နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

ယုတ္တိမတန်သောလူသတ်မှုများ။

နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ထဲကနေ ရုံးထုတ်စစ်ဆေးတုန်း တာဝန်ကျရဲတွေကို ခုခံတိုက်ခိုက် သေနတ်တွေလုပြီး ထွက်ပြေး လွတ်မြောက်သွားတဲ့အမှု ဖြစ်ပြီးတဲ့နောက်ပိုင်း ထောင်တွင်းမှာရှိနေတဲ့ နိုင်ကျဉ်းတွေကို ထောင်ပြောင်းဆိုပြီး ခေါ်ထုတ်လာတာတွေ ဖြစ်လာပြီး တဆက်ထဲ ဒီအကျဉ်းသားတွေ လမ်းမှာကားမှောက်လို့ ထွက်ပြေးတာကို ပစ်ဖမ်းရင်း သေဆုံးကုန်တယ် ဆိုတာဖြစ်လာပါတယ်။


ဒီလိုဖြစ်လာတာ တမှုလည်း မဟုတ်ပါဘူး။ နှစ်မှုလည်း မဟုတ်ပါဘူး။ လမ်းမှာ ကားမှောက်တုံး ထွက်ပြေးလို့ ဆိုတာတွေ ကားတိုက်မှုဖြစ်ပြီး ထွက်ပြေးလို့ ပစ်ဖမ်းရင်း သေရပါတယ် ဆိုတာမျိုးတွေက ယုတ္တိ မရှိဘူးဆိုတာ လူတိုင်းသိတဲ့ကိစ္စတခုပါ။
အန္တရာယ်ရှိတယ်၊ ထက်မြက်တယ်လို့ ယူဆတဲ့ လူငယ်တွေကို လက်စတုံး ဖျောက်ဖျက်ခဲ့တာက အခုမှမဟုတ်ပါဘူး။ ကျောင်းသား လှုပ်ရှားမှုသုံးခုကို ဦးဆောင်ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ၁၉၇၆ ခုနှစ်မှာ လူမသိသူမသိ အင်းစိန်ထောင်ထဲမှာ တိတ်တဆိတ် ကြိုးပေးသတ်ခဲ့သလိုမျိုး၊ ဗိုလ်ချုပ်မင်းအောင်လှိုင်လက်ထက်မှာ အသစ်ထွင်ထားတဲ့ ခေတ်သစ်သတ်ဖြတ်မှုတမျိုးလို့ ဖြစ်လာပြီလို့ မြင်ရပါတယ်။


အစောင့်အကြပ်တွေနဲ့ သံခြေကျင်းတွေ လက်ထိပ်တွေခတ်ပြီး ထောင်ကထုတ်၊ အစောင့်အကြပ်တွေနဲ့ ကားပေါ်မှာတင်ပြီး ခေါ်ထုတ်လာတဲ့ အကျဉ်းသားတွေက ထွက်ပြေးနိုင်တယ်ဆိုတာ လုပ်ဇာတ်ကြီးတစ်ခုလို့ ဆိုရမှပါ။ ဒီလူငယ်တွေကို အပြတ်ရှင်းချင်လို့ တီထွင်လိုက်တဲ့ ဇာတ်လမ်းတခုလို့ မြင်ရပါတယ်။


အဆိုတော် လီလီကျော်နိုင်ကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ မောင်ကောင်းဇာနည်ဟိန်းရဲ့ အမေနဲ့ အမေတို့ကို သွေးသောက်အဖွဲ့က သတ်လိုက်တယ်လို့ သိရပါတယ်။ မောင်ကောင်းဇာနည်ဟိန်းနဲ့ ကိုကျော်သူရတို့ကိုလည်း ပြီးခဲ့တဲ့ ဇူလိုင်လ (၆) ရက်နေ့ ည ၁၁ နာရီဝန်းကျင်မှာ လက်နက်နဲ့ ဖောက်ခွဲရေး ခဲယမ်းတွေ သိုလှောင်ထားတယ်လို့ ထွက်ဆိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့နဲ့နှစ်ယောက်အတူ သွားရောက် ရှာဖွေခဲ့တဲ့အချိန်မှာ ပစ်ခတ်ခဲ့တာပါ။


