နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

အတွေးအမြင်ကဏ္ဍ

အတွေးအမြင်ကဏ္ဍ ဥရောပ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း နိုင်ငံထူထောင်ခြင်း (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြချီတက်ပွဲသို့ သမီးနှင့်အတူ တက်ရောက်ခဲ့

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ နိုင်ငံထူထောင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် စက်တင်ဘာလ (၉) ရက်နေ့မှာ ကျင်းပခဲ့တဲ့ စစ်ရေးပြချီတက်ပွဲကို တက်ရောက်ခဲ့တာကို မြောက်ကိုရီးယားအစိုးရပိုင် ကိုရီးယားဗဟို သတင်းအေဂျင်စီ (Korean Central News Agency (KCNA)) က ဖော်ပြခဲ့တာပါ။


KCNA ရဲ့ အဆိုအရ အဲ့ဒီစစ်ရေးပြချီတက်ပွဲကို အရံတပ်ဖွဲ့များနှင့် စက်မှုအလုပ်သမားများက ကင်အီစွန်း (Kim Ii Sung) ရင်ပြင်ကို ချီတက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ ကင်ဂျုံအွန်းကတော့ သူ့ရဲ့သမီးနှင့်အတူ စစ်ရေးပြချီတက်ပွဲသို့ တက်ရောက်ခဲ့ပါတယ်။


ဒါ့အပြင် ကင်ဂျုံအွန်းဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေကို လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ သူနှင့်အတူရှိနေတဲ့ သမီးဖြစ်သူမှာ ကင်ဂျိုအေ (Kim Joo-ae) ဖြစ်တယ်လို့ ယူဆရပါတယ်။
ဒုတိယဝန်ကြီးချုပ် Liu Guozhong ဦးဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့နဲ့ ရုရှားစစ်တီးဝိုင်းအဖွဲ့လည်း တက်ရောက်ခဲ့ကြောင်း KCNA က ဖော်ပြခဲ့ပါတယ်။ မြို့တော် ပြုံယမ်း အခြေစိုက် သံတမန်များကိုလည်း ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။


KCNA ရဲ့ အဆိုအရ ရုရှားသမတ ပူတင်ရဲ့ သဝဏ်လွှာမှာ ရုရှားနဲ့ မြောက်ကိုရီးယားကြား ဆက်ဆံရေးဟာ “အမြဲတမ်း ချစ်ကြည်ရင်းနှီးမှု၊ အိမ်နီးချင်းကောင်းနဲ့ အပြန်အလှန် လေးစားမှုတို့အပေါ် အခြေခံပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်” လို့ ဆိုခဲ့ပြီး “ကြိုးပမ်းအားထုတ်မှုများကို ပေါင်းစပ်ခြင်းနဲ့ ကဏ္ဍတိုင်းမှာ နှစ်နိုင်ငံဆက်ဆံရေးကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ကြောင်းလည်း” ဖော်ပြခဲ့ပါတယ်။


ရှီရဲ့ သဝဏ်လွှာမှာတော့ “ တရုတ်နိုင်ငံဟာ မဟာဗျူဟာကြတဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းစေပြီး လုပ်ငန်းအဆင့် ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း နက်နက်ရှိုင်းရှိုင်း မြှင့်တင်ကာ တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေးကို မြှင့်တင်ရန် အဆင်သင့်ရှိကြောင်း” ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။


Source: CNN, Japan/Photo: KCNA/Reuters
နိုင်ငံထူထောင်ခြင်း (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြချီတက်ပွဲမှာ သမီးဖြစ်သူနှင့်အတူ တွေ့ရှိရသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် တောင်ကိုရီးယား နိုင်ငံတကာသတင်း ဥရောပ

အမေရိကန်သည်မဟာမိတ်များအပေါ် တင်းမာနေချိန် တရုတ်သမတကကမ္ဘာ့ နိုင်ငံအများအပြားနှင့် သံတမန်ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်‌

