နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

အားကစား

အားကစား

အိမ်ကွင်းမှာ နောက်က လိုက်သွင်းပြီး သရေတစ်မှတ် ခွဲယူခဲ့ရတဲ့ မန်ယူ

တနင်္ဂနွေညက ရင်ဆိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၈) ပွဲကျန်မှာ မန်ယူအသင်းက လိဒ်ယူနိုက်တက်ကို မာကပ်ရက်ရှ်ဖို့ဒ်၊ ဆန်ချိုတို့ရဲ့ ချေပဂိုးတွေကြောင့် ၂ ဂိုးစီ သရေကျပြီး တစ်မှတ်ခွဲဝေယူနိုင်ခဲ့ပါတယ်။

မန်ယူအသင်းဟာ ပွဲပယ်ခံထားရတဲ့ ကက်စမဲရိုး၊ ဒဏ်ရာရနေတဲ့ အဲရစ်ဆင်တို့ကြောင့် လူစုံပွဲထုတ်နိုင်ခဲ့ခြင်းမရှိဘဲ တိုက် စစ်မှာ ဝက်ဟော့စ်၊ ကွင်းလယ်မှာ ဂနာချို၊ ရက်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်၊ ဖရက်နဲ့ ဆာဘစ်ဆာတို့ကို ပွဲထုတ်လာခဲ့ပြီး ခံစစ်ပိုင်းမှာတော့ ဒါလော့၊ ဗာရန်း၊ မာတီနက်ဇ်၊ လုခ်ရှောတို့နဲ့ ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပွဲအစ တစ်မိနစ်မှာပဲ လိဒ်ယူနိုက်တက်တောင်ပံကစားသမား ဂနွန်တိုက ဂိုးဧရိယာပြင်ပက အမှတ်မထင်ကန်ချက်ကြောင့် မန်ယူအသင်းဂိုးစပေးခဲ့ရပါတယ်။ နည်းပြအပြောင်းအလဲပြုလုပ်ထားတဲ့ လိဒ်ယူနိုက်တက်ဟာ အဝေးကွင်းမှာ မန်ယူအသင်းကို အကောင်းဆုံးရင်ဆိုင်နိုင်ခဲ့ပြီး ပွဲချိန်ပထမပိုင်းတစ်လျှောက် အစောပိုင်းမှာရရှိထားတဲ့ ဂိုးကို ထိန်းထားနိုင်ခဲ့တာပါ။

မန်ယူအသင်းက ချေပဂိုးရမယ့်အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် တောင်ပံကစားသမား ဂနာချိုရဲ့ အပိုင်ကန်ချက်တွေ ဂိုးပေါက်လွဲချော်နေခဲ့လို့ ပွဲချိန်ပထမပိုင်းမှာ လိဒ်ယူနိုက်တက်ကပဲ တစ်ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းအစမှာလည်း ဂနွန်တိုရဲ့ဖန်တီးပေးမှုကနေ ဆမ်မာဗီးက ကန်သွင်းရာမှာ မန်ယူနောက်ခံလူ ဗာရန်းနဲ့ထိပြီး ဂိုးဝင်သွားခဲ့လို့ လိဒ်ယူနိုက်တက် ဒုတိယဂိုး ထပ်မံရရှိခဲ့ပါတယ်။ ၂ ဂိုးပြတ်ဦးဆောင်ခြင်းခံလိုက်ရတဲ့ မန်ယူအသင်းဟာ ဝက်ဟော့စ်နေရာမှာ ဆန်ချို၊ ဂနာချိုနေရာမှာ ပယ်လစ္စထရီကို အစားထိုးပြီး ကစားပုံအပြောင်းအလဲပြုလုပ်ခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ အထောင်တိုက်စစ်မှူးအဖြစ် ပြောင်းလဲကစားတဲ့ ရက်ရှ်ဖို့ဒ်ကြောင့် မန်ယူရဲ့တိုက်စစ် ပိုမြိုင်လာခဲ့ပြီး ပွဲချိန် ၆၂ မိနစ်မှာ ဒါလော့ရဲ့ ဖြတ်တင်ဘောကနေ ရက်ရှ်ဖို့ဒ်က ခေါင်းတိုက်သွင်းယူခဲ့လို့ ချေပဂိုးတစ်ဂိုး ပြန်ရခဲ့ပါတယ်။

ဒါ့အပြင် ပွဲချိန်မိနစ် ၇၀ မှာ ဆန်ချိုက လိဒ်ယူနိုက်တက်နောက်ခံလူတွေကြားကနေ လှလှပပကန်သွင်းပြီး ဒုတိယချေပဂိုးသွင်းယူခဲ့တာကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူအသင်း တစ်မှတ်ခွဲယူနိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်အိမ်ကွင်း ၁၀ ပွဲဆက် ရှုံးပွဲမရှိရလဒ်ကောင်းကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Sport အားကစား

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကို ဖီဖာက အရေးယူတော့မှာမဟုတ်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 75 Views
ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် အက်ဒ်နယ်ဒို ရိုဒရီဂွက်ဇ် ပြန်လည်ရွေးချယ်ခံရပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေနဲ့ အရေးယူမှုတွေ ဆက်လုပ်သွားမှာ မဟုတ်ဘူးလို့ ဖီဖာရဲ့တရားရေးရာ ဒါရိုက်တာ အီမီလီယိုဂါစီယာက အတည်ပြုပြောဆိုလိုက်ပါတယ်။
အားကစား