ဒီအကြောင်းအရာကိုတော့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၂၉) ရပ်ကွက်၊ မောင်းမကန်လမ်းမှာရှိတဲ့ ခြုံပုတ်ထဲမှာ ဝှက်ထားတဲ့ လက်နက်ခဲယမ်းတွေကို ရှာဖွေနေတုန်းမှာ ကိုကောင်းဇာနည်ဟိန်းနဲ့ ကျော်သူရတို့ဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တွန်းထိုးထွက်ပြေး သွားတဲ့အတွက် ခြောက်လှန့်ပစ်ခတ်ရာမှာ ကျည်ထိဒဏ်ရာတွေနဲ့ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပါတယ်။


ဒါပေမယ့် မောင်ကောင်းဇာနည်ဟိန်းဟာ ဝဲဖက် ကျောဖက် ဖေါက်ဝင် ဒဏ်ရာ၊ ခါးနောက်ပိုင်း ဖောက်ဝင် ဒဏ်ရာ၊ ယာဘက် ဇက်ပိုး ဖောက်ဝင်ဒဏ်ရာတို့ ရရှိခဲ့ပြီးတော့ ကျော်သူရကတော့ ဝဲဘက်ဇက်ပိုးနဲ့ နောက်ကျောမှာ ကျည်ဖောက်ဝင် ဒဏ်ရာ၊ ဆီးခုံမှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ဒီအချက်တွေကဘာကိုပြသလဲဆိုတော့ ဒဏ်ရာရတဲ့နေရာတွေ ဆင်တူဖြစ်နေတယ်။ ဖြစ်နိုင်တာက execution style တမင်ကြိုတင်စီစဉ်ပြီး ခေါင်းနောက်ကို အရင်ပစ်သတ်ပြီး သေပြီးမှ ကျန်နေရာတွေကို ပစ်ပြီး ထွက်ပြေးလို့ သတ်တဲ့ပုံ လုပ်ထားပုံရပါတယ်။ အဓိက သူတို့ကို သတ်ဖြတ်ရတဲ့ ရည်ရွယ်ချက်က လီလီကျော်နိုင် ဖြစ်ရပ်ကြောင့် စစ်တပ်ကို ပေါ်ထင် ထောက်ခံနေတဲ့ သူတို့လူတွေကြားထဲမှာ အတော်ကို တုန်လှုပ်ခြောက်ခြားသွားမှုကို ပြန်လည်ဖာထေးနိုင်ဖို့ သူ့လူတွေကို ပြန်လည် ရဲဆေးတင်ပေးဖို့လို့ ယူဆရပါတယ်။


နောက်နိုင်ကျဉ်း ဗကသကျောင်းသားတွေကို ထောင်ပြောင်းရင်း ကားမှောက်တာဖြစ်လို့ ထွက်ပြေးသူတွေကို ပစ်ခတ်ရင်း သေဆုံးသွားတယ်လို့ ပြောပြီး သူတို့မိသားစုဝင်တွေကို အကြောင်းကြားတယ်ဆိုပေမဲ့ သူတို့အလောင်းတွေကို မမြင်ရဘူး။ နောက်နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ပြောင်းရင်း ခြေကျဉ်းခတ်တာတွေ လက်ထိပ်ခတ်ထားတာတွေရှိတယ်။ဒီလိုနောက်ပိုင်းမှာ လုံခြုံရေးအရ သူတို့လုပ်လာတယ်၊ သတိလက်လွတ် ထုတ်တာမရှိဘူး။


ဒီလိုစည်းကမ်း တင်းကြပ်ထားတဲ့ အထဲက ဘယ်လိုလုပ်ပြီး ကားက မှောက်သွားရတာလဲ။ သူတို့မောင်းတဲ့အချုပ်ကားကို ဘယ်သူကမှ လာမတိုက်ဘဲ ကားက ဘာအကြောင်းကြောင့် မှောက်သွားရတာလဲ ကားမှောက်တာကြောင့် ထွက်ပြေးတယ်ဆိုတဲ့ ဆင်ခြေပေးပြီး သတ်ပစ်တာက ယုတ္တိမတန်ဘူးလို့မြင်မိပါတယ်။ ဒီအဖြစ်အပျက်တွေက စစ်ကောင်စီဆိုတာ တရားမျှတစွာ အုပ်ချုပ်တဲ့ အစိုးရ အရည်အချင်း မရှိတဲ့ ဥပဒေမဲ့ ထင်တိုင်းကြဲနေတဲ့ မာဖီးယား လူသတ်ဂိုဏ်းကြီး တဂိုဏ်းထက် မပိုပါဘူး။


