နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း ဥရောပ

ဂါဇာကမ်းမြှောင် မြောက်ပိုင်းမှာ နေထိုင်သူအားလုံးကို ၂၄ နာရီအတွင်း ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အစ္စရေးစစ်တပ်ရဲ့ အမိန့်ကို ရုတ်သိမ်းပေးဖို့ UN တောင်းဆို။

အောက်တိုဘာလ (၁၂) ရက်နေ့ညပိုင်းက ဂါဇာကမ်းမြှောင် မြောက်ပိုင်းမှာ နေထိုင်သူအားလုံးကို ၂၄ နာရီအတွင်း ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အစ္စရေးစစ်တပ်ရဲ့ အမိန့်ဟာ လူသားချင်းစာနာမှု မရှိဘဲ ဒါကို လုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူးလို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပြီး အဲဒီအမိန့်ကို ရုပ်သိမ်းဖို့ ကုလသမဂ္ဂ (UN) က ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ပါတယ်။


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Dujarric ရဲ့ ပြောကြားချက်အရ အစ္စရေးစစ်တပ်က ဂါဇာမြောက်ပိုင်းမှာ နေထိုင်သူအားလုံးကို ၂၄ နာရီအတွင်း ဂါဇာတောင်ပိုင်းကို ပြောင်းရွှေ့ရမယ်လို့ အစ္စရေးစစ်တပ်က ဒေသစံတော်ချိန် အောက်တိုဘာလ ၁၂ ရက်နေ့ ညမှာ ပြောကြားခဲ့ပါတယ်။

“ ဒါဟာ လူ ၁.၁ သန်းနီးပါးနဲ့ ညီမျှပါတယ်။ ကုလသမဂ္ဂ ဝန်ထမ်းအားလုံးနဲ့ ကျောင်းတွေနဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ အပါအဝင် ကုလသမဂ္ဂ အဆောက်အဦတွေဆီ စစ်ဘေးရှောင်နေတဲ့သူတွေပါ ပါဝင်အကျိုးသက်ရောက်နေပါတယ်။ အလုံးစုံပျက်စီးစေမယ့် လူသားချင်း စာနာမှုမရှိဘဲ ပြုမူဆောင်ရွယ်မယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဟု UN မှ ပြောကြားခဲ့ပါတယ်

ဒါအပြင် “အခုဖြစ်ပျက်နေတဲ့ ကြေကွဲစရာတွေကို အလုံးစုံပျက်စီးစေမယ့် အခြေအနေအဖြစ် ပြောင်းလဲမသွားအောင် ဟန့်တားဖို့ ဒီအမိန့်တွေကို ရုပ်သိမ်းဖို့ ကုလသမဂ္ဂက အလေးအနက် တိုက်တွန်းပါတယ်လို့ သူက ဆက်ပြောပါတယ်။
အစ္စရေးက ဂါဇာကမ်းမြောင်နဲ့ နယ်စပ်မှာ အရန်တပ်သား ၃၀၀,၀၀၀ ကျော်ကို စုဆောင်းထားပြီး ဖြစ်ပေမယ့် ကြီးမားတဲ့ စစ်ရေးစစ်ဆင်ရေး လုပ်ဆောင်ရန် အစီအစဉ်ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားတဲ့ အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်က အစ္စရေးကို ၇ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ပြီး အစားအစာငတ်မွတ်မှုအန္တရာယ် တိုးမြင့်လာနေခဲ့ပါတယ်။

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက အခုအချိန်အထိ ဂါဇာမှာ လူပေါင်း ၁,၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ကုလသမဂ္ဂဘက်ကတော့ လူပေါင်း ၃၃၈,၀၀၀ ကျော်ကို လေကြောင်းတိုက်ခိုက်မှုရန်က ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။

ဂါဇာမှာ ပါလက်စတိုင်း ၂ သန်းကျော် နေထိုင်နေပါတယ်။ ၂၀၀၇ ခုနှစ်ကတည်းက အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို မြေပြင်၊ ရေကြောင်းနဲ့ လေကြောင်းတွေကနေ ပိတ်ဆို့ထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်က ဂါဇာကမ်းမြောင်ဒေသမှာ နေထိုင်သူတွေကို အစ္စရေးရဲ့သတိပေးချက်အတိုင်း ဂါဇာမြောက်ပိုင်းက တောင်ပိုင်းကို ပြောင်းရွှေ့ရမယ်လို့ ပြောတဲ့နေ့မှာပဲ သူတို့ရဲ့နေအိမ်တွေကနေ မရွှေ့ပြောင်းဖို့ ဒီကနေ့ အောက်တိုဘာ ၁၃ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းကို သတင်းစာရှင်း လင်းပွဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါတယ်။

