နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

မြန်မာတပ်မတော် Standard Army ဖြစ်ရန်အများကြီးလိုသေးသည်။

တပ်ချုပ်မင်းအောင်လှိုင်က သူ့အနေနှင့် သူဦးစီးနေသော တပ်မတော်ကြီးကို Standard Army ကြီး ဖြစ်လာရန်မျှော်မှန်း တည်ဆောက်နေကြောင်း ပြောကြားထားသည်။

သို့ရာတွင် သူ့အုပ်ချုပ်နေသော တပ်မတော်သည် မြန်မာ့တပ်မတော်အဖြစ်မှ အကြမ်းဖက်တပ်အဖြစ် ပြည်သူအများစုက မြင်နေကြပြီး စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့များသည် မြန်မာသမိုင်းတွင် မဖြစ်ဖူးသော အညာဒေသ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်း ဒေသကြီးများရှိ အာဏာသိမ်းမှုကိုလက်မခံသည့် မြန်မာမြို့ရွာများကို ဦးတည်ပြီး ရွာပေါင်းထောင်ချီ၍ ဖျက်စီးခြင်း အိမ်ပေါင်းသောင်းချီ၍ မီးတိုက်ခြင်းတို့အပြင် အပြစ်မဲ့ ရွာသူရွာသားများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကလေးသူငယ်များ၊ အမျိုးသမီးများကိုပါ ညှာတာမှု မရှိဘဲ သတ်ဖြတ်လျက်ရှိသည်ကို ဝမ်းနည်းစွာ တွေ့မြင်နေရသည်။ ထိုအပြစ်မဲ့ အင်အားမရှိသောသူများကိုပင်မချန် ရက်စက်ပြနေခဲ့သည်။


စစ်ကောင်စီတပ်ကို တွန်းလှန်နေသည့် နယ်မြေခံတော်လှန်ရေးသမားများနှင့် ပီဒီအက်ဖ်များကို အရှင်မိလျှင်လည်း စစ်သုံပန်းအဖြစ် မထားဘဲ နှိပ်စက်ညှင်းပန်းပြီး ရက်စက်စွာ အပိုင်းပိုင်း ဖြတ်သတ်ဖြတ်သလို မီးရှို့သတ်မှုများလည်း ရှိသည်။ စစ်ကောင်စီမှ ထိုလုပ်ရပ်တချို့ကို ဗြောင်ငြင်းပယ်နေသော်လည်း မှတ်တမ်းဓါတ်ပုံများက ငြင်းမရနိုင်ပေ။


စစ်အုပ်စု၏ သူပုန်အဖြစ် သတ်မှတ်ခံထားရသော ကေအင်ယူ တော်လှန်ရေးအဖွဲ့က စစ်ပွဲတွင်ဖမ်းမိသော စစ်သားများကို စစ်သုံ့ပန်းများအဖြစ် ကောင်းမွန်စွာထားသော်လည်း တိုင်းပြည် ကာကွယ်နေပါသည်ဆိုသည့် မြန်မာ့တပ်မတော်ကြီးက လူမဆန်သည့် ရက်စက်မှုများကို ဗြောင်ကျကျကျုးလွန်လျက်ရှိသည်မှာ Standard Army ဖြစ်လာရန်မဖြစ်နိုင်ကြောင်း မီးမောင်းထိုးပြနေပေသည်။


ယခုနောက်ဆုံး ဖြစ်ပေါ်လာသည့် စိတ်မချမ်းမြေ့စရာကိစ္စမှာ မဲဆောက်တွင်အဖမ်းခံခဲ့ရသည့် Lion Battalion PDF ရဲဘော်လူငယ် ၃ ဦးကို ထိုင်းလူဝန်မှုကြီးကြပ်ရေးအဖွဲ့မှ ညှိနှိုင်းနေသည့်ကြားမှ စစ်ကောင်စီ လက်အောက် BGF ဂိတ်သို့ ရည်ရွယ်ချက်ရှိရှိ ပို့ပေးခဲ့ခြင်းကြောင့် ထိုလူငယ်များကို BGF မှဖမ်းဆီးပြီး စစ်ကောင်စီလက်သို့ ပို့ပေးခဲ့သည်။


