နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 30 ရက်

လက်တင်အမေရိက

လက်တင်အမေရိက သဘာ၀ပတ်ဝန်းကျင် အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

အမေရိကန်နဲ့ ပါလက်စတိုင်း အရပ်သားတွေကို ဂါဇာကမ်းမြောင်ဒေသကနေ အီဂျစ်ကို ထွက်ခွာခွင့်ပေးဖို့ ဆွေးနွေးပွဲများ စတင်

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးစစ်တပ်က မြေပြင်ကနေ ဝင်ရောက်တိုက်ခိုက်မှု မပြုလုပ်ခင် အမေရိကန်နဲ့ ပါလက်စတိုင်း အရပ်သားတွေကို ဂါဇာကမ်းမြောင်ဒေသကနေ အီဂျစ်ကို ထွက်ခွာခွင့်ပေးဖို့ ဆွေးနွေးပွဲများ စတင်ပြုလုပ်နေပြီ ဖြစ်တယ်လို့ အစ္စရေးအကြီးတန်းအရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။


လက်ရှိ ဆွေးနွေးနေတဲ့ အဆိုပြုချက်ဟာ အမေရိကန် နိုင်ငံသားအားလုံးကို သူတို့ရဲ့နိုင်ငံကူးလက်မှတ် ပြသစေပြီး ရာဖာ (Rafah) စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်နိုင်မယ်လို့ စေ့စပ်ညှိနှိုင်းမှုနဲ့ နီးစပ်တဲ့တာဝန်ရှိသူများက CNN သို့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ တချိန်တည်းမှာပဲ ပါလက်စတိုင်းအရပ်သားတွေကို တနေ့ကို လူ ၂,၀၀၀ ကန့်သတ်ပြီး ထွက်ခွာခွင့်ပေးမယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲမှာ နောက်ဆုံးအတည်ပြုချက်ကတော့ ဂါဇာနဲ့ အီဂျစ်အကြားရှိတဲ့ စစ်ဆေးရေးဂိတ်တွေကို ထိန်းချုပ်တဲ့ အီဂျစ်ဘက်က လာရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်းများ တတ်နိုင်သမျှ အများအပြား ထွက်ခွာခြင်းဟာ အစ္စရေးရဲ့ အကျိုးစီးပွားအတွက်ဖြစ်ကြောင်း အစ္စရေးအစိုးရတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သိန်းနဲ့ချီတဲ့လူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပေမယ့် သွားစရာနေရာ မရှိပါဘူး။ ဂါဇာဟာ အရှေ့အလယ်ပိုင်းတစ်ခုလုံးမှာ အသေးငယ်ဆုံးနဲ့ လူဦးရေအထူထပ်ဆုံးမြို့များထဲက တစ်ခုဖြစ်ပါတယ်။

ဂါဇာရှိ အမေရိကန်နိုင်ငံသားတွေဟာ အစ္စရေးတပ်ဖွဲ့များရဲ့ ပြင်းထန်စွာ တိုက်ခိုက်မှု ခံနေရတဲ့ ဂါဇာမှာ ဘေးကင်းလုံခြုံတဲ့ လမ်းကြောင်းမရှိဘဲ ပိတ်မိနေတယ်လို့ CNN ကို ပြောဆိုခဲ့ပြီး ကြောက်ရွံ့မှုနဲ့ စိတ်ပျက်မှုကို ဖော်ပြခဲ့ကြပါတယ်။
တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်မှ အီဂျစ်ကို ဖြတ်သွားလို့ရတဲ့ တစ်ခုတည်းသာရှိတဲ့ လမ်းကြောင်းကိုလည်း အစ္စရေးစစ်တပ်က တိုက်ခိုက်နေပြီး အစ္စရေးစစ်တပ်က ဝင်ရောက်ကျူးကျော်လာမယ်လို့ ယူဆတဲ့အတွက် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ပိတ်ထားခဲ့ရပြီးဖြစ်ပါတယ်။

ဂါဇာကမ်းမြှောင်မှ ဟားမတ်စ် စစ်သွေးကြွတွေရဲ ပြင်းထန်တဲ့ တိုက်ခိုက်မှုအပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အတိုက်အခံခေါင်းဆောင် ဘန်နီဂန့်စ်တို့ဟာ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် စစ်ကာလယာယီအရေးပေါ်အစိုးရတရပ် ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြပါတယ်။

နေတန်ယာဟုနဲ့ မစ္စတာဂန့်ဇ်တို့နဲ့အတူ ယာယီအရေးပေါ်အစိုးရအဖွဲ့သစ်မှာ ကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂဲလန့်လည်း ပါဝင်မှာဖြစ်ပါတယ်။


Source: CNN, Japan /ဓာတ်ပုံစာ/ဂါဇာကမ်းမြောင်ရှိ Jabalia ဒုက္ခသည်စခန်းတွင် အောက်တိုဘာလ (၁၁) ရက်နေ့က ဒုက္ခသည်တစ်ဦး မွေ့ရာများကို သယ်လာစဉ် Photo: Mahmud Hams/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 22 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 54 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 50 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 59 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 61 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 57 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 65 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 71 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု