နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 7 ရက်

နိုင်ငံတကာစီးပွားရေး

နိုင်ငံတကာစီးပွားရေး အရှေ့အလယ်ပိုင်း အာရှ

ထိုင်းနိုင်ငံရဲ့ လယ်ကွင်းတွေမှာ ဗီယက်နမ်ဆန် စိုက်ပျိုးမှုပြဿနာ ကြီးထွား

ဓာတ်ပုံ – Nikkei

ထိုင်းနိုင်ငံ၏ အမှတ်တံဆိပ်ဆန်များ၏ စစ်မှန်မှုကို ကာကွယ်ရန် စည်းမျဉ်းများ ရေးဆွဲထားသော်လည်း လယ်သမားများ သည် ဈေးသက်သာ၍ စိုက်ပျိုးရလွယ်ကူပြီး ထိုင်းဆန်နှင့်တူညီသော ပျော့ပျောင်းသော အသွင်အပြင်ရှိသည့်အပြင်စား သုံးသူများနှင့် လိုက်လျော ညီထွေရှိသော ဗီယက်နမ်မျိုးကွဲများ စိုက်ပျိုးမှုကို တိတ်တဆိတ် ကူးပြောင်းနေကြသည်။

နိုင်ငံခြား စပါးမျိုးကွဲများသည် လယ်သမားများ၏ လိုအပ်သော ကုန်ကျစရိတ်ကို သက်သာစေသော်လည်း အမျိုးသား အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်နေသောပြည်တွင်းစပါးမျိုးကို ထိခိုက်စေခဲ့သည်။ ထိုင်းနိုင်ငံ၏အနာဂတ် ဆန်လုပ်ငန်းသည် ပြည်ပမှ ဆန်မျိုးကွဲများ တင်သွင်းခြင်းအား တင်းကျပ်သော စည်းမျဉ်းများ ချမှတ်ထားသော်လည်း ရှာဖွေတားဆီး၍ မရရှိနိုင်သော ဗီယက်နမ်မျိုးစေ့များ ထိုးဖောက်ဝင်ရောက်လာနေပြီဟု လုပ်ငန်းရှင်များက ပြောသည်။

“ထိုင်းနိုင်ငံ အလယ်ပိုင်းမှာ ရိုင် ၁ သန်းကျော် (ဟက်တာ ၁၆၀,၀၀၀ ကျော်) ဟာ ဗီယက်နမ်စပါးခင်း ဖြစ်လာပါပြီ” ဟု ထိုင်းဆန်တင်ပို့သူများအသင်းဥက္ကဋ္ဌ ချာရွန်လောသာမာတက်စ် (Charoen Laothamatas)က ပြောသည်။ “ထိုင်းမျိုးအစစ်က ဘယ်ဟာလဲ ဗီယက်နမ်မျိုးကွဲကဘယ်ဟာဆိုတာ ဘယ်သူမှ မခွဲခြားနိုင်ပါဘူး။” အသင်းအနေဖြင့် နှစ်စဉ် ဆန်စပါး ထုတ် လုပ်မှုကို စောင့်ကြည့်လေ့လာပြီး တစိတ်တပိုင်းအားဖြင့် ပြည်တွင်းဆန်စက်များ၊ တောင်သူများနှင့် ကုန်သည်များနှင့် ဆွေးနွေးမှုများ ပြုလုပ်သည်။