အကျဉ်းသားလူငယ်များကို လက်ထိပ် ခြေထိပ်ခတ်လျက် မျက်နှာ အဝတ်စည်းပြီး ဖမ်းဆီးခေါ်ဆောင်သွားသည့်ပုံကိုလည်း ထင်ထင်ရှားရှား တင်ပြထားသည်မှာ ကမ္ဘာပေါ်ရှိ မည်သူ့ကိုမျှ ဂရုမစိုက်ကြောင်း မည်သည့် စစ်ဥပဒေသကိုမျှ လိုက်နာမည်မဟုတ်ကြောင်း စိန်ခေါ် လိုက်ခြင်း ဖြစ်သည်။


စစ်သုံပန်းဥပဒေကိုမလိုက်နာသည့် စစ်ကောင်စီ၏အကြမ်းဖက်တပ်သည် မင်းအောင်လှိုင်မျှော်မှန်းသည့် Standard Army ဖြစ်ရန်ဝေးစွ သာမန် Regular Army ပင် ဖြစ်ရန်မလွယ်သေးကြောင်းသုံးသပ်တင်ပြလိုက်ပါသည်။

ခေတ်မျက်လုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း အယ်ဒီတာ့အာဘော်

တရုတ်ရဲ့ စွက်ဖက်မှုနဲ့ မြန်မာ့အနာဂတ်နိုင်ငံရေး

  • 2024 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 29 Views
အယ်ဒီတာ့အာဘော် မြောက်ပိုင်းညီနောင် ၃ ဖော်ရဲ့ ၂၀၂၃ ခုနှစ်၊ ၁၀လ ပိုင်း၂၇ရက် (၁၀၂၇) ပထမလှိုင်းမှာ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှလွဲ၍
နိုင်ငံတကာသတင်း အမေရိကန် အယ်ဒီတာ့အာဘော်

လက်ရှိ အမေရိကန်နိုင်ငံရေး တစေ့တစောင်း

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 55 Views
အယ်ဒီတာ့အာဘော် အမေရိကန်တွင် ပါတီကြီးနှစ်ခုက နိုင်ငံရေးတွင် ဦးဆောင်နေပြီး တတိယအုပ်စုအဖြစ် ပေါ်ပေါက်လာရန် ကြိုးစားမှုများရှိသော်လည်း ထိုပါတီကြီးနှစ်ခုကို ယှဉ်နိုင်သည့် လူထုထောက်ခံမှုကို မရရှိနိုင်ခဲ့ကြပေ။
အယ်ဒီတာ့အာဘော်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူတွေကို “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများ ဖြစ်ကြောင်း” ပြောကြား

  • 2024 ခုနှစ်၊ ဇွန်လ 15 ရက်
  • 48 Views
အယ်ဒီတာအာဘော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောကြားခဲ့တဲ့ စကားတွေထဲမှာ အရှက်ကင်းမဲ့စွာ ဗြောင်လိမ်ပြီး မျက်နှာပြောင်တိုက် ပြောခဲ့တဲ့စကားတွေ အများကြီး ပါရှိခဲ့တယ်။ သူဦးစီးတဲ့ စစ်တပ်က မြို့ရွာတွေကို စစ်ထိုးတဲ့အခါ ရွာသူရွာသားတွေ ထွက်ပြေးခဲ့ရပြီး စစ်တပ်က အဲဒီရွာတွေကို မီးတိုက် ကျွဲနွားတရိစ္ဆန်တွေကို
အယ်ဒီတာ့အာဘော်

