နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

ဥရောပ

ဥရောပ

ယူကရိန်းသမ္မတဇလန်းစကီး ဗြိတိန်ဝန်ကြီးချုပ်ရီရှီ ဆူးနက်ခ်နှင့်တွေ့ဆုံဖို့ ဗြိတိန်ကို ရောက်ရှိ။

ယူကရိန်းသမ္မတဇလန်းစကီးက သူ၏တွစ်တာတွင် “ မိတ်ဆွေ ဆူးနက်ခ်နှင့် တွေ့ဆုံကာ ခိုင်မာသော စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်မည်” ဟု ရေးသားခဲ့သည်။


ယူကရိန်းက ရုရှားကျူးကျော်မှုကို တိုက်ဖျက်ဖို့ တောင်းဆိုထားတဲ့ တာဝေးပစ်ဒုံးကျည်တွေ ယူကရိန်းကို ထောက်ပံ့ပေးမည်ဟု ကြာသပတေးနေ့မှာ ဗြိတိန်က ကြေညာခဲ့ပါသည်။

ယူကရိန်းသမ္မတဇလန်းစကီးသည် ယူကရိန်းအတွက် အထောက်အပံ့များ ပိုမိုရရှိစေရန် မကြာသေးမီရက်ပိုင်းက အနောက်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် အစည်းအဝေးတွင် ဗြိတိန်ဝန်ကြီးချုပ် ဆူးနက်ခ်က ယူကရိန်းကို ပံ့ပိုးကူညီရန် နောက်ထပ်ဘာများ လုပ်ဆောင်နိုင်သည်ကို ဆွေးနွေးနေကြသည်ဟု ဆိုသည်။

ယူကရိန်းခေါင်းဆောင်သည် ဗြိတိန်ဝန်ကြီးချုပ်၏ တရားဝင်နေထိုင်ရာ Chequers တွင် ဗြိတိန်ဝန်ကြီးချုပ် ဆူးနက်ခ်နှင့်တွေ့ဆုံသည့် ပထမဆုံးနိုင်ငံခြား ဂုဏ်သရေရှိ ပုဂ္ဂိုလ်ဖြစ်သည်။

ယူကရိန်းသမ္မတ ဇလန်းစကီးက ယူကရိန်းကို ရုရှားကျူးကျော်ပြီးကတည်းက ပံ့ပိုးကူညီမှုများအတွက် ဗြိတိန်ကို ကျေးဇူးတင်ကြောင်း တွေ့ဆုံပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

၎င်းတို့နှစ်ဦးသည် ယူကရိန်းအတွက် အရေးတကြီး ပံ့ပိုးကူညီရန် ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းကာကွယ်ရေးအတွက် ယနေ့ညနေပိုင်းတွင် ရာနှင့်ချီသော လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များနှင့် ဒရုန်းများကို ပံ့ပိုးရန် အတည်ပြုမည်ဖြစ်ကြောင်း ဒေါင်းနင်းလမ်းက ပြောကြားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ်ဆူးနက်ခ်သည် ယူကရိန်းကို အပြည့်အဝ ထောက်ပံ့မှု ပေးဆောင်ရန် အရေးကြီးကြောင်း ဒေါင်းနင်းလမ်းက ထပ်လောင်းