နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

အားကစား

အားကစား

ဝါ၊ သမ္ဘာအရ ချဲလ်ဆီးကို အိမ်ကွင်းမှာ အသာရဦးမယ့် ရီးရဲလ်မက်ဒရစ်

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေကို ယနေ့(ဗုဒ္ဓဟူးနေ့)ညမှာ ဆက်လက်ရင်ဆိုင် ကစားကြမှာဖြစ်ပြီး လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်းဘာနေဗျူးမှာ ချဲလ်ဆီးအသင်း လာရောက်ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ဒီပွဲမှာ စိတ်ဝင်စားစရာကောင်းတာက နှစ်သင်းစလုံးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ဆုံး ၂ ရာသီမှာ ဗိုလ်စွဲထားကြတဲ့အသင်းတွေဖြစ်နေတာပါ။ ရီးရဲလ်မက်ဒရစ်က ၂၀၂၁-၂၂ ဘောလုံးရာသီမှာ လီဗာပူးကို အနိုင်ရပြီး ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးခဲ့သလို ချဲလ်ဆီးကလည်း ၂၀၂၀-၂၁ ဘောလုံးရာသီမှာ မန်စီးတီးကို အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိခြေစွမ်းတွေအရတော့ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါပြိုင်ပွဲမှာ အဆင့် ၂ နေရာရပ်တည်နေပြီး ထိပ်ဆုံးက ဘာစီလိုနာနဲ့ ၁၃ မှတ်ကွာဟနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဗီလာရီးရဲလ်ကို ၃-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အနေနဲ့ အစဉ်လာကြီးတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အရှုံးကနေ ပြန်နိုးထနိုင်မလားဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။


ချဲလ်ဆီးကတော့ ဒီရာသီမှာ အသင်းပိုင်ရှင်အပြောင်းအလဲ၊ နည်းပြအပြောင်းအလဲနဲ့ ကစားသမားအရောင်းအဝယ်တွေနဲ့ တော်တော်လေးလှုပ်ခတ်ခဲ့ပေမယ့် ရလဒ်ပိုင်းကတော့ စိတ်ပျက်စရာတွေသာ ရင်ဆိုင်ခဲ့ရပါတယ်။ အခုချန်ပီယံလိဂ်ပြိုင်ပွဲက သူတို့အတွက် တစ်ခုတည်းသောမျှော်လင့်စရာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်မှာ နောက်ခံလူ ဖာလန်မန်ဒီမပါဝင်နိုင်သေးဘူးဆိုပေမယ့် နည်းပြအန်ဆယ်လော့တီ အတွက်တော့ သူ့နေရာမှာ အစားထိုးမယ့်သူတွေရှိထားပြီဖြစ်လို့ စိတ်ပူစရာ ဘာမှမရှိပါဘူး။ ခရစ္စမတ်သစ်ပင်ကစားကွက်လို့ခေါ်တဲ့ ၄-၂-၃-၁ ကစားကွက်ဟာ အန်ဆယ်လော့တီရဲ့ အပိုင်နိုင်ဆုံး ကစားကွက်ဆိုပေမယ့် အခုပွဲမှာတော့ ၄-၃-၃ ကစားကွက်နဲ့သာ ပွဲထုတ်လာမယ့်အနေအထားဖြစ်ပါတယ်။ ဂိုးသမားနေရာမှာ ကော်တွိုက်စ်၊ ဘယ်၊ညာနောက်ခံလူတွေအဖြစ် ကာမာဗင်ဂါနဲ့ ကာဗာဂျယ်တို့ပဲ ပွဲထွက်လာမှာဖြစ်သလို ခံစစ်မှူးတွေအဖြစ်လည်း အလာဘာနဲ့ မီလီတာအိုတို့ကိုပဲ မြင်တွေ့ရဦးမှာပါ။
ကွင်းလယ်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ တိုနီခရူးစ်၊ လူကာမိုဒရစ်၊ ဗယ်ဗာဒီ၊ တိုက်စစ်မှာလည်း ဗီနီဆီးယက်စ်ဂျူနီယာ၊ ရိုဒရီဂိုတို့နဲ့အတူ ဘင်ဇီမာက မြားဦးက ပွဲထွက်လာမှာဖြစ်ပါတယ်။