အရိုင်းအစိုင်းတွေအုပ်ချုပ်တဲ့နိုင်ငံအဖြစ်ခံကြမလား။

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 126 Views
အယ်ဒီတာ့အာဘော် ကမ္ဘာဦးကျောက်ခေတ်က လူမျိုးတမျိုးက လူမျိုးစုတစုကို အင်အားသုံး တိုက်ခိုက်သတ်ဖြတ် လူမျိူးစုတစုကို သူ့ထက်အင်အားကြီးတဲ့လူမျိုးက ကျူးကျော်တိုက်ခိုက်ပြီး ကျွန်ပြုခဲ့တဲ့ အရိုင်းအစိုင်းခေတ်တွေ ရှိခဲ့ပါတယ်။ တဖြည်းဖြည်း ယဉ်ကျေးမှု အဆင့်မြင့်လာတဲ့အခါ အရင်က ကျင့်သုံးခဲ့တဲ့ တောနက်ကြီးဝါဒဟာ လူ့တန်ဖိုးနဲ့မကိုက်ညီတဲ့အတွက် တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ
အယ်ဒီတာ့အာဘော်

မင်းအောင်လှိုင်ရဲ့ရှေ့ကဖုံး နောက်ကပေါ်နေသည့်ဘဝ

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 105 Views
အယ်ဒီတာအာဘော် ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်ကို နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ဖို့ တပ်ကဖိအားပေးတာကို ဖုန်ကြားရှင်က ငြင်းဆန်သည့်အတွက် သူတို့အဖွဲ့ကို လောက်ကိုင်ကနေ တိုက်ထုတ်ပြီး ဖုန်ကြားရှင်ကို သစ္စာဖောက်ပြီး တပ်ဖက်ကို ဘက်ပြောင်းသွားတဲ့ ပယ်ဆောက်ချိန်ကို ကိုးကန့်ခေါင်းဆောင်အဖြစ် ခန့်အပ်ပေးခဲ့သည်။ ပယ်ဆောက်ချိန်က ကိုးကန့်ခေါင်းဆောင်ဖြစ်လာပြီးနောက်
အယ်ဒီတာ့အာဘော်

ကရင်ပြည်နယ်တော်လှန်ရေးအောင်မြင်ရန်လမ်းစ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 166 Views
အယ်ဒီတာ့အာဘော် ကရင်အမျိုးသားတော်လှန်ရေး အဖွဲ့အစည်း KNU သည် အခြားတိုင်းရင်းသားများနည်းတူ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရန် လွတ်လပ်ရေး ရသည့် အချိန်မှစ၍ ယနေ့ကာလအထိ နှစ်ပေါင်း၇၆နှစ် ကြာတိုက်လာသည့် ကမ္ဘာ့တော်လှန်ရေး သက်တမ်းအရင့်ဆုံး အဖွဲ့အစည်းကြီး ဖြစ်သော်လည်း အောင်ပွဲမရနိုင်သေးချေ။ အဘယ့်ကြောင့်အောင်ပွဲမရသနည်းဆိုသည်ကို
အယ်ဒီတာ့အာဘော်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအပေါ် တွေ့ဆုံပြောကြားမှုကို သုံးသပ်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 144 Views
အယ်ဒီတာအာဘော် မင်းအောင်လှိုင်က နိုင်ငံရေးပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်၏ အမာခံဖြစ်ရန်လိုကြောင်း ပြောကြားချက်သည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တပ်မတော်မှနိုင်ငံရေးပါတီများကို ဖျက်သိမ်းခဲ့ပြီး တပ်မတော် တည်ထောင်သည့် ပါတီကိုသာ ရှင်သန်ခွင့်ပေးသည့် တပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို
အယ်ဒီတာ့အာဘော်

စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၄ နှစ်သစ်မိန့်ခွန်းကို စမ်းစစ်သုံးသပ်ကြည့်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 108 Views
ခေတ်မျက်လုံး အယ်ဒီတာအာဘော် ၁။ မိမိကိုယ်ကို သတိုးစည်သူစသည့်ရှည်လျားသည့်ဘွဲ့များ ပေးထားသည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ်နှစ်သစ်မိန့်ခွန်းသည် ယခင်ရှည်လျားသည့်မိန့်ခွန်းများနှင့်အသွင်မတူညီဘဲ တိုတိုတောင်းတောင်း ဖြစ်နေသည်ကို သတိပြုမိသည့်အပြင် သူ့အာဏာသိမ်းယူပြီးနောက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်စွမ်း မရှိဘဲ တနေ့ထက်တနေ့