နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

သတ္တိရှိရှိ တာဝန်ခံဖို့လိုသည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီ၏ဂျက်လေယဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာတွင် ပကဖဖွဲ့စည်းမှုအတွက် လာရောက်ကြသည့် ကျေးရွာသားများနှင့် ထိုအခမ်းအနားမှ ကျွေးမွေးလှူဒါန်းသည့် အစားအစာများကို လာရောက်စားသောက်ကြသည့် ရွာသူရွာသားများ၊ အဖိုးအို အဖွားအိုများ၊ ကိုယ်ဝန်ဆောင်များ၊ လူငယ် လူရွယ်များနှင့် ကလေးသူငယ်များ၊ ကျေးရွာရှိ ပကဖ၊ ပအဖအဖွဲ့ဝင်များ အပါအဝင် ပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့ရသည်မှာ အလွန်ဝမ်းနည်း ကြေကွဲစရာပင် ဖြစ်သည်။ သေဆုံးသူအများစုမှာ ပကဖအဖွဲ့ဝင်များ မဟုတ်ဘဲ ပဇီကြီးကျေးရွာနှင့် အနီးအနား ကျေးရွာများမှ လာရောက်စားသောက်ကြသည့် ပြည်သူများ ဖြစ်သည်။

ထိုကဲ့သို့ လူစုလူဝေးဖြင့် ရှိနေချိန်တွင် ဂျက်လေယဉ်ဖြင့် ဗုံးကြဲခြင်းအပြင် နောက်ဆက်တွဲ တိုက်ခိုက်မှုအဖြစ် ရဟတ်ယဉ်ဖြင့် ထပ်မံလာရောက် ပစ်ခတ်သတ်ဖြတ်ခြင်းများကို ကျူးလွန်ခဲ့ခြင်းကြောင့် အပစ်မဲ့ပြည်သူ အများအပြား သေဆုံးခဲ့ရပြီး ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ အပြင်းအထန် ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။ ထိုကဲ့သို့ လက်နက်မဲ့ ပြည်သူများကို အညှာအတာ ကင်းမဲ့စွာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းသည် နိုင်ငံတကာ ဥပဒေအရ ဂျီနိုဆိုက် (Genocide) ကို ကျူးလွန်လိုက်ခြင်းပင် ဖြစ်သည်။ တရားဥပဒေဆိုသည်မှာ လူသားများကို လူပီသစွာ နေနိုင်ရေးအတွက် အကာအကွယ်ပေးထားခြင်း ဖြစ်ပြီး ဥပဒေချိုးဖောက်သူများကိုလည်း ဥပဒေအရသာ အပြစ်ပေးခြင်း ဖြစ်သည်။ ဥပဒေအရ ပြဋ္ဌာန်းထားသည်ထက် ကျော်လွန်၍ အပစ်ပေးခြင်း မပြုနိုင်ပါ။

မြန်မာနိုင်ငံတွင် ဥပဒေက မည်သို့ပင်ပြဋ္ဌာန်းထားပါစေ စစ်ခေါင်းဆောင်များက တရားလက်လွတ် ပြည်သူများကို ဖမ်းဆီးပြီး ပုဒ်မမျိုးစုံတပ်ပြီး ထောင်ချလျက်ရှိသည့် အခြေအနေနှင့် ပြည်သူများ ရင်ဆိုင်နေကြရသည်။ အာဏာသိမ်းချိန်မှစ၍ တရားဥပဒေများကို ပစ်ပယ်ပြီး မတရားဥပဒေများဖြင့် ကိုယ်လိုသလို ထုတ်ပြန်ကာ ပြည်သူများ မိမိအုပ်ချုပ်မှုကို လက်မခံသည့် လက်နက်ကိုင် တိုက်နေသူများအပြင် မိမိကို ဖေ့ဘွတ်မှ ဝေဖန်သူများအလယ် ထိုဝေဖန်မှုများကို ကြိုက်နှစ်သက်၍ လိုက် (Like) ပေးသူများပါ မကျန် ပုဒ်မ ၅ (ည)တပ် ဖမ်းဆီးနေသည်။ မြန်မာနိုင်ငံသားများကို တပ်မတော် ခေါင်းဆောင်များက ဒီမိုကရေစီ ပေးချင်ပါသည်ဆိုသည့် ပြောစကားနှင့် လားလားဆန့်ကျင်နေခဲ့ပါသည်။ တရားဥပဒေအရ အပြစ်ရှိသောလူ (၁၀၀) လွတ်ချင်လွတ်ပါစေ အပြစ်မဲ့သူတယောက်ကို ထောင်မချမိပါစေနှင့် ဆိုသည့် ဆောင်ပုဒ်ကို ဆန့်ကျင်လျက် အပြစ်ရှိသူတယောက်မိဖို့အတွက် အပြစ်မဲ့သူ (၁၀၀) သေချင်သေပါစေ ဆိုသည့် အတွေးအခေါ်မျိုးသည် ယနေ့ စစ်ခေါင်းဆောင်များ၏ ခေါင်းထဲတွင် ရှိနေသည်ကို ယခု ကြုံတွေ့နေရသည့် ပဇီကြီးရွာ တိုက်ခိုက်မှုက သက်သေ ပြနေပေသည်။

ဤအဖြစ်အပျက်ကြောင့် ကမ္ဘာ့အလယ်တွင် စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ်မှုကြီးကို မီးမောင်းထိုး ပြလိုက်သည်။၊ ထိုကဲ့သို့ လူသားမဆန်သည့် လုပ်ရပ်ကို ကမ္ဘာ့နိုင်ငံများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းကြီးတို့က အပြင်းအထန် ဝေဖန်လာသည့်အခါတွင် စစ်ကောင်စီမှ မိမိတို့လုပ်ရပ်ကို ဖုံးကွယ်၍ PDF နှင့် ဒီမိုကရေစီရေး တိုက်ပွဲဝင်များကို ထမင်းရေပူလျှာလွဲ အပြစ်ဖို့သည့် ထုတ်ပြန်ချက်ကို သူရဲဘောကြောင်စွာ အောက်ပါအတိုင်း သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီထုတ်ပြန်ဖြေရှင်းချက်မှာ အောက်ပါအတိုင်းဖြစ်သည်-

“သတင်းပေးပို့ချက်အရ ကျေးရွာနှင့် အကွာအဝေးကို တွက်ချက်ကာ အပြစ်မဲ့ပြည်သူများ မထိခိုက်စေရေး တပ်မတော် အနေဖြင့် လေကြောင်းမှ အကန့်အသတ်ဖြင့် တိုက်ခိုက်ချေမှုန်းမှုများ ဆောင်ရွက်ခဲ့ရာ PDF ခေါင်းဆောင် သန့်ဇင်နှင့် အကြမ်းဖက်အဖွဲ့ဝင်များ သေဆုံးခဲ့ကြောင်း သိရှိရသည်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်တွင် ၎င်းတို့ အဆောက်အအုံ ဖွင့်ပွဲအခမ်းအနား၌ ခင်းကျင်းပြသထားသည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရာတွင် အသုံးပြုမည့် လက်နက်၊ ခဲယမ်းများ ထပ်မံပေါက်ကွဲမှုကြောင့် ပြင်းထန်စွာ ပေါက်ကွဲမှုကြီးများ ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုများ ပိုမိုများပြားခဲ့ကြောင်း သိရှိရသည်။” ဟု စစ်ကောင်စီသတင်းတွင် ဖော်ပြခဲ့သည်။

အထက်ပါ စစ်ကောင်စီထုတ်ပြန်ချက်သည် သူတို့လေယဉ်ဖြင့် ဗုံးကြဲခြင်းသည် အကြီးအကျယ် မဟုတ်ကြောင်း ပစ်မှတ် ကိုသာ ပစ်ခြင်းသာဖြစ်ကြောင်း ဆင်ဝှေ့ရန်ရှောင် စကားပြောခဲ့ပြီး အမှန်တကယ် အများအပြားသေဆုံးရခြင်းမှာ ထိုနေရာတွင် ရှိသည့် မိုင်းများ၊ ယမ်းများကြောင့်သာ ဖြစ်ကြောင်း ဆင်ခြေပေးထားခဲ့သည်။ တခုစဉ်းစားသင့်သည်မှာ ပဇီကြီးရွာတွင် ပွဲကျင်းပသူများသည် ထိုပွဲနေရာတွင် အသက်အန္တရာယ်ရှိသည့် ဗုံးများ၊ မိုင်းများ၊ ယမ်းများကို စုပြုံထားပြီးနောက် ပွဲကို ကျင်းပနေ သယောင်ဆင်ခြေ ပေးခြင်းသည် လုံးဝ ယုတ္တိမရှိကြောင်း သူတို့ကိုယ်တိုင်နှင့် သူတို့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုယ်တိုင် သိရှိမည် ဖြစ်သည်။