ချဲလ်ဆီး
တကျော့ပြန်နည်းပြ ဖရန့်လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းမှာတော့ ဘရော်ဂျာနဲ့ သီယာဂိုဆေးဗားတို့ ဒဏ်ရာကြောင့် အခုပွဲကို လွဲချော်ကြရဦးမှာပါ။ နောက်ခံလူ အက်ဇ်ပလီကျူတာလည်း ဦးခေါင်းဒဏ်ရာကြောင့် ကစားနိုင်ဦးမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကွင်းလယ်လူ မေဆင်မောင့်ကတော့ ပွဲပယ်ပြစ်ဒဏ်ပြည့်သွားပြီဖြစ်လို့ လူစရာရင်းမှာ ပြန်ပါလာမှာပါ။
နည်းပြလမ်းပတ်ဟာ ၄-၃-၃ ကစားကွက်ကို အသုံးပြုဖွယ်ရှိနေပြီး နောက်တန်းမှာ အပြောင်းအလဲမရှိဘဲ ရီဆီဂျိမ်းစ်၊ ဘင်ချီဝဲလ်၊ ကူလီဘာလေနဲ့ ဖိုဖာနာတို့ကိုပဲ မြင်တွေ့ရမှာပါ။ ကွင်းလယ်မှာတော့ ပြန်ကစားနိုင်ပြီဖြစ်တဲ့ ကန်တေးကို အန်ဇိုဖာနန်ဒက်စ်၊ ကိုဗာဆစ်တို့အတွဲနဲ့မြင်တွေ့ရမှာဖြစ်ပြီး တိုက်စစ်မှာ ဂျာအိုဖီးလစ်၊ ကိုင်ဟာဗက်ဇ်၊ စတာလင်းတို့ ပွဲထွက်လာမှာဖြစ်ပါတယ်။

အချက်အလက်များ

  • ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ဆုံး ၃ ရာသီဆက်တိုက်တွေ့ဆုံတာဖြစ်ပြီး အရင်ကတွေ့ဆုံခဲ့တဲ့ ၂ ကြိမ်မှာ တစ်ကြိမ်စီအနိုင်ရထားကြပါတယ်။
  • ရီးရဲလ်မက်ဒရစ်ဟာ ချဲလ်ဆီးနဲ့ရင်ဆိုင်ခဲ့ဖူးတဲ့ ဥရောပပြိုင်ပွဲနောက်ဆုံး ၇ ကြိမ်မှာ ၁ ကြိမ်သာအနိုင်ရခဲ့ပါတယ်။
  • ချဲလ်ဆီးနည်းပြလမ်းပတ်ဟာ စပိန်အသင်းတွေကို ရင်ဆိုင်ခဲ့တဲ့ ချန်ပီယံလိဂ်အဝေးကွင်း ၉ ပွဲမှာ တစ်ပွဲသာ အရေးနိမ့်ခဲ့ဖူးပါတယ်။
  • ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် အိမ်ကွင်းနောက်ဆုံးပွဲ ၃၀ စလုံးမှာ ဂိုးမသွင်းနိုင်တဲ့ပွဲမရှိခဲ့ပါဘူး။

သုံးသပ်ချက်
ချန်ပီယံလိဂ်ဆုဖလား ၁၄ ကြိမ်ရရှိထားတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ပြည်တွင်းလိဂ်မှာ ချန်ပီယံဆုဖလားအတွက် ရုန်းကန်နေရပေမယ့် သူတို့မှာ တောင့်တင်းတဲ့ ကစားသမားအင်အားရှိသလို ဝါရင့်ကစားသမားတွေနဲ့ အိမ်ကွင်းအားသာချက်ကြောင့် ချဲလ်ဆီးကို စီးစီးပိုးပိုးရင်ဆိုင်လာဖွယ်ရှိပါတယ်။ ချဲလ်ဆီးကတော့ နည်းပြအပြောင်းအလဲနဲ့ ကစားသမားသစ်တွေကြားမှာ ခုထိ အသားမကျနိုင်သေးတာက အဓိက ပြဿနာဖြစ်နေပါတယ်။ နည်းပြချင်းယှဉ်ရင်ပဲ အတွေ့အကြုံနဲ့ ဝါက သိသိသာသာကွာခြားလွန်းလို့ အိမ်ရှင်ရီးရဲလ်မက်ဒရစ်ကပဲ အသာစီးရမယ့်ပွဲဖြစ်ပါတယ်။

ခန့်မှန်းရလဒ်
ရီးရဲလ်မက်ဒရစ် ၂-၁ ချဲလ်ဆီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Sport အားကစား

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကို ဖီဖာက အရေးယူတော့မှာမဟုတ်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 75 Views
ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် အက်ဒ်နယ်ဒို ရိုဒရီဂွက်ဇ် ပြန်လည်ရွေးချယ်ခံရပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေနဲ့ အရေးယူမှုတွေ ဆက်လုပ်သွားမှာ မဟုတ်ဘူးလို့ ဖီဖာရဲ့တရားရေးရာ ဒါရိုက်တာ အီမီလီယိုဂါစီယာက အတည်ပြုပြောဆိုလိုက်ပါတယ်။
အားကစား

တိုင်ဆန်ဖြူရီကို စိန်ခေါ်ထိုးမယ့် အန်ဂါနူးဆိုတာ…

  • 2023 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 105 Views
ဘောက်ဆင်ဟဲဗီးဝတ်ချန်ယီယံနဲ့ သိုင်းပေါင်းစုံဟဲဝီးဝိတ်ချန်ပီယံတို့ဗိုလ်လုပွဲ။ ဖရင့်စစ်အန်ဂါနူး (FRANCIS NGANNOU) က UFC ဟဲဝီးဝိတ်ချန်ပီယံ ဖြစ်ပြီး အခု WBC ဘောက်ဆင်ဟဲဗီးဝိတ်ချန်ပီယံ
ဘောလုံး အားကစား

ပွဲမပြီးဆုံးခင် အိမ်ပြန်ကြတဲ့ ပရိသတ်တွေထဲမှာ မန်ယူပရိသတ်များထိပ်ဆုံးက ရပ်တည်နေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 153 Views
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲမပြီးဆုံးခင် အိမ်ပြန်ကြတဲ့ ပရိသတ်တွေထဲမှာ မန်ယူပရိသတ်တွေ အဆိုးရွားဆုံးဖြစ်တယ်လို့ ပရိသတ်အခြေပြုစစ်တမ်းတစ်ရပ်မှာ ဖော်ပြသွားခဲ့ပါတယ်။ Betfair ကုမ္ပဏီရဲ့ YouGov စစ်တမ်းမှာ ပရိသတ် ၁၃၀၀ ကျော် ပါဝင်ခဲ့ကြပြီး သူတို့ရဲ့ အဖြေတွေအရ မန်ယူပရိသတ်တွေဟာ ပွဲမပြီးခင်
ဘောလုံး အားကစား

ဝူဗာဟမ်တန်ကွင်းလယ်လူ နူနက်စ်ကို ခေါ်ယူဖို့ မန်စီးတီးသဘောတူညီမှုရရှိ

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 111 Views
မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်ကွင်းလယ်လူ မက်သရူးနူနက်စ်ကို ပြောင်းရွှေ့ကြေးပေါင် ၄၇.၃ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပေမယ့် မက်သရူးနူနက်စ်နဲ့ကတော့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် မရသေးပါဘူး။ ကစားသမားနဲ့ပါ သဘောတူညီမှု
ဘောလုံး အားကစား

နည်းပြဇာဗီရဲ့နည်းစနစ်ပိုင်းကို တိုက်စစ်မှူးလီဝန်ဒေါစကီးဝေဖန်

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 116 Views
ဗီလာရီးရဲလ်အသင်းနဲ့ရင်ဆိုင်ကစားခဲ့တဲ့ တနင်္ဂနွေနေ့က လာလီဂါပွဲစဉ်မှာ တိုက်စစ်ကစားသမား အလုံအလောက် ပွဲထုတ်ခြင်းမရှိခဲ့တဲ့အပေါ် တိုက်စစ်မှူး လီဝန်ဒေါစကီးက ဘာစီလိုနာနည်းပြဇာဗီရဲ့ နည်းစနစ်ပိုင်းကို ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဗီလာရီးရဲလ်အသင်းကို အဝေးကွင်းမှာ ခက်ခက်ခဲခဲရင်ဆိုင်ကစားခဲ့ရပြီး ဂါဗီ၊ ဒီဂျောင်၊ ဖာရန်တောရက်စ်၊ လီဝန်ဒေါစကီးတို့ရဲ့ သွင်းဂိုးတွေကြောင့်
ဘောလုံး အားကစား

ဒဏ်ရာကြောင့် မန်ယူနောက်ခံလူ ဗာရန်း ၆ ပတ်ခန့်အနားယူရဖွယ်ရှိနေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 106 Views
နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် မန်ယူနောက်ခံလူ ဗာရန်ဟာ ရက်သတ္တပတ် ၆ ပတ်ခန့်အနားယူရဖွယ်ရှိနေပါတယ်။ ဗာရန်းရဲ့ ဒဏ်ရာပြဿနာကြောင့် မေဆင်မောင့်၊ လုခ်ရှောတို့ ဒဏ်ရာရနေတဲ့ မန်ယူအသင်းအတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာခဲ့ရပါတယ်။ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ဗာရန်းဟာ ဒဏ်ရာကြောင့်
ဘောလုံး အားကစား

ဟာမိုဆိုဘက်က ရပ်တည်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီထုတ်ပြန်

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 156 Views
ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲ အောင်ပွဲခံအခမ်းအနားမှာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ရူဘီယာလက်စ်ရဲ့ နမ်းခြင်းခံခဲ့ရတဲ့ စပိန်ကစားသမား ဂျင်နီဟာမိုဆိုဘက်က အပြည့်အ၀ ရပ်တည်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဘယ်သူမဆို လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို စိန်ခေါ်မှုဖို့ တောင်းဆိုခွင့်ရှိတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီရဲ့ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ စပိန်ကစားသမားဟာမိုဆိုဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးအောင်ပွဲခံနေစဉ်
ဘောလုံး အားကစား

လူကာကူကို ရိုးမားအသင်းထံ အငှားချဖို့ ချဲလ်ဆီးအသင်းသဘောတူညီမှုရရှိ

  • 2023 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 118 Views
ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူးလူကာကူကို ရိုးမားအသင်းထံအငှားချဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ လူကာကူအတွက် ပေါင် ၅ သန်းနဲ့ အငှားချဖို့ သဘောတူညီမှုရရှိခဲ့တာပါ။ အသက် ၃၀ အရွယ် လူကာကူဟာ ပြီးခဲတဲ့ရာသီက အင်တာမီလန်အသင်းမှာ အငှားနဲ့သွားကစားခဲ့ပြီး