တိုင်းပြည်ကို အုပ်ချုပ်ချင်တယ်ဆိုရင် မျှတတဲ့တရားဥပဒေရှိဖို့လိုပြီး တရားစီရင်မှုတွေဟာ ထင်သာမြင်သာ ရှိဖို့လိုတယ်။ အခုဟာက မျက်ကွယ်စီရင်မှုတွေ လုပ်နေတာလို့ တပ်အပ်စွပ်စွဲလို့ရပါတယ်။ ဒီလို ယုတ္တိမတန်တဲ့ အကြောင်းပြချက်တွေနဲ့ တိုင်းပြည်ကို တရားမျှတစွာ အုပ်ချုပ်နိုင်ဖို့ ဆိုတာ ဝေလာဝေးပါလို့ ပြောရမှာပါ။


၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း အယ်ဒီတာ့အာဘော်

တရုတ်ရဲ့ စွက်ဖက်မှုနဲ့ မြန်မာ့အနာဂတ်နိုင်ငံရေး

  • 2024 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 28 Views
အယ်ဒီတာ့အာဘော် မြောက်ပိုင်းညီနောင် ၃ ဖော်ရဲ့ ၂၀၂၃ ခုနှစ်၊ ၁၀လ ပိုင်း၂၇ရက် (၁၀၂၇) ပထမလှိုင်းမှာ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှလွဲ၍
နိုင်ငံတကာသတင်း အမေရိကန် အယ်ဒီတာ့အာဘော်

လက်ရှိ အမေရိကန်နိုင်ငံရေး တစေ့တစောင်း

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 55 Views
အယ်ဒီတာ့အာဘော် အမေရိကန်တွင် ပါတီကြီးနှစ်ခုက နိုင်ငံရေးတွင် ဦးဆောင်နေပြီး တတိယအုပ်စုအဖြစ် ပေါ်ပေါက်လာရန် ကြိုးစားမှုများရှိသော်လည်း ထိုပါတီကြီးနှစ်ခုကို ယှဉ်နိုင်သည့် လူထုထောက်ခံမှုကို မရရှိနိုင်ခဲ့ကြပေ။
အယ်ဒီတာ့အာဘော်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူတွေကို “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများ ဖြစ်ကြောင်း” ပြောကြား

  • 2024 ခုနှစ်၊ ဇွန်လ 15 ရက်
  • 48 Views
အယ်ဒီတာအာဘော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောကြားခဲ့တဲ့ စကားတွေထဲမှာ အရှက်ကင်းမဲ့စွာ ဗြောင်လိမ်ပြီး မျက်နှာပြောင်တိုက် ပြောခဲ့တဲ့စကားတွေ အများကြီး ပါရှိခဲ့တယ်။ သူဦးစီးတဲ့ စစ်တပ်က မြို့ရွာတွေကို စစ်ထိုးတဲ့အခါ ရွာသူရွာသားတွေ ထွက်ပြေးခဲ့ရပြီး စစ်တပ်က အဲဒီရွာတွေကို မီးတိုက် ကျွဲနွားတရိစ္ဆန်တွေကို
အယ်ဒီတာ့အာဘော်

