (၂)ရက်။ နေပြည်တော်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာရောက်ချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်ပေါ်ချက်တွေအရ သိရပါတယ်။ “ ဝမ်ယိက
မြန်မာသတင်း

ရန်ကုန်မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 25 Views
မေလ (၂)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရန်ကုန်မြို့ထဲ အာဏာရှင်ရဲ့ လုံခြုံရေးအစီအမံကို
မြန်မာသတင်း

ရေစကြိုရှိ တောင်အိုစစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 34 Views
မေလ (၂)ရက်။ ဧပြီလ (၃၀)ရက်နေ့ နေ့လယ် (၁၁)နာရီ (၂၅)မိနစ်အချိန်က ရေစကြိုမြို့ရှိ တောင်အိုစစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တောင်အိုစစ်ဆေးရေးဂိတ်က ပြည်သူကို
မြန်မာသတင်း

မြန်မာနိုင်ငံရဲ့ အလုပ်သမားအရေး ဆက်လက်အာရုံစိုက်ပြီး အရေးယူဖို့ နိုင်ငံတကာကို NUG တိုက်တွန်း

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 28 Views
မေလ (၂)ရက်။ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေကို ဆက်လက်အာရုံစိုက်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့က ကမ္ဘာ့အလုပ်သမားနေ့မှာ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်တာကြောင့်
မြန်မာသတင်း

ဖလမ်းမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား (၆)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 28 Views
မေလ (၂)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ဖလမ်းမြို့ရှိ Khawpuichhip ရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ ဂျက်ဖိုက်တာနဲ့ ရွာလယ်ကို ဗုံးကြဲသွားတာ၊ သေဆုံးတာက ကလေးငယ်တွေလဲပါတယ်။ တော်တော်များများလဲ
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးတဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရ

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 33 Views
မေလ (၁)ရက်။ ဧပြီလ (၂၄)ရက်နေ့က လယ်ဒိုမြို့ရှိ လယ်မူသောရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ (၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ်ထဲ အသက် (၁၅)နှစ်အရွယ် နော််တူလိုမူး သေဆုံးခဲ့ပြီး
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့ပြောင်းတာက လွှတ်ပေးတာမဟုတ်ဘူးလို့ သားဖြစ်သူပြော

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 39 Views
မေလ (၁)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့ပြောင်းတာက လွှတ်ပေးတာမဟုတ်ဘူးလို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ပြောဆိုထားတယ်လို့ သိရပါတယ်။ “ သူမကို ရွှေ့ပြောင်းတာက လွှတ်ပေးတာ မဟုတ်ပါဘူး၊ ထောင်ဒဏ်လျှော့ပေါ့တာနဲ့ မသိနိုင်တဲ့နေရာတစ်ခုကို ရွှေ့ပြောင်းတာဟာ အခြေအနေကို မပြောင်းလဲစေပါဘူး”