၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်၊ ဂါဇာ။
ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် အလုပ်များ အေဂျင်စီ (UNRWA) က ဝန်ထမ်း (၈၉) ဦးဟာ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုအောက်မှာ သေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က လူမှုကွန်ရက်စာမျက်နှာ X (အရင်က တွစ်တာ) မှာ နိုဝင်ဘာလ (၆) ရက်နေ့က ရေးသားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ဒီလောက်များပြားလှတဲ့ သေဆုံးမှု အရေအတွက်ဟာ ကုလသမဂ္ဂရဲ့ သမိုင်းမှာ မရှိခဲ့ဖူးဘူးလို့ ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောကြားခဲ့ပါတယ်။
ကုလဝန်ထမ်းအများအပြား အသက်ဆုံးရှုံးရမှုအတွက် သူတို့ရဲ့ မိသားစုတွေနှင့်အတူ ဝမ်းနည်းကြေကွဲကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
UNRWA ဘက်ကလည်း ဝန်ထမ်း ၂၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း နို
ဝင်ဘာလ (၇) ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ လုပ်ဖော်ကိုင်ဖက်များစွာ ဆုံးရှုံးရတဲ့အတွက် စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ ကျန်ရစ်သူမိသားစုများအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။
Source: CNN Japan
UNRWA လိုဂိုရေးထားသည့် ကယ်ဆယ်ရေးစခန်းမှ ထရပ်ကားဖြင့် ကယ်ဆယ်ရေးပစ္စည်းများ သယ်ယူနေစဉ်။
Majdi Fathi/NurPhoto/Getty Images