စပါးမျိုးကွဲများသည် နယ်ပယ်တွင် အဓိကအားဖြင့် ခွဲခြား၍ မရသော်လည်း ထိုလမ်းကြောင်းသစ်သည် ထိုင်းဆန် တင်ပို့မှုအတွက် ထိုင်း၏မျိုးကောင်းမျိုးသန့် အရည်အသွေးပြည့်ဆန်အဖြစ် တံဆိပ်တပ်ထားသည့် လုပ်ဆောင်မှုဗျူဟာ တစ်ခုလုံးကို မေးခွန်းထုတ် စရာဖြစ်လာခဲ့သည်။ “ ဘာမှ မလုပ်ရင် ငါတို့ရဲ့ ဆန်ကို ပရီမီယံအဆင့်အဖြစ် အမြဲတမ်း မြှင့်တင်တဲ့အ တွက် ငါတို့ရဲ့ ဆန်လုပ်ငန်းတစ်ခုလုံး အန္တရာယ်ရှိမယ်ထင်တယ်” ဟု ချာရွန်လောသာမာတက်စ်က ပြောသည်။ “ ကမ္ဘာ့ဆန်တင်ပို့သူရဲ့ အနေအထားမှာ ရှိနေဖို့ ကျွန်တော်တို့ရဲ့ အရည်အသွေးနဲ့ စစ်မှန်မှုကို ဘယ်လို ထိန်းသိမ်း နိုင်မလဲ။” ဟု သူက မေးခွန်းထုတ်သည်။

ထိုင်းနိုင်ငံတွင် အဓိက ကုန်စည်မျိုးကွဲများ တင်သွင်းခြင်းကို တားမြစ်သည့် တင်းကျပ်သော အပင်မျိုးကွဲများ ကာကွယ်ရေး ဥပဒေ ရှိသည်။ ထို့ကြောင့် ထိုင်းမြေပေါ်တွင် စိုက်ပျိုးထားသည့် ဗီယက်နမ်ဆန်အားလုံးသည် တရားမဝင်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော်၍ ဝယ်ယူလာသော မျိုးစေ့များဖြင့် စိုက်ပျိုးကြသည်။ သို့သော် DNA စစ်ဆေးခြင်းမရှိဘဲ ခြားနားချက်ကို မည် သူမျှ မမြင်နိုင်သောကြောင့် လယ်သမားများသည် တရားဝင် ကန့်သတ်ချက်များကို လျစ်လျူရှုလာကြသည်။

ဘန်ကောက်မြို့ မြောက်ဘက် ကီလိုမီတာ ၂၄၀ အကွာရှိ Nakhonsawan ပြည်နယ်မှ အသက် (၄၈) နှစ်အရွယ် လယ်သမား ဆရီချမ်ကန်တာ (Srichan Kanta) က “လွယ်လွယ်ကူကူ စိုက်ပျိုးနိုင်လို့ စိုက်ပျိုးလို့ ကောင်းတဲ့ မျိုးကွဲမျိုးပါ။ “ ၎င်းသည် ပိုးမွှားများကို ခံနိုင်ရည်ရှိပြီး ၎င်း၏ အသားသည် ပျော့ပျောင်းပြီး ဈေးကွက်ဝယ်လိုအားနှင့် ကိုက်ညီပါသည်။”

ထိုင်းနိုင်ငံတွင် စိုက်ပျိုးထားသော ဗီယက်နမ်ဆန်သည်နမူနာ ၈၅ မျိုးရှိသည်ဟု ယူဆရပြီး စိုက်ပျိုးပြီး ရက်ပေါင်း ၉၀ တွင် ရိတ်သိမ်းရန် အသင့်ဖြစ်နေပြီဖြစ်သည်။ အထူးသဖြင့် ထိုင်းနိုင်ငံအလယ်ပိုင်းတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သော ဆည် မြောင်းစနစ်များ ကောင်းမွန်သော တောင်သူလယ်သမားများအတွက် တစ်နှစ်လျှင် အကြိမ်ပေါင်းများစွာ သီးနှံများ စိုက်ပျိုးရန် ပိုမိုလွယ်ကူစေသည်။ ထိုင်းနိုင်ငံသည် ဆယ်စုနှစ် သုံးခုကျော်အတွင်း ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူ ဖြစ်ခဲ့သော်လည်း ထိပ်ဆုံးနေရာကို ဆုံးရှုံးခဲ့ရသည်။ ထိုင်းဆန်မျိုးကွဲများသည် စိုက်ပျိုးရန် ပို၍ ခက်ခဲသည်။

