နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးစစ်တွင်းကက်ဘိနက်ဝန်ကြီး၏သားဖြစ်သူ ဂါဇာတွင် ကျဆုံး။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်၊ ဂါဇာ။

ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဂါဇာကမ်းမြောင်ဒေသတွင် စစ်အတွင်းကက်ဘိနက်ဝန်ကြီး ဂါဒီ အီဆင်ကုတ် (Gadi Eisenkot) ၏သား အသက် ၂၅ နှစ်အရွယ် ဂဲလ်အီဆင်ကုတ် (Gal Eisenkot) သေဆုံးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကြေညာခဲ့သည်။

IDF ၏အဆိုအရ ဂဲလ်သည် Herzliya မှ တပ်ကြပ်ကြီးဖြစ်ပြီး 699 တပ်ရင်းနှင့်အတူ တိုက်ခိုက်ရေးစစ်သားတစ်ဦးဖြစ်သည်။

၎င်း၏ဖခင် ဂါဒီသည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နှစ် ၄၀ ကြာ စစ်မှုထမ်းခဲ့သည်။

အောက်တိုဘာလ (၇) ရက်နေ့ တိုက်ခိုက်မှုအပြီးတွင် ၎င်းသည် သီးခြားဌာနတစ်ခု၏ တာဝန်ခံမဟုတ်သော ၀န်ကြီးအဖြစ် စစ်အစိုးရအဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ ၎င်း၏နိုင်ငံရေးပါတီသည် ကာကွယ်ရေးဝန်ကြီးဟောင်း Gantz ဦးဆောင်သော အမျိုးသားညွန့်ပေါင်းအဖွဲ့ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် အစ္စရေးပါလီမန်တွင် ရွေးချယ်ခံခဲ့ရသည်။

အောက်တိုဘာ (၇) ရက်ကတည်းက ယခုအထိ ဂါဇာကမ်းမြောင်ဒေသမှာ IDF တပ်ဖွဲ့ဝင် ၈၈ ဦး ကျဆုံးခဲ့ပါသည်။

အစ္စရေးဝန်ကြီးချုပ် နေတင်ယာဟုက X (ယခင် Twitter) တွင် ဝမ်းနည်းကြောင်း အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့သည်။

“ အစိုးရနဲ့ အစ္စရေးပြည်သူတွေဟာ မင်းရဲ့ဆုံးရှုံးမှုကို အတူတကွ ဝမ်းနည်းပူဆွေးနေကြတယ်။ ငါတို့ရဲ့သူရဲကောင်းတွေ သေဆုံးမှုဟာ အချည်းနှီး မဟုတ်ဘူး။ ငါတို့အနိုင်ရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်။”

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) မှ ဂါဒီ အီဆင်ကုတ်နှင့် သူ၏သား ဂဲလ်အီဆင်ကုတ် (Gal Eisenkot) / CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အာရှ

တရုတ်နိုင်ငံတွင် တချို့က ထရန့်ကို မော်စီတုံး၏တစ္ဆေအဖြစ် ရှုမြင်ကြသည်

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 12 Views
+++++++++++++++ ဒင်းသည် ၎င်း၏ ဆယ်ကျော်သက်အရွယ်တွင် ဥက္ကဌ မော်စီတုံး၏ တော်လှန်သော အတွေးအခေါ်များကို ထက်သန်စွာ ယုံကြည်သူအဖြစ် တရုတ်နိုင်ငံတွင် ကြီးပြင်းလာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန်

သမ္မတဟောင်း ဂျိုးဘိုင်ဒင် ဆီးကျိတ်ကင်ဆာဖြစ်ပွားနေဟု ကြေညာ

  • 2025 ခုနှစ်၊ မေလ 19 ရက်
  • 13 Views
မေလ (၁၉) ရက်။ အမေရိကန် သမ္မတဟောင်းဘိုင်ဒင်သည် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနေကြောင်း စစ်ဆေးတွေရှိခဲ့ရသည်ဟု အမေရိကန်သမ္မတဟောင်းဘိုင်ဒင်၏ ရုံးခန်းက မေလ ၁၈
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာမှာ ကြီးမားတဲ့ မြေပြင်ကျူးကျော်ထိုးစစ် ပြုလုပ်ခဲ့ကြောင်း အစ္စရေး ကြေညာ

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 15 Views
မေလ (၁၈) ရက်။ အစ္စရေးစစ်တပ်သည် ပါလက်စတိုင်းထိန်းချုပ်ထားသော ဂါဇာမြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ကြီးမားသောမြေပြင်ကျူးကျော်မှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်း ၁၈ ရက်နေ့တွင် ကြေညာခဲ့သည်။ ရိုက်တာနှင့် အခြားသတင်းအေဂျင်စီများ၏ အဆိုအရ အစ္စရေးနှင့် အစ္စလမ္မစ်အဖွဲ့ ဟားမတ်စ်တို့သည် ကာတာနိုင်ငံ၌ အပစ်အခတ်ရပ်စဲရေး
နိုင်ငံတကာသတင်း အမေရိကန်