အရိုင်းအစိုင်းတွေအုပ်ချုပ်တဲ့နိုင်ငံအဖြစ်ခံကြမလား။

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 125 Views
အယ်ဒီတာ့အာဘော် ကမ္ဘာဦးကျောက်ခေတ်က လူမျိုးတမျိုးက လူမျိုးစုတစုကို အင်အားသုံး တိုက်ခိုက်သတ်ဖြတ် လူမျိူးစုတစုကို သူ့ထက်အင်အားကြီးတဲ့လူမျိုးက ကျူးကျော်တိုက်ခိုက်ပြီး ကျွန်ပြုခဲ့တဲ့ အရိုင်းအစိုင်းခေတ်တွေ ရှိခဲ့ပါတယ်။ တဖြည်းဖြည်း ယဉ်ကျေးမှု အဆင့်မြင့်လာတဲ့အခါ အရင်က ကျင့်သုံးခဲ့တဲ့ တောနက်ကြီးဝါဒဟာ လူ့တန်ဖိုးနဲ့မကိုက်ညီတဲ့အတွက် တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ
အယ်ဒီတာ့အာဘော်

မင်းအောင်လှိုင်ရဲ့ရှေ့ကဖုံး နောက်ကပေါ်နေသည့်ဘဝ

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 104 Views
အယ်ဒီတာအာဘော် ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်ကို နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ဖို့ တပ်ကဖိအားပေးတာကို ဖုန်ကြားရှင်က ငြင်းဆန်သည့်အတွက် သူတို့အဖွဲ့ကို လောက်ကိုင်ကနေ တိုက်ထုတ်ပြီး ဖုန်ကြားရှင်ကို သစ္စာဖောက်ပြီး တပ်ဖက်ကို ဘက်ပြောင်းသွားတဲ့ ပယ်ဆောက်ချိန်ကို ကိုးကန့်ခေါင်းဆောင်အဖြစ် ခန့်အပ်ပေးခဲ့သည်။ ပယ်ဆောက်ချိန်က ကိုးကန့်ခေါင်းဆောင်ဖြစ်လာပြီးနောက်
အယ်ဒီတာ့အာဘော်

ကရင်ပြည်နယ်တော်လှန်ရေးအောင်မြင်ရန်လမ်းစ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 164 Views
အယ်ဒီတာ့အာဘော် ကရင်အမျိုးသားတော်လှန်ရေး အဖွဲ့အစည်း KNU သည် အခြားတိုင်းရင်းသားများနည်းတူ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရန် လွတ်လပ်ရေး ရသည့် အချိန်မှစ၍ ယနေ့ကာလအထိ နှစ်ပေါင်း၇၆နှစ် ကြာတိုက်လာသည့် ကမ္ဘာ့တော်လှန်ရေး သက်တမ်းအရင့်ဆုံး အဖွဲ့အစည်းကြီး ဖြစ်သော်လည်း အောင်ပွဲမရနိုင်သေးချေ။ အဘယ့်ကြောင့်အောင်ပွဲမရသနည်းဆိုသည်ကို
အယ်ဒီတာ့အာဘော်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအပေါ် တွေ့ဆုံပြောကြားမှုကို သုံးသပ်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 144 Views
အယ်ဒီတာအာဘော် မင်းအောင်လှိုင်က နိုင်ငံရေးပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်၏ အမာခံဖြစ်ရန်လိုကြောင်း ပြောကြားချက်သည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တပ်မတော်မှနိုင်ငံရေးပါတီများကို ဖျက်သိမ်းခဲ့ပြီး တပ်မတော် တည်ထောင်သည့် ပါတီကိုသာ ရှင်သန်ခွင့်ပေးသည့် တပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို
အယ်ဒီတာ့အာဘော်

စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၄ နှစ်သစ်မိန့်ခွန်းကို စမ်းစစ်သုံးသပ်ကြည့်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 108 Views
ခေတ်မျက်လုံး အယ်ဒီတာအာဘော် ၁။ မိမိကိုယ်ကို သတိုးစည်သူစသည့်ရှည်လျားသည့်ဘွဲ့များ ပေးထားသည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ်နှစ်သစ်မိန့်ခွန်းသည် ယခင်ရှည်လျားသည့်မိန့်ခွန်းများနှင့်အသွင်မတူညီဘဲ တိုတိုတောင်းတောင်း ဖြစ်နေသည်ကို သတိပြုမိသည့်အပြင် သူ့အာဏာသိမ်းယူပြီးနောက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်စွမ်း မရှိဘဲ တနေ့ထက်တနေ့