တိုင်ဆန်ဖြူရီကို စိန်ခေါ်ထိုးမယ့် အန်ဂါနူးဆိုတာ…

  • 2023 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 105 Views
ဘောက်ဆင်ဟဲဗီးဝတ်ချန်ယီယံနဲ့ သိုင်းပေါင်းစုံဟဲဝီးဝိတ်ချန်ပီယံတို့ဗိုလ်လုပွဲ။ ဖရင့်စစ်အန်ဂါနူး (FRANCIS NGANNOU) က UFC ဟဲဝီးဝိတ်ချန်ပီယံ ဖြစ်ပြီး အခု WBC ဘောက်ဆင်ဟဲဗီးဝိတ်ချန်ပီယံ
ဘောလုံး အားကစား

ပွဲမပြီးဆုံးခင် အိမ်ပြန်ကြတဲ့ ပရိသတ်တွေထဲမှာ မန်ယူပရိသတ်များထိပ်ဆုံးက ရပ်တည်နေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 153 Views
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲမပြီးဆုံးခင် အိမ်ပြန်ကြတဲ့ ပရိသတ်တွေထဲမှာ မန်ယူပရိသတ်တွေ အဆိုးရွားဆုံးဖြစ်တယ်လို့ ပရိသတ်အခြေပြုစစ်တမ်းတစ်ရပ်မှာ ဖော်ပြသွားခဲ့ပါတယ်။ Betfair ကုမ္ပဏီရဲ့ YouGov စစ်တမ်းမှာ ပရိသတ် ၁၃၀၀ ကျော် ပါဝင်ခဲ့ကြပြီး သူတို့ရဲ့ အဖြေတွေအရ မန်ယူပရိသတ်တွေဟာ ပွဲမပြီးခင်
ဘောလုံး အားကစား

ဝူဗာဟမ်တန်ကွင်းလယ်လူ နူနက်စ်ကို ခေါ်ယူဖို့ မန်စီးတီးသဘောတူညီမှုရရှိ

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 111 Views
မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်ကွင်းလယ်လူ မက်သရူးနူနက်စ်ကို ပြောင်းရွှေ့ကြေးပေါင် ၄၇.၃ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပေမယ့် မက်သရူးနူနက်စ်နဲ့ကတော့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် မရသေးပါဘူး။ ကစားသမားနဲ့ပါ သဘောတူညီမှု
ဘောလုံး အားကစား

နည်းပြဇာဗီရဲ့နည်းစနစ်ပိုင်းကို တိုက်စစ်မှူးလီဝန်ဒေါစကီးဝေဖန်

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 116 Views
ဗီလာရီးရဲလ်အသင်းနဲ့ရင်ဆိုင်ကစားခဲ့တဲ့ တနင်္ဂနွေနေ့က လာလီဂါပွဲစဉ်မှာ တိုက်စစ်ကစားသမား အလုံအလောက် ပွဲထုတ်ခြင်းမရှိခဲ့တဲ့အပေါ် တိုက်စစ်မှူး လီဝန်ဒေါစကီးက ဘာစီလိုနာနည်းပြဇာဗီရဲ့ နည်းစနစ်ပိုင်းကို ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဗီလာရီးရဲလ်အသင်းကို အဝေးကွင်းမှာ ခက်ခက်ခဲခဲရင်ဆိုင်ကစားခဲ့ရပြီး ဂါဗီ၊ ဒီဂျောင်၊ ဖာရန်တောရက်စ်၊ လီဝန်ဒေါစကီးတို့ရဲ့ သွင်းဂိုးတွေကြောင့်
ဘောလုံး အားကစား

ဒဏ်ရာကြောင့် မန်ယူနောက်ခံလူ ဗာရန်း ၆ ပတ်ခန့်အနားယူရဖွယ်ရှိနေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 107 Views
နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် မန်ယူနောက်ခံလူ ဗာရန်ဟာ ရက်သတ္တပတ် ၆ ပတ်ခန့်အနားယူရဖွယ်ရှိနေပါတယ်။ ဗာရန်းရဲ့ ဒဏ်ရာပြဿနာကြောင့် မေဆင်မောင့်၊ လုခ်ရှောတို့ ဒဏ်ရာရနေတဲ့ မန်ယူအသင်းအတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာခဲ့ရပါတယ်။ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ဗာရန်းဟာ ဒဏ်ရာကြောင့်
ဘောလုံး အားကစား

ဟာမိုဆိုဘက်က ရပ်တည်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီထုတ်ပြန်

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 156 Views
ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲ အောင်ပွဲခံအခမ်းအနားမှာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ရူဘီယာလက်စ်ရဲ့ နမ်းခြင်းခံခဲ့ရတဲ့ စပိန်ကစားသမား ဂျင်နီဟာမိုဆိုဘက်က အပြည့်အ၀ ရပ်တည်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဘယ်သူမဆို လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို စိန်ခေါ်မှုဖို့ တောင်းဆိုခွင့်ရှိတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီရဲ့ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ စပိန်ကစားသမားဟာမိုဆိုဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးအောင်ပွဲခံနေစဉ်
ဘောလုံး အားကစား

လူကာကူကို ရိုးမားအသင်းထံ အငှားချဖို့ ချဲလ်ဆီးအသင်းသဘောတူညီမှုရရှိ

  • 2023 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 118 Views
ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူးလူကာကူကို ရိုးမားအသင်းထံအငှားချဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ လူကာကူအတွက် ပေါင် ၅ သန်းနဲ့ အငှားချဖို့ သဘောတူညီမှုရရှိခဲ့တာပါ။ အသက် ၃၀ အရွယ် လူကာကူဟာ ပြီးခဲတဲ့ရာသီက အင်တာမီလန်အသင်းမှာ အငှားနဲ့သွားကစားခဲ့ပြီး