အထူးသဖြင့် မွှေးကြိုင်သော်လည်း ရင့်ကျက်ရန် ရက်ပေါင်း ၁၂၀ အထိ အချိန်ယူရပြီး ရာသီအလိုက် မိုးရွာသွန်းမှုအရ အ ရှေ့မြောက် ကုန်းပြင်မြင့်ဒေသအချို့တွင်သာ တစ်နှစ်လျှင် တစ်ကြိမ်သာ စိုက်ပျိုးနိုင်ပါသည်။ ဗီယက်နမ်ဆန်ကို ထိုင်းနိုင်ငံ အလယ်ပိုင်းကို မည်သည့်အချိန်က ခိုးသွင်းခဲ့သည်ဆိုသည်ကို မည်သူမျှ မသိနိုင်ပါဘူး။ သို့သော် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း လယ်ဧက ၁၆၀,၀၀၀ ကျော်သည် ဗီယက်နမ်မျိုးကွဲများသို့ ပြောင်းသွားခဲ့ပြီး အမြတ်အစွန်းများသော ကုန်တင်ကားကြီးများဖြင့် မျိုးစေ့များကို လယ်သမားများထံမှ ဈေးပိုသက်သာသော ထုတ်လုပ်မှုကို ရှာဖွေသည့် လယ်သမားများထံမှ အရင်းအနှီးပြုရန် လွယ်ကူသည့်နည်းလမ်းကို မြင်နေရသည်ဟု ချောင်ချန်း၏ ခန့်မှန်းချက်အရ သိရသည်။

စစ်မှန်မှုအပေါ် အာရုံစူးစိုက်မှုသည် ထိုင်းဆန်ဈေးကွက်တွင် ပိုမိုပြင်းထန်သော ပြိုင်ဆိုင်မှုကို တွန်းလှန်ရန် အထောက်အကူ မပြုပေ။ ထိုင်းနိုင်ငံသည် ဆယ်စုနှစ် သုံးခုကျော်အတွင်း ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူဖြစ်သည်။ သို့ရာတွင် ၂၀၁၁ ခုနှစ်ကတည်းက တခြားနိုင်ငံများက ကျော်တက် သွားပြီဖြစ်သည်။ အိန္ဒိယသည် ယခုအခါ ကမ္ဘာ့အကြီးဆုံး တင်ပို့သည့်နိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် တန်ချိန် (၂၂) သန်းအထိ တင်ပို့နိုင်ခဲ့သည်။ ထိုင်းနိုင်ငံသည် ဗီယက်နမ်နှင့် ဒုတိယနေရာအတွက် ယှဉ်ပြိုင်နေပြီး တစ်ခုစီမှ တန်ချိန် (၇) သန်းမှ (၇.၅) သန်းကြား တင်ပို့ခဲ့သည်။

ဗီယက်နမ်နှင့် ပြိုင်ဆိုင်မှုသည် ထိုင်းဈေးကွက်မှ လိုချင်သည့် ဆန်မျိုးများကို မှန်ကန်သော ဈေးနှုန်းဖြင့် မကမ်းလှမ်းနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ထိုင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာန (TDRI) မှ သိရသည်။ ဗီယက်နမ်မျိုးကွဲများ ဝင်လာခြင်းသည် ဖိအားကိုသာ တိုးစေသည်။ နိုင်ငံတကာ ကုန်သွယ်မှုအိမ်တော်မှ ကုန်သည်တစ်ဦးက “ ကမ္ဘာ့ဈေးကွက်မှာ လိုအပ်ချက်အမျိုးမျိုးနဲ့ ကိုက်ညီအောင် ထိုင်းနိုင်ငံက သူ့ရဲ့ဆန်မျိုးကွဲတွေကို တီထွင်ထုတ်လုပ်ဖို့ ပျက်ကွက်ခဲ့ရင် ဒါဟာ ပြဿနာကြီး တစ်ခုပါပဲ” ဟု ပြောသည်။

