နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

အားကစား

အားကစား

ကစားသမားဘ၀မှ အနားယူပြီလို့ ဂါရတ်ဘေးလ် ကြေညာ

ရီးရဲလ်မက်ဒရစ်နဲ့ စပါးတောင်ပံကစားသမားဟောင်း ဂါရတ်ဘေးလ်ဟာ ကစားသမားဘ၀ကနေ အနားယူပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဘေးလ်ဟာ ဝေးလ်လက်ရွေးစင်အသင်းအတွက် ပွဲအများဆုံးကစားထားသူဖြစ်ပြီး သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နာကတဆင့် ကြေညာခဲ့တာပါ။

ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား ၅ ကြိမ်အထိ ရယူနိုင်ခဲ့ဖူးသူဖြစ်သလို ဝေးလ်ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားအဖြစ်လည်း သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ကစားသမားဘ၀ကနေ အနားယူမယ့် ကိစ္စကို အချိန်ယူစဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သူ့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။


ဝေးလ်နိုင်ငံ၊ ကာဒစ်ဖ်မြို့မှာ မွေးဖွါးခဲ့တာ ဘေးလ်ဟာ ကစားသမားဘ၀ကို ဆောက်သမ်တန်အသင်းမှာ စတင်ခဲ့ပြီး အဲဒီကတစ်ဆင့် စပါးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေမှာ ပြောင်းရွှေ့ကစားခဲ့တာဖြစ်လို့ သူ့အနေနဲ့ ဝေးလ်ကလပ်တွေမှာ လုံး၀မကစားခဲ့ဖူးပါဘူး။

ရီးရဲလ်မက်ဒရစ်အသင်းမှာ ချန်ပီယံလိဂ်ဆုဖလား ၅ ကြိမ်၊ လာလီဂါဆုဖလား ၃ ကြိမ်အပါအဝင် ဖီဖာကလပ်ကမ္ဘာ့ဖလား ၃ ကြိမ်နဲ့ ဥရောပစူပါဖလား၊ စပိန်ဘုရင့်ဖလားတွေ ရရှိခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာ အသင်းနဲ့ ဆက်ဆံရေးပျက်ယွင်းပြီး မေဂျာလိဂ်ကလပ်လော့စ်အိန်ဂျလိစ်အသင်းကို ပြောင်းရွှေ့ကစားခဲ့ရပါတယ်။


ကစားသမားဘ၀တစ်လျှောက်မှာ ဝေးလ်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၁၁ ပွဲကစား၊ ၄၁ ဂိုးသွင်းယူကာ ယူရို ၂၀၁၆ ပြိုင်ပွဲနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

Era’sEyes | #SportNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Sport အားကစား

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကို ဖီဖာက အရေးယူတော့မှာမဟုတ်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 75 Views
ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် အက်ဒ်နယ်ဒို ရိုဒရီဂွက်ဇ် ပြန်လည်ရွေးချယ်ခံရပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေနဲ့ အရေးယူမှုတွေ ဆက်လုပ်သွားမှာ မဟုတ်ဘူးလို့ ဖီဖာရဲ့တရားရေးရာ ဒါရိုက်တာ အီမီလီယိုဂါစီယာက အတည်ပြုပြောဆိုလိုက်ပါတယ်။
အားကစား

တိုင်ဆန်ဖြူရီကို စိန်ခေါ်ထိုးမယ့် အန်ဂါနူးဆိုတာ…

  • 2023 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 105 Views
ဘောက်ဆင်ဟဲဗီးဝတ်ချန်ယီယံနဲ့ သိုင်းပေါင်းစုံဟဲဝီးဝိတ်ချန်ပီယံတို့ဗိုလ်လုပွဲ။ ဖရင့်စစ်အန်ဂါနူး (FRANCIS NGANNOU) က UFC ဟဲဝီးဝိတ်ချန်ပီယံ ဖြစ်ပြီး အခု WBC ဘောက်ဆင်ဟဲဗီးဝိတ်ချန်ပီယံ
ဘောလုံး အားကစား

ပွဲမပြီးဆုံးခင် အိမ်ပြန်ကြတဲ့ ပရိသတ်တွေထဲမှာ မန်ယူပရိသတ်များထိပ်ဆုံးက ရပ်တည်နေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 153 Views
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲမပြီးဆုံးခင် အိမ်ပြန်ကြတဲ့ ပရိသတ်တွေထဲမှာ မန်ယူပရိသတ်တွေ အဆိုးရွားဆုံးဖြစ်တယ်လို့ ပရိသတ်အခြေပြုစစ်တမ်းတစ်ရပ်မှာ ဖော်ပြသွားခဲ့ပါတယ်။ Betfair ကုမ္ပဏီရဲ့ YouGov စစ်တမ်းမှာ ပရိသတ် ၁၃၀၀ ကျော် ပါဝင်ခဲ့ကြပြီး သူတို့ရဲ့ အဖြေတွေအရ မန်ယူပရိသတ်တွေဟာ ပွဲမပြီးခင်
ဘောလုံး အားကစား

ဝူဗာဟမ်တန်ကွင်းလယ်လူ နူနက်စ်ကို ခေါ်ယူဖို့ မန်စီးတီးသဘောတူညီမှုရရှိ

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 111 Views
မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်ကွင်းလယ်လူ မက်သရူးနူနက်စ်ကို ပြောင်းရွှေ့ကြေးပေါင် ၄၇.၃ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပေမယ့် မက်သရူးနူနက်စ်နဲ့ကတော့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် မရသေးပါဘူး။ ကစားသမားနဲ့ပါ သဘောတူညီမှု
ဘောလုံး အားကစား

နည်းပြဇာဗီရဲ့နည်းစနစ်ပိုင်းကို တိုက်စစ်မှူးလီဝန်ဒေါစကီးဝေဖန်

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 116 Views
ဗီလာရီးရဲလ်အသင်းနဲ့ရင်ဆိုင်ကစားခဲ့တဲ့ တနင်္ဂနွေနေ့က လာလီဂါပွဲစဉ်မှာ တိုက်စစ်ကစားသမား အလုံအလောက် ပွဲထုတ်ခြင်းမရှိခဲ့တဲ့အပေါ် တိုက်စစ်မှူး လီဝန်ဒေါစကီးက ဘာစီလိုနာနည်းပြဇာဗီရဲ့ နည်းစနစ်ပိုင်းကို ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဗီလာရီးရဲလ်အသင်းကို အဝေးကွင်းမှာ ခက်ခက်ခဲခဲရင်ဆိုင်ကစားခဲ့ရပြီး ဂါဗီ၊ ဒီဂျောင်၊ ဖာရန်တောရက်စ်၊ လီဝန်ဒေါစကီးတို့ရဲ့ သွင်းဂိုးတွေကြောင့်
ဘောလုံး အားကစား

ဒဏ်ရာကြောင့် မန်ယူနောက်ခံလူ ဗာရန်း ၆ ပတ်ခန့်အနားယူရဖွယ်ရှိနေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 107 Views
နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် မန်ယူနောက်ခံလူ ဗာရန်ဟာ ရက်သတ္တပတ် ၆ ပတ်ခန့်အနားယူရဖွယ်ရှိနေပါတယ်။ ဗာရန်းရဲ့ ဒဏ်ရာပြဿနာကြောင့် မေဆင်မောင့်၊ လုခ်ရှောတို့ ဒဏ်ရာရနေတဲ့ မန်ယူအသင်းအတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာခဲ့ရပါတယ်။ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ဗာရန်းဟာ ဒဏ်ရာကြောင့်
ဘောလုံး အားကစား

ဟာမိုဆိုဘက်က ရပ်တည်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီထုတ်ပြန်

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 156 Views
ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲ အောင်ပွဲခံအခမ်းအနားမှာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ရူဘီယာလက်စ်ရဲ့ နမ်းခြင်းခံခဲ့ရတဲ့ စပိန်ကစားသမား ဂျင်နီဟာမိုဆိုဘက်က အပြည့်အ၀ ရပ်တည်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဘယ်သူမဆို လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို စိန်ခေါ်မှုဖို့ တောင်းဆိုခွင့်ရှိတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီရဲ့ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ စပိန်ကစားသမားဟာမိုဆိုဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးအောင်ပွဲခံနေစဉ်
ဘောလုံး အားကစား

လူကာကူကို ရိုးမားအသင်းထံ အငှားချဖို့ ချဲလ်ဆီးအသင်းသဘောတူညီမှုရရှိ

  • 2023 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 118 Views
ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူးလူကာကူကို ရိုးမားအသင်းထံအငှားချဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ လူကာကူအတွက် ပေါင် ၅ သန်းနဲ့ အငှားချဖို့ သဘောတူညီမှုရရှိခဲ့တာပါ။ အသက် ၃၀ အရွယ် လူကာကူဟာ ပြီးခဲတဲ့ရာသီက အင်တာမီလန်အသင်းမှာ အငှားနဲ့သွားကစားခဲ့ပြီး