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 45 Views
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၂၆ ခုနှစ်၏ အစောပိုင်း သီတင်းပတ်များအတွင်း တရုတ်နိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်သည်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ဥရောပ၏ ‘လက်တွေ့ဘဝသစ်’ – အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးများ ပြိုကွဲသွားခဲ့သည့် သီတင်းပတ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် ဘရပ်ဆဲလ်မြို့ — ဒေါ်နယ်ထရမ့်အနေဖြင့် ကမ္ဘာသစ်တစ်ခုကို တည်ဆောက်ရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အတွက် ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးနှင့် အားကစားဆိုင်ရာ ထူးခြားသော သတင်းများကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 75 Views
နိုင်ငံရေးနှင့် စစ်ရေးသတင်းများ (Politics & Wars) ၁။ ဒေါ်နယ်ထရန့်၏ “ ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (Board of Peace) နှင့် ဂါဇာအပစ်ရပ်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်(Davos)မြို့ တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အာတိတ်ဒေသအတွက် အားပြိုင်ပွဲကြီး – ရုရှား၊ တရုတ်နှင့် အမေရိကန်တို့ အဘယ်ကြောင့် အာရုံစိုက်နေကြသနည်း?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 94 Views
အာတိတ်ဒေသအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုသည် အဘယ်ကြောင့် အလွန်အရေးကြီး သနည်း? CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်း (Greenland) ကို အမေရိကန်၏ အစိတ်အပိုင်းတစ်ခု
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဒါးဗို့စ် (Davos) မှာ ပြောကြားခဲ့တဲ့ ထရမ့်ရဲ့ ရန်လိုမှုတွေပြည့်နှက်နေတဲ့ မိန့်ခွန်းကနေ ကောက်နုတ်ချက် ၅ ချက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 64 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့ – ဆွစ်အယ့်ပ်စ်တောင်တန်းမှာ ဗုဒ္ဓဟူးနေ့က စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ အစိုးရတာဝန်ရှိသူတွေကို ပြောကြားခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရှည်လျားထွေပြားပြီး ရန်လိုတဲ့မိန့်ခွန်းဟာ အနောက်အုပ်စုမဟာမိတ်အဖွဲ့
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန်သမ္မတ ထရန့်က ဂရင်းလန်းကျွန်း (Greenland) ကို ဝယ်ယူရန် ပြင်းပြင်းထန်ထန် ကြိုးပမ်းလာမှုကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) ကြားတွင် ကြီးမားသော သံတမန်ရေးနှင့် စီးပွားရေး ပဋိပက္ခများ ဖြစ်ပွားနေပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 71 Views
၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၀  ထရန့်၏ စီမံကိန်း (The Trump Plan) သမ္မတ ထရန့်သည် ဂရင်းလန်းကို ဝယ်ယူရေးမှာ အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် အာတိတ်ဒေသတွင် ရုရှားနှင့် တရုတ်တို့၏ ဩဇာလွှမ်းမိုးမှုကို တားဆီးရန် “
ဂျာမဏီ နိုင်ငံတကာသတင်း နော်ဝေး ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ထရမ့်၏ သွင်းကုန်ခွန် နှင့် ဥရောပ၏ ‘ကုန်သွယ်ရေး ဘာဇူကာ’ – ဂရင်းလန်း အရေးအခင်းကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 60 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် သမ္မတ ဒေါ်နယ်ထရမ့်၏ ဂရင်းလန်းကျွန်း (Greenland) အရေးနှင့် ပတ်သက်ပြီး နောက်ဆုံး ထုတ်ပြန်လိုက်သည့် သွင်းကုန်ခွန် ခြိမ်းခြောက်မှုများနှင့် ဥရောပ၏ တုံ့ပြန် ဆောင်ရွက်နိုင်ခြေ ရှိသည့်
နိုင်ငံတကာသတင်း အမေရိကန် အီရန် ဥရောပ

နို့ဘူးများ၊ ခွေးဆွဲလျှောတိုက်လှည်းများနှင့် အီရန်ကို ဗုံးကြဲမည့်ခြိမ်းခြောက်မှုများကြားမှ ထရမ့်၏ ‘ရူးသွပ်ဖွယ်ကမ္ဘာ’ အကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 66 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ဒေါ်နယ်ထရမ့် ပြောသလိုဆိုလျှင်တော့ ဒါဟာ “ရူးသွပ်နေတဲ့ ကမ္ဘာကြီး” (Crazy world) ပါပဲ။ ကမ္ဘာ့စိတ်အာရုံကို ဖမ်းစားထားနိုင်ပြီး လူကို အလွန်အမင်း မောဟိုက်နွမ်းနယ်စေသည့် အမေရိကန်သမ္မတ၏ သြဇာအာဏာမှာ ဗုဒ္ဓဟူးနေ့တွင်