စပါးသုတေသနနှင့် ဖွံ့ဖြိုးရေးကို ကြီးကြပ်သည့် စိုက်ပျိုးရေး ဝန်ကြီးဌာန၏ ဆန်စပါးဌာနသည် စပါးမျိုးကွဲအသစ်များကို အထွက်နှုန်းကောင်းသည့် တောင်သူများထံ ပေးအပ်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့်ဟု ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ ဒါပေမယ့် အဆင့်မြင့် စားသောက်ဆိုင်တွေကနေ စက်မှုဆန်မှုန့် အထိ အမျိုးမျိုးသော လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အမျိုးအစားပေါင်း (၁၇၁) မျိုး တီထွင်ထားတယ်လို့ ဌာနက ပြောပါတယ်။

“ပြဿနာက ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ဖို့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ကုန်ကျစရိတ်နဲ့ ထုတ်လုပ်မှုနဲ့ စီးပွားဖြစ် ထုတ်လုပ်မှုကို အမြင့်မားဆုံးဖြစ်အောင် လယ်သမားတွေဆီ ဖြန့်ဝေပေးဖို့ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု အားနည်း နေတယ်” ဟု Kasikorn Research Center မှ သုတေသီတစ်ဦးက ပြောသည်။ “ ကုန်ထုတ်စွမ်းအား ကျဆင်းခြင်းသည် ထုတ်လုပ်မှုကုန် ကျ စရိတ်ကို မြင့်မားလာစေပြီး ယှဉ်ပြိုင်မှုကို လျှော့ချနိုင်ခြင်းကြောင့် အပြစ်တင်သင့်သည့် အချက်ဖြစ်သည်။

Vietnamese rice in Thailand’s fields poses growing problem Alien strains help farmers meet demand at low cost but dent national brand

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ထုတ် Nikkei Digital စာစောင်ပါ APORNRATH PHOONPHONGPHIPHAT ရေးသားသည့် “ Vietnamese rice in Thailand’s fields poses growing problem” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 23 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 24 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 41 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို
နိုင်ငံတကာသတင်း ဘာသာပြန်သတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် သဘောတူညီချက် လက်မှတ်ရေးထိုးပြီးသည်နှင့် ဆိုင်းငံ့ခံထားရသည့် ရန်ပုံငွေထဲမှ ဒေါ်လာ ၁၂ ဘီလီယံကို ချက်ချင်းအသုံးပြုခွင့်ရရန် အီရန် ကြိုးပမ်းနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 34 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် အမေရိကန်နှင့် ယာယီသဘောတူညီချက် လက်မှတ်ရေးထိုးပြီးသည်နှင့် ဆိုင်းငံ့ခံထားရသည့် ရန်ပုံငွေထဲမှ ဒေါ်လာ ၁၂ ဘီလီယံကို ချက်ချင်းပြန်လည်ထုတ်ပေးရန် အီရန်က တောင်းဆို နေကြောင်း အစိုးရတစ်ပိုင်းဖြစ်သော ဖားစ် (Fars) သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 108 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်သည် “အလွန်ကောင်းမွန်တဲ့ ညှိနှိုင်းရေးအကွက် အချက် (negotiating chip)” တစ်ခုဖြစ်ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ထံ တင်ပြသည့် ကမ်းလှမ်းချက်မှာ “ကျိုးကြောင်းဆီလျော်မှုရှိကြောင်း” ထရမ့်၏ ပယ်ချမှုအပြီးတွင် အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 98 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail Baghaei) က စစ်ပွဲအဆုံးသတ်ရန် အမေရိကန်ထံ တင်ပြခဲ့သည့် အီရန်၏ နောက်ဆုံးကမ်းလှမ်းချက်မှာ ကျိုးကြောင်းဆီလျော်ပြီး