နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ကိုဝေမိုးနိုင် အပါအဝင် နိုင်/ကျဉ်း ၅၀ခန့် မုံရွာထောင်တွင် အစာငတ်ခံ ဆန္ဒပြ

စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်မှာ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပါအဝင် အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသား ၅၀ အထိ ရှိလာတယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်တို့က ထောင်ဝင်စာ ကန့်သတ်ထားတဲ့အပြင် အကျဉ်းထောင်အတွင်း ခွင့်ပြုချက်နဲ့သွင်းယူထားတဲ့ ပစ္စည်းတွေကိုပါ သိမ်းဆည်းသွားသည့်အတွက် ကန့်ကွက်ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
စက်တင်ဘာလ ၈ ရက်နေ့မှာ စစ်တပ်၊ ရဲ၊ အထွေထွေအုပ်ချုပ်ရေးဌာန၊ မီးသတ်တို့ ပါဝင်တဲ့ အထူးရှာဖွေရေးအဖွဲ့က မုံရွာထောင်ကို ဝင်ရောက်ပြီး အကျဉ်းသားတွေရဲ့ စာအုပ်၊ အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းလိုက်ကြပါတယ်။
အဲဒီ့နောက်နောက် စက်တင်ဘာလ ၉ ရက်နေ့မှာ အစာငတ်ခံသပိတ်ကို နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက ကနဦး စတင်ခဲ့ကြပြီး သိမ်းသွားတဲ့ အကျဉ်းသားများပိုင်ပစ္စည်းကို ပြန်ပေးဖို့၊ ထောင်ဝင်စာပါဆယ်တွေ လွတ်လပ်စွာပို့ခွင့်ပြုဖို့နဲ့ ကျန်မာရေးမကောင်းရင် အပြည့်အဝတာဝန်ယူဖြေရှင်းပေးဖို့တို့ကို တောင်းဆိုခဲ့ကြပါတယ်လို့ သိရပါတယ်။
ဒါပေမယ့် အစာငတ်ခံဆန္ဒပြနေသူတို့ရဲ့ တောင်းဆိုချက်တွေကို ထောင်အာဏာပိုင်‌တွေက မလိုက်လျောတာကြောင့် မုံရွာလူထုသပိတ်ခေါင်းဆောင်ဖြစ်သူ ကိုဝေမိုးနိုင်အပါအဝင် အခြားသော နိုင်ငံရေးအကျဉ်းသား ၃၆ ဦးကပါ ထပ်မံပူးပေါင်း အစာငတ်ခံ ဆန္ဒပြနေကြတာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 3 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 4 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 4 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့
မြန်မာသတင်း

AA နဲ့တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွှေရင်မျှော်ဆရာတော်ရဲ့သင်္ကန်းကို အဆောင်အယောင်အနေနဲ့ ကိုးကွယ်နေကြရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
ဇွန်လ (၂၄)ရက်။ ပုသိမ်ခရိုင်ထဲ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ ရိုးမတောထဲ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေက စစ်ဗိုလ်တွေအပါအဝင် တပ်ဖွဲ့တွေဟာ နေ့တိုင်း စစ်ရှိန်ပြင်းထန်လာတာနဲ့အတူ တပ်ပြေးအနေနဲ့ ထွက်ပြေးနေတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ရွှေကူခရိုင်ထဲနေသူတွေ စစ်ကောင်စီနဲ့ မပတ်သက်ကြဖို KIA သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
ဇွန်လ (၂၄)ရက်။ ရွှေကူခရိုင်နယ်မြေထဲ နေထိုင်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တာ မလုပ်ကြဖို KIA က မနေ့ကရက်စွဲနဲ့ သတိပေးထားတယ်လို သိရပါတယ်။ စစ်ကောင်စီနဲ့ မပတ်သက်ဖို KIA က သတိပေးတာမှာ ရွှေကူခရိုင်ထဲ နေထိုင်တဲ့ ပြည်သူတွေနဲ့
မြန်မာသတင်း

နွားထိုးကြီးတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၂၁)ရက်နေ့ ညနေ (၆)နာရီဝန်းကျင်ခန့်က နွားထိုးကြီးမြိုမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ဟာ ဖက်ခူးရွာကနေ ထွက်လာချိန် မြင်းခြံခရိုင်အမှတ်(၄/၁၀)တပ်ရင်းတိုနဲ့ (၁)နာရီနီးပါးကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို