နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

တောင်တရုတ်ပင်လယ်က တင်းမာမှုတွေအတွက် တရုတ်နဲ့ ဖိလစ်ပိုင်အပြန်အလှန်စွပ်စွဲ

အငြင်းပွါးမှုတွေရှိနေတဲ့တောင်တရုတ်ပင်လယ်အတွင်း တရုတ်နဲ့ဖိလစ်ပိုင်သင်္ဘောတွေ ထိပ်တိုက်တိုးပြီး ရေလမ်းကြောင်း အငြင်းပွါးရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲ ပြောဆိုနေကြပါတယ်။ တရုတ်ကမ်းရိုးစောင့် သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်အတွင်း လှည့်ပတ်သွားလာနေတဲ့ ဖိလစ်ပိုင်အရပ်သားထောက်ပံ့ရေးသင်္ဘောတွေကို အလွန်ပြင်းထန်တဲ့ Water Cannon တွေနဲ့ ပစ်ခတ်နေပြီး အဲဒီလို ပစ်ခတ်မှုကြောင့် သင်္ဘောအင်ဂျင်တွေပျက်စီးခဲ့ရတယ်လို့ ဖိလစ်ပိုင်ဘက်က စွပ်စွဲပြောဆိုခဲ့ပါတယ်။ အလားတူ တရုတ်ဘက်ကလည်း ဖိလစ်ပိုင်သင်္ဘောတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့သင်္ဘောတွေကို ဝင်တိုက်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က ထုတ်ပြန်တဲ့ဗီဒီယိုမှာတော့ တရုတ်ကမ်းရိုးတန်းစောင့်သင်္ဘောဟာ ဖိလစ်ပိုင်စစ်သင်္ဘောနဲ့ အရပ်သား သင်္ဘောတွေကို ပြင်းထန်နဲ့ Water Cannon နဲ့ ပစ်ခတ်နေတာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့လအနည်းငယ်ခန့်က အငြင်းပွါးဖွယ်ရာ သူတို့ရဲ့ ပိုင်နက်မြေပုံကို ထုတ်ပြန်ခဲ့ပြီး တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါး သူတို့ပိုင်ဆိုင်တယ်လို့ ကြေညာထားပါတယ်။ ကုန်သွယ်မှုတန်ဖိုး တစ်နှစ်ကို ဒေါ်လာ 3 ထရီလီယံလောက် ရှိတဲ့ တောင်တရုတ်ပင်လယ်ဟာ အရေးပါတဲ့ ကုန်သွယ်မှုလမ်းကြောင်းတစ်ခုဖြစ်ပြီး တရုတ်ရဲ့ ပိုင်နက်သစ်မှာ ဖိလစ်ပိုင်အပါအဝင်၊ မလေးရှား၊ ဗီယက်နမ်၊အင်းဒိုနီးရှားနဲ့ ဘရူနိုင်းနိုင်ငံတွေကလည်း သူတို့ရဲ့ ရေပိုင်နက်တွေ ပါဝင်နေတယ်လို့ ကန့်ကွက်ထားကြတာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့် ရက် ၁၀၀ ပြည့် အထိမ်းအမှတ်အတွက် Times မဂ္ဂဇင်းနှင့် အင်တာဗျူး ကောက်နှုတ်ချက်

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 15 Views
+++++++++++++++++++++++++++++++ ကနေဒါကို သိမ်းပိုက်ဖို့၊ ရှီကျင့်ဖျင်ကို စကား‌ပြောခြင်း၊ တတိယအကြိမ် အရွေးခံမည့် အခြေအနေ၊ စသည့် TIMEမှ ထရန့် အင်တာဗျူးမှ
နိုင်ငံတကာသတင်း အမေရိကန်

ဝန်ကြီးချုပ် ကာနေးက ရွေးကောက်ပွဲအနိုင်ရကြောင်း ကြေညာ

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 16 Views
ထရန့်၏ ခြိမ်းခြောက်မှုများကို ကနေဒါသည် ဘယ်သောအခါမှ အညံ့ခံမည်မဟုတ်ဟုဆို ဧပြီလ (၂၉) ရက်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ မရပ်မနား ရန်စမှုများနှင့် လွန်ကဲသော
နိုင်ငံတကာသတင်း အမေရိကန်

သမ္မတထရန့်ကို လူထုထောက်ခံမှုကျဆင်း

  • 2025 ခုနှစ်၊ ဧပြီလ 28 ရက်
  • 16 Views
ဧပြီလ (၂၈) ရက်။ ယခုလ ၂၉ ရက်နေ့တွင် သမ္မတထရန့် သမ္မတအဖြစ်တာဝန်ယူပြီးနောက် ရက်ပေါင်း ၁၀၀ ပြည့်မြောက်မည့်နေ့ရက် ဖြစ်သည်။ သမ္မတထရန့်၏ လူထုထောက်ခံမှုအဆင့်သည် ၃၉% သို့ ကျဆင်းသွားခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။ ဝါရှင်တန်ပို့စ်၊
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

အောင်ပွဲနေ့အတွက် ယူကရိန်းတွင် တစ်ဖက်သတ် ယာယီအပစ်အခတ်ရပ်စဲရန် ပူတင်က အမိန့်ပေး

  • 2025 ခုနှစ်၊ ဧပြီလ 28 ရက်
  • 15 Views
ဧပြီလ (၂၈) ရက်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို ဆိုဗီယက်ယူနီယံကို အောင်ပွဲခံခဲ့သည့် နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ဖြစ်တဲ့ လာမည့်သီတင်းပတ်၏ အောင်ပွဲနေ့အတွက် ယူကရိန်းတွင် ယာယီအပစ်အခတ်ရပ်စဲရန် အမိန့်ထုတ်လိုက်သည်။ ကရင်မလင်က ထုတ်ပြန်သည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့တောင်အာရှ

ကနေဒါနိုင်ငံ ဗင်ကူးဗား (Vancouver) မြို့မှာ ကျင်းပတဲ့ ဖိလစ်ပီနိုပွဲတော်မှာ ကားနှင့် ဝင်တိုက်သတ်လို့ လူကိုးဦး သေဆုံး

  • 2025 ခုနှစ်၊ ဧပြီလ 27 ရက်
  • 18 Views
ဧပြီလ (၂၇) ရက်။ ဗင်ကူးဗားမြို့တွင် စနေနေ့ညက ကျင်းပနေသည့် ဖိလစ်ပိုင်အမွေအနှစ် လမ်းဘေးပွဲတော်တစ်ခု၌ ယာဉ်မောင်းတစ်ဦးက ကားနှင့်တိုက်မှုကြောင့် လူကိုးဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါသည်။ ပွဲတော်လာတက်သူအချို့က သံသယရှိသူအား လိုက်လံဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့က အသက်၃၀
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် ပူတင်မှာ တကယ်လိုလားတဲ့စိတ်ရှိရဲ့လားလို့ ထရန့်က မေးခွန်းထုတ်

  • 2025 ခုနှစ်၊ ဧပြီလ 27 ရက်
  • 18 Views
ဧပြီလ (၂၇) ရက်။ ထရန့်သည် ပုပ်ရဟန်းမင်း၏ ဈာပနအခမ်းအနားမတိုင်မီ စနေနေ့က ဗာတီကန်တွင် ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီး နှင့် တွေ့ဆုံခဲ့သည်။ ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနဘေးကနေရာတွင် ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် တွေ့ဆုံပြီးနောက် ဒေါ်နယ်ထရန့်သည်
နိုင်ငံတကာသတင်း အမေရိကန်

မီလ်ဝေါကီးက တရားသူကြီး “ ဟန်နာဒူဂင်ကို FBI က ဖမ်းဆီး

  • 2025 ခုနှစ်၊ ဧပြီလ 26 ရက်
  • 22 Views
+++++++++++++++++++++ FBI က ဖမ်းဆီးလိုက်တဲ့ မီလ်ဝေါကီးက တရားသူကြီး “ ဟန်နာဒူဂင်” ဆိုတာ ဘယ်သူလဲ။ ခရိုင်တရားသူကြီးသည် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူကို ဖမ်းဆီးခြင်းကို ‌နှောက်ယှက်ခဲ့ကြောင်း ဖက်ဒရယ်အရာရှိများက စွပ်စွဲခဲ့သည်။ မီလ်ဝေါကီး ခရိုင်တရားသူကြီး ဟန်နာဒူဂင်သည်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရန့်ပြောဆိုထားတဲ့ အမေရိကန်နဲ့ တရုတ်တို့ စကားပြောနေကြတယ်ဆိုတာကို တရုတ်က မဟုတ်ကြောင်း ငြင်းဆို

  • 2025 ခုနှစ်၊ ဧပြီလ 26 ရက်
  • 21 Views
ဧပြီလ (၂၆) ရက်။ ဧပြီလ ၂၄ရက်နေ့က သတင်းထောက်တစ်ယောက်က ထရန့်ပြောဆိုထားတဲ့ အမေရိကန်နဲ့ တရုတ်တို့ စကားပြောနေကြတယ်ဆိုတာကို ဟုတ်မဟုတ် အတည်ပြုပေးဖို့ မေးမြန်းတာကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မဟုတ်ကြောင်း ငြင်းဆိုလိုက်ပါတယ်။ သတင်းထောက်။ ကျမတို့ကြားနေရတဲ့ အမေရိကန်က