ဟားမတ်စ်က အစ္စရေးတို့က “စိတ်ပိုင်းဆိုင်ရာ စစ်ပွဲ” ဆင်နွှဲနေတယ်လို့ စွပ်စွဲကာ မြို့ခံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများရဲ့ဝန်ထမ်းတွေးကို တောင်ဘက်သို့ မရွှေ့ပြောင်းရန် ပြောခဲ့ပါတယ်။ “နည်းလမ်းအမျိုးမျိုးနဲ့ မဟုတ်မမှန် ဝါဒဖြန့်ပြီး နိုင်ငံသားတွေကြား ရှုပ်ထွေးမှုတွေ ဖြစ်စေကာ ပြည်တွင်းတည်ငြိမ်ရေးကို ထိခိုက်စေပါတယ်” လို့ ဟားမတ်စ်ဘက်က ဆိုပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းများမှ ဝန်ထမ်းတွေက အခြေစိုက်စခန်းတွင် ကျန်ရစ်ခဲ့ပြီး ရွှေ့ပြောင်းခြင်း မပြုခဲ့ကြောင်းလည်း ပြောကြားခဲ့ပေမဲ့ ဒီအချက် မှန်မမှန်ကိုတော့ CNN အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့က အစ္စရေးက ဂါဇာမြောက်ပိုင်းမှာ နေထိုင်သူအားလုံးကို တောင်ဘက်ကို ရွှေ့ပြောင်းဖို့ သတိပေးခဲ့ပါတယ်။

ဒီနေ့မှာပဲ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနဲ့ အလုပ်အဖွဲ့ (UNRWA) ကတော့ သူတို့ရဲ့ ဗဟိုစစ်ဆင်ရေးဌာနနဲ့ နိုင်ငံတကာ ဝန်ထမ်းတွေကို ဂါဇာတောင်ပိုင်းကို ပြောင်းရွှေ့ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

Source: CNN, Japan / ဓာတ်ပုံအညွှန်း/အောက်တိုဘာလ ၁၁ ရက်နေ့က ဂါဇာအခြေအနေ။
Mohammed Abed/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန် ဥရောပ

နို့ဘူးများ၊ ခွေးဆွဲလျှောတိုက်လှည်းများနှင့် အီရန်ကို ဗုံးကြဲမည့်ခြိမ်းခြောက်မှုများကြားမှ ထရမ့်၏ ‘ရူးသွပ်ဖွယ်ကမ္ဘာ’ အကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 44 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ဒေါ်နယ်ထရမ့် ပြောသလိုဆိုလျှင်တော့ ဒါဟာ “ရူးသွပ်နေတဲ့ ကမ္ဘာကြီး” (Crazy world) ပါပဲ။ ကမ္ဘာ့စိတ်အာရုံကို ဖမ်းစားထားနိုင်ပြီး လူကို အလွန်အမင်း မောဟိုက်နွမ်းနယ်စေသည့် အမေရိကန်သမ္မတ၏ သြဇာအာဏာမှာ ဗုဒ္ဓဟူးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် အမေရိကန်တို့အကြား ခါးသီးလှသော အားပြိုင်မှု၏ ကံကြမ္မာအလှည့်အပြောင်း အခန်းကဏ္ဍသစ်တစ်ခုဆီသို့ ဦးတည်ပြောဆိုနေပုံရသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 54 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၄ရက် အီရန်နိုင်ငံ၏ သီအိုကရက်တစ်အစိုးရ (ဘာသာရေးအခြေခံအစိုးရ) အကျပ်အတည်းဆိုက် နေချိန်တွင် ဆန္ဒပြသူများကို ကူညီရန် အမေရိကန်က စစ်ရေးအရ တိုက်ခိုက်မှုများပြုလုပ်ရန် အကြောင်းပြချက်မှာ တစ်နာရီထက်တစ်နာရီ ပိုမိုအရေးကြီးပြီး ခိုင်လုံလာနေသည်။ အီရန်ခေါင်းဆောင်များက သူတို့ဘက်က အရင်ပစ်ခတ်လျှင်
ယီမင် အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း၏ အင်အားအကြီးဆုံး နိုင်ငံနှစ်ခု ယီမင်တွင် ထိပ်တိုက်တွေ့နေခြင်း-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် ယီမင်နိုင်ငံအတွင်း အီရန်၏ သြဇာလွှမ်းမိုးမှုကို ဟန့်တားရန် ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့ ဦးဆောင်သည့် ပူးတွဲစစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုအကြာတွင်၊ ယခုအခါ
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှစ၍ စီးပွားရေးကျပ်တည်းမှုကြောင့် စတင်ခဲ့သော ဆန္ဒပြပွဲများသည် ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပိုမိုပြင်းထန်လာပြီး အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုကြီးအဖြစ်သို့ ကူးပြောင်းလာနေသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 66 Views
ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၆ခုနှစ် အောက်ပါတို့မှာ လက်ရှိအချိန် (ဇန်နဝါရီ ၁၀ ရက်၊ ၂၀၂၆) အထိ ဖြစ်ပေါ်နေသော နောက်ဆုံးအခြေအနေများဖြစ်သည်။ ၁။ ဆန္ဒပြပွဲ၏ အဓိကအကြောင်းရင်းနှင့် ပျံ့နှံ့မှု စီးပွားရေးပြိုလဲမှု: အီရန်ငွေကြေး (Rial)
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 71 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။