ကမ္ဘာကျော်သဌေးကြီး ဝါရင်ဘတ်ဖတ်က ကုမ္ပဏီရာထူးမှ နုတ်ထွက်ရသည့် အကြောင်းရင်းကို ထုတ်ဖော်ပြော

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 10 Views
မေလ (၁၈) ရက်။ ၁၄ ရက်နေ့ထုတ် Wall Street ဂျာနယ်နှင့် အင်တာဗျူးတွင် ကျော်ကြားတဲ့ အမေရိကန်ရင်းနှီးမြှုပ်နှံသူ အသက် (၉၄) နှစ်အရွယ် ဝါရင်ဘတ်ဖတ်က ဘာ့ခ်ရှီးယား ဟက်သာဝေး ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏စီအီးအိုကနေ နုတ်ထွက်ရတဲ့အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အီရန်အပေါ် ရန်လိုတဲ့ထရန့်ဟာ “ အဆင့်နိမ့်လွန်းတယ်” လို့ အီရန်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 22 Views
မေလ (၁၇) ရက်။ အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အီရန်အပေါ် ရန်လိုတဲ့ မှတ်ချက်စကားကို သူ့အနေနဲ့ တုံ့ပြန်ရန်မထိုက်တန်ဘူးလို့ ၁၇ ရက်နေ့က အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောကြားခဲ့တယ်လို့ အီရန်မီဒီယာတွေရဲ့
နိုင်ငံတကာသတင်း အမေရိကန်

ဆိုရှယ်မီဒီယာမှာ တင်ထားသည့်ပို့စ်ကြောင့် “ FBI ညွှန်ကြားရေးမှူးဟောင်းကို တရားစွဲတာဟာ အကျိုးမရှိနိုင်ဘူး” ဟု ဥပဒေနဲ့ လုံခြုံရေးကျွမ်းကျင်သူတွေပြော

  • 2025 ခုနှစ်၊ မေလ 17 ရက်
  • 23 Views
မေလ (၁၇) ရက်။ FBI ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းစ်ကိုမေ (James Comey) သည် ဂဏန်းနံပါတ်လေးခု ရေးသားထားသော ပင်လယ်ခွံ ရုပ်ပုံတစ်ပုံကို တင်ခဲ့ပြီးနောက် သမ္မတ ‌ဒေါ်နယ်ထရန့်၏ အသက်အန္တရာယ်အတွက် စိုးရိမ်ကြောင်း အမေရိကန်ထောက်လှမ်းရေးညွှန်ကြားရေးမှူးက ထုတ်ဖော်ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း ဥရောပ

ငြိမ်းချမ်းရေးဆွေး‌နွေးပွဲအပြီး နာရီပိုင်းအတွင်း ရုရှားလက်စွမ်းပြ

  • 2025 ခုနှစ်၊ မေလ 17 ရက်
  • 21 Views
မေလ (၁၇) ရက်။ ဆူမီဒေသတွင် ရုရှားဘတ်စ်ကားတစ်စီး တိုက်ခိုက်မှုကြောင့် ကိုးဦးသေဆုံးကြောင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး နာရီပိုင်းအကြာတွင် ယူကရိန်းက ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရုရှားမောင်းသူမဲ့ လေယာဉ်တစ်စီး၏ တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး လူကိုးဦး သေဆုံးပြီး ခုနစ်ဦး
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မြန်မာနိုင်ငံတွင် တရုတ်ဦးဆောင်သည့် ရာဇဝတ်ဂိုဏ်းများက လူကုန်ကူးခံရသူများကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများ ဆက်လက်လည်ပတ်နေ

  • 2025 ခုနှစ်၊ မေလ 17 ရက်
  • 140 Views
မေလ (၁၇) ရက်။ လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် (CSNHTV) က မြန်မာနိုင်ငံတွင် တရုတ်ဦးဆောင်သည့် ရာဇ၀တ်ဂိုဏ်းများက ဖမ်းဆီးထိန်းသိမ်းထားဆဲ လူကုန်ကူးခံရသူများကို ကယ်တင်ရန် အရေးပေါ် အရေးယူဆောင်ရွက်ရန် တောင်းဆိုထားသည်။ ယင်းဒုက္ခသည်များထဲတွင် ကင်မရွန်း၊ အီသီယိုးပီးယား၊