နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

အတွေးအမြင်ကဏ္ဍ

အတွေးအမြင်ကဏ္ဍ ဥရောပ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း နိုင်ငံထူထောင်ခြင်း (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြချီတက်ပွဲသို့ သမီးနှင့်အတူ တက်ရောက်ခဲ့

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ နိုင်ငံထူထောင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် စက်တင်ဘာလ (၉) ရက်နေ့မှာ ကျင်းပခဲ့တဲ့ စစ်ရေးပြချီတက်ပွဲကို တက်ရောက်ခဲ့တာကို မြောက်ကိုရီးယားအစိုးရပိုင် ကိုရီးယားဗဟို သတင်းအေဂျင်စီ (Korean Central News Agency (KCNA)) က ဖော်ပြခဲ့တာပါ။


KCNA ရဲ့ အဆိုအရ အဲ့ဒီစစ်ရေးပြချီတက်ပွဲကို အရံတပ်ဖွဲ့များနှင့် စက်မှုအလုပ်သမားများက ကင်အီစွန်း (Kim Ii Sung) ရင်ပြင်ကို ချီတက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။ ကင်ဂျုံအွန်းကတော့ သူ့ရဲ့သမီးနှင့်အတူ စစ်ရေးပြချီတက်ပွဲသို့ တက်ရောက်ခဲ့ပါတယ်။


ဒါ့အပြင် ကင်ဂျုံအွန်းဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေကို လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ သူနှင့်အတူရှိနေတဲ့ သမီးဖြစ်သူမှာ ကင်ဂျိုအေ (Kim Joo-ae) ဖြစ်တယ်လို့ ယူဆရပါတယ်။
ဒုတိယဝန်ကြီးချုပ် Liu Guozhong ဦးဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့နဲ့ ရုရှားစစ်တီးဝိုင်းအဖွဲ့လည်း တက်ရောက်ခဲ့ကြောင်း KCNA က ဖော်ပြခဲ့ပါတယ်။ မြို့တော် ပြုံယမ်း အခြေစိုက် သံတမန်များကိုလည်း ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။


KCNA ရဲ့ အဆိုအရ ရုရှားသမတ ပူတင်ရဲ့ သဝဏ်လွှာမှာ ရုရှားနဲ့ မြောက်ကိုရီးယားကြား ဆက်ဆံရေးဟာ “အမြဲတမ်း ချစ်ကြည်ရင်းနှီးမှု၊ အိမ်နီးချင်းကောင်းနဲ့ အပြန်အလှန် လေးစားမှုတို့အပေါ် အခြေခံပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်” လို့ ဆိုခဲ့ပြီး “ကြိုးပမ်းအားထုတ်မှုများကို ပေါင်းစပ်ခြင်းနဲ့ ကဏ္ဍတိုင်းမှာ နှစ်နိုင်ငံဆက်ဆံရေးကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ကြောင်းလည်း” ဖော်ပြခဲ့ပါတယ်။


ရှီရဲ့ သဝဏ်လွှာမှာတော့ “ တရုတ်နိုင်ငံဟာ မဟာဗျူဟာကြတဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းစေပြီး လုပ်ငန်းအဆင့် ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း နက်နက်ရှိုင်းရှိုင်း မြှင့်တင်ကာ တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေးကို မြှင့်တင်ရန် အဆင်သင့်ရှိကြောင်း” ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။


Source: CNN, Japan/Photo: KCNA/Reuters
နိုင်ငံထူထောင်ခြင်း (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြချီတက်ပွဲမှာ သမီးဖြစ်သူနှင့်အတူ တွေ့ရှိရသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 82 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက် Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 112 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 203 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 188 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1.07K Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 845 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “ အင်အားကြီးနိုင်ငံ” တစ်ခုကဲ့သို့ စတင်ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားကာ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် မိမိကိုယ်ကိုယ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 167 Views
BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato) အဖွဲ့အား “ ပိုမို၍ ဥရောပဆန်လာစေရန်နှင့် အင်အားတောင့်တင်းနေစေရန်” ဥရောပအနေဖြင့် ၎င်း၏ကာကွယ်ရေးကဏ္ဍ မြှင့်တင်ရေးကို
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ

မြန်မာနိုင်ငံကို ဒေါက်တာ ဒေးဗစ် ဟော့ကင်းစ် (Dr. David R. Hawkins, M.D., Ph.D. (1927-2012)) ၏ Power vs Force နှင့် သုံးသပ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 282 Views
Grace ရေးသားသည်။ ကျမငယ်ငယ်တုန်းက ၁၀ နှစ်ကနေ ၁၄ နှစ်လောက်မှာ ကျမအဖိုးဆီကို သွားတိုင်း ဒလကနေ ကော့မှူးကို ကားနဲ့သွားရင်း လမ်းဘေးကို ကြည့်လိုက်တိုင်း အမြဲတမ်း စဉ်းစားမိတဲ့အချက်တခုရှိတယ်။ အဲ့ဒီလမ်းဘေးတလျှောက်မှာ လူတွေက တဲအိမ်လေးတွေနဲ့နေကြရတယ်။ အိမ်လို့သာပြောတာ