နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမေရိကန် မရိန်းတပ်ဖွဲ့ဟောင်းတွေ ပါဝင်သင်ကြားပေးခဲ့တဲ့ တောင်ပိုင်းစစ်ဒေသ ကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးအဖွဲ့ရဲ့ အပတ်စဥ် – ၄ သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးအဖွဲ့ရဲ့ အပတ်စဥ် – ၄ သင်တန်းဆင်းပွဲ ကို ဖေဖေါ်ဝါရီ (၁၂) ရက်က ပြုလုပ်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F က သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F

KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျင်းပခဲ့တဲ့ အဲဒီသင်တန်းဆင်းပွဲကို NUG ရဲ့ ပြည်ထဲရေးနှင့်လူဝင်မှူကြီးကြပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးလွင်ကိုလတ် က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F

အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးချုပ် ၊ စစ်တိုင်းတာဝန်ခံတွေ၊ နယ်မြေခံ ERO မဟာမိတ်ခေါင်းဆောင်တွေနဲ့ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်းသင်တန်းဆရာတွေတက်ရောက်ကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F

အဲဒီသင်တန်းကို အမေရိကန် မရိန်းတပ်ဖွဲ့ဟောင်းတွေ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က စစ်ရေး ကျွမ်းကျင်သူတွေက ဦးစီးသင်တန်းပေးခဲ့တာလည်းဖြစ်ြပီး သင်တန်းကာလ (၃)လတာကြာမြင့်တယ်လို့သိရပါတယ်။

ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F

သင်တန်းမှာ အထူးကွန်မန်ဒို၊ အထူးချေမှူန်းရေး၊ အထူးလက်ဖြောင့်၊ စစ်မြေပြင် ဆေးဝါးကုသခြင်း နဲ့ မြို့ပြအထူးစစ်ဆင် ရေးအတွက် အဓိကကျတဲ့ စစ်ရေးလေ့ကျင့်မှူများကို စာတွေ့လက်တွေသင်ကြားခဲ့ကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F
ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F
ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F
ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F
ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F
ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ဆန့်ကျင်ကြဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 26 Views
ဇူလိုင်လ (၅)ရက်။ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ဆန့်ကျင်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့
မြန်မာသတင်း

သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ့ဆေးရုံအပါအဝင် အဆောက်အဦးအချို့ ထိမှန်ပျက်စီးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 21 Views
ဇူလိုင်လ (၅)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်က သီပေါမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA
မြန်မာသတင်း

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆန့်ကျင်ဖို့ NUCC နဲ့ NUG တို့ ပန်ကြားစာပေးပို့

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 21 Views
ဇူလိုင်လ (၅)ရက်။ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲနဲ့ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အတူဆန့်ကျင်ဖို့ တော်လှန်ရေးအင်အားစုတွေကို NUCC နဲ့ NUG တို့က ဒီကနေ့မှာ မေတ္တာရပ်ခံတဲ့ ပန်ကြားစာ‌တစောင် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီပန်ကြားစာကို NUCC
မြန်မာသတင်း

PDF တွေအပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ရွေးကောက်ပွဲဝင်ဖိုဆိုပြီး စစ်ကောင်စီ ထပ်မံဖိတ်ခေါ်

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 20 Views
ဇူလိုင်လ (၅)ရက်။ PDF တွေအပါအဝင် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို ပူးပေါင်းပါဝင်ဖို့ဆိုပြီး စစ်ကောင်စီက မနေ့က ထပ်မံဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီက ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်ဆိုပြီး ထုတ်ပြန်ထားကာ အဲ့ဒီဖိတ်ခေါ်ချက်ထဲ NUG၊ CRPH နဲ့ PDF
မြန်မာသတင်း

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 30 Views
ဇူလိုင်လ (၄)ရက်။ နောင်ချိုမြို့ရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နှစ်ဖက်တိုက်ပွဲတွေဟာ နောင်လင်၊ ကျောက်တော်၊ အုမ္မခါး၊ လုံစံနဲ့ လုံရဲရွာကြားအပြင် အုမ္မသီးနဲ့ ဆမ္မဆယ်ရွာကြားတို့မှာ
မြန်မာသတင်း

တောင်သာမှာ အရက်ထွက်ဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 29 Views
ဇူလိုင်လ (၄)ရက်။ မနေ့က ညနေပိုင်းအချိန်က တောင်သာမြို့ရှိ အမှတ်(၁)စွပ်ကျယ်စက်ရုံက စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အမှတ်(၁) စွပ်ကျယ်စက်ရုံမှာ လုံခြုံရေးတာဝန်ကျနေတဲ့ စကစတပ်ဖွဲ့ဝင် (၂)ဦးက အရက်ထွက်ဝယ်ဖို့
မြန်မာသတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မပူးပေါင်းဘဲ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 29 Views
ဇူလိုင်လ (၄)ရက်။ အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ဖို့ ကြိုးစားနေတဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်တာမပြုဘဲ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ NUG က မနေ့က တိုက်တွန်းထားတယ်လို့ သိရပါတယ်။ ပြည်သူ့အာဏာကို မတရားသိမ်းယူဖို့ ကြိုးစားနေတဲ့ တရားမဝင်စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပဖို့ အခွင့်အာဏာမရှိဘူးလို့
မြန်မာသတင်း

နိုင်ငံငြိမ်းချမ်းရေး အမျိုးသမီးတွေ ပူးပေါင်းပါဝင်ဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 28 Views
ဇူလိုင်လ (၄)ရက်။ နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ အမျိုးသမီးထုကြီးတရပ်လုံးက ပူးပေါင်းပါဝင်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာပြုလုပ်တဲ့ မြန်မာအမျိုးသမီးများ‌နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ရာမှာ အမျိုးသမီးထုကြီးတရပ်လုံးက