နိဂုံးချုပ်အားဖြင့် ထိုအဖြစ်အပျက်သည် စစ်ကောင်စီတခုထဲကို အပြစ်တင်နေရုံနှင့် မလုံလောက်ခြေ။ ပဇီကြီးရွာကို ထိုကဲ့သို့ ပြည်သူအများ အပြားကို ဖိတ်ကြားပြီး ပကဖအုပ်ချုပ်ရေးရုံး ဖွင့်ပွဲပြုလုပ်ခြင်းသည်လည်း ရန်သူကို လာတိုက်လှည့်ပါဟု လက်ယပ်ခေါ်နေသည်နှင့် တူပေသည်။ ထိုကဲ့သို့ အဆင်အခြင် နည်းပါးစွာ ရပ်သိရွာသိ ဖိတ်ကြားမှုမျိုးကို လုပ်ဆောင်သည့် သူတို့တွင်လည်း တာဝန်ရှိပေသည်။ NUG အနေနှင့် နောက်နောင်တွင် မိမိလက်အောက်ခံ ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့အစည်းများအား ထိုကဲ့သို့ ကြေကွဲဖွယ်ရာ အဖြစ်မျိုးမှ ရှောင်ရှားနိုင်ရန် လုပ်ဆောင်မှုများအားလုံးတွင် တန်ပြန် လာနိုင်သည့် တိုက်ခိုက်မှုများမှ မည်သို့ ကာကွယ်ကြရမည်ကို ကြိုတင်စဉ်းစားပြီးကာကွယ်မှုများကို လုပ်ဆောင်ထားရန် သတိပေးထားဖို့ အထူးလိုအပ်လှပေသည်။

စစ်ကောင်စီအနေနှင့်လည်း မိမိကို လက်မခံခြင်းသည် ပြည်သူများ၏ အခွင့်အရေးဖြစ်သည်ကို နားလည်လက်ခံပြီး မိမိကို ပြန်လည် တိုက်ခိုက်နေသည့် တော်လှန်နေသူများကို ပြန်လည်ခြေမှုန်းရာတွင် အပစ်မဲ့ပြည်သူများကို ထိခိုက်မှု မရှိစေရန် အထူးသတိထား လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းလိုက်ပါသည်။ အကြမ်းဖက် ဆောင်ရွက်ချက်များသည် ပြည်သူများကို ထိခိုက်စေသည်သာမက တိုင်းပြည်၏ ဂုဏ်သိက္ခာကိုလည်း ညှိုးနွမ်းစေပါသည်။

ဘယ်အရာကိုမဆို လုပ်ရဲသည်ဆိုသော စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနှင့် မိမိအမိန့်ပေးခိုင်းစေသည့်လုပ်ရပ်ကို သတ္တိရှိရှိ ဝန်ခံပြီး အရာရာကို ရင်ဆိုင်မည်ဖြစ်ကြောင်း ပြောကြားနိုင်ပါစေကြောင်း ရေးသားလိုက်ရပါသည်။

Boost post

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း အယ်ဒီတာ့အာဘော်

တရုတ်ရဲ့ စွက်ဖက်မှုနဲ့ မြန်မာ့အနာဂတ်နိုင်ငံရေး

  • 2024 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 28 Views
အယ်ဒီတာ့အာဘော် မြောက်ပိုင်းညီနောင် ၃ ဖော်ရဲ့ ၂၀၂၃ ခုနှစ်၊ ၁၀လ ပိုင်း၂၇ရက် (၁၀၂၇) ပထမလှိုင်းမှာ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှလွဲ၍
နိုင်ငံတကာသတင်း အမေရိကန် အယ်ဒီတာ့အာဘော်

လက်ရှိ အမေရိကန်နိုင်ငံရေး တစေ့တစောင်း

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 55 Views
အယ်ဒီတာ့အာဘော် အမေရိကန်တွင် ပါတီကြီးနှစ်ခုက နိုင်ငံရေးတွင် ဦးဆောင်နေပြီး တတိယအုပ်စုအဖြစ် ပေါ်ပေါက်လာရန် ကြိုးစားမှုများရှိသော်လည်း ထိုပါတီကြီးနှစ်ခုကို ယှဉ်နိုင်သည့် လူထုထောက်ခံမှုကို မရရှိနိုင်ခဲ့ကြပေ။
အယ်ဒီတာ့အာဘော်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူတွေကို “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများ ဖြစ်ကြောင်း” ပြောကြား

  • 2024 ခုနှစ်၊ ဇွန်လ 15 ရက်
  • 48 Views
အယ်ဒီတာအာဘော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောကြားခဲ့တဲ့ စကားတွေထဲမှာ အရှက်ကင်းမဲ့စွာ ဗြောင်လိမ်ပြီး မျက်နှာပြောင်တိုက် ပြောခဲ့တဲ့စကားတွေ အများကြီး ပါရှိခဲ့တယ်။ သူဦးစီးတဲ့ စစ်တပ်က မြို့ရွာတွေကို စစ်ထိုးတဲ့အခါ ရွာသူရွာသားတွေ ထွက်ပြေးခဲ့ရပြီး စစ်တပ်က အဲဒီရွာတွေကို မီးတိုက် ကျွဲနွားတရိစ္ဆန်တွေကို
အယ်ဒီတာ့အာဘော်

အရိုင်းအစိုင်းတွေအုပ်ချုပ်တဲ့နိုင်ငံအဖြစ်ခံကြမလား။

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 125 Views
အယ်ဒီတာ့အာဘော် ကမ္ဘာဦးကျောက်ခေတ်က လူမျိုးတမျိုးက လူမျိုးစုတစုကို အင်အားသုံး တိုက်ခိုက်သတ်ဖြတ် လူမျိူးစုတစုကို သူ့ထက်အင်အားကြီးတဲ့လူမျိုးက ကျူးကျော်တိုက်ခိုက်ပြီး ကျွန်ပြုခဲ့တဲ့ အရိုင်းအစိုင်းခေတ်တွေ ရှိခဲ့ပါတယ်။ တဖြည်းဖြည်း ယဉ်ကျေးမှု အဆင့်မြင့်လာတဲ့အခါ အရင်က ကျင့်သုံးခဲ့တဲ့ တောနက်ကြီးဝါဒဟာ လူ့တန်ဖိုးနဲ့မကိုက်ညီတဲ့အတွက် တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ
အယ်ဒီတာ့အာဘော်

မင်းအောင်လှိုင်ရဲ့ရှေ့ကဖုံး နောက်ကပေါ်နေသည့်ဘဝ

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 104 Views
အယ်ဒီတာအာဘော် ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်ကို နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ဖို့ တပ်ကဖိအားပေးတာကို ဖုန်ကြားရှင်က ငြင်းဆန်သည့်အတွက် သူတို့အဖွဲ့ကို လောက်ကိုင်ကနေ တိုက်ထုတ်ပြီး ဖုန်ကြားရှင်ကို သစ္စာဖောက်ပြီး တပ်ဖက်ကို ဘက်ပြောင်းသွားတဲ့ ပယ်ဆောက်ချိန်ကို ကိုးကန့်ခေါင်းဆောင်အဖြစ် ခန့်အပ်ပေးခဲ့သည်။ ပယ်ဆောက်ချိန်က ကိုးကန့်ခေါင်းဆောင်ဖြစ်လာပြီးနောက်
အယ်ဒီတာ့အာဘော်

ကရင်ပြည်နယ်တော်လှန်ရေးအောင်မြင်ရန်လမ်းစ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 165 Views
အယ်ဒီတာ့အာဘော် ကရင်အမျိုးသားတော်လှန်ရေး အဖွဲ့အစည်း KNU သည် အခြားတိုင်းရင်းသားများနည်းတူ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရန် လွတ်လပ်ရေး ရသည့် အချိန်မှစ၍ ယနေ့ကာလအထိ နှစ်ပေါင်း၇၆နှစ် ကြာတိုက်လာသည့် ကမ္ဘာ့တော်လှန်ရေး သက်တမ်းအရင့်ဆုံး အဖွဲ့အစည်းကြီး ဖြစ်သော်လည်း အောင်ပွဲမရနိုင်သေးချေ။ အဘယ့်ကြောင့်အောင်ပွဲမရသနည်းဆိုသည်ကို
အယ်ဒီတာ့အာဘော်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအပေါ် တွေ့ဆုံပြောကြားမှုကို သုံးသပ်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 144 Views
အယ်ဒီတာအာဘော် မင်းအောင်လှိုင်က နိုင်ငံရေးပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်၏ အမာခံဖြစ်ရန်လိုကြောင်း ပြောကြားချက်သည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တပ်မတော်မှနိုင်ငံရေးပါတီများကို ဖျက်သိမ်းခဲ့ပြီး တပ်မတော် တည်ထောင်သည့် ပါတီကိုသာ ရှင်သန်ခွင့်ပေးသည့် တပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို
အယ်ဒီတာ့အာဘော်

စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၄ နှစ်သစ်မိန့်ခွန်းကို စမ်းစစ်သုံးသပ်ကြည့်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 108 Views
ခေတ်မျက်လုံး အယ်ဒီတာအာဘော် ၁။ မိမိကိုယ်ကို သတိုးစည်သူစသည့်ရှည်လျားသည့်ဘွဲ့များ ပေးထားသည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ်နှစ်သစ်မိန့်ခွန်းသည် ယခင်ရှည်လျားသည့်မိန့်ခွန်းများနှင့်အသွင်မတူညီဘဲ တိုတိုတောင်းတောင်း ဖြစ်နေသည်ကို သတိပြုမိသည့်အပြင် သူ့အာဏာသိမ်းယူပြီးနောက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်စွမ်း မရှိဘဲ တနေ့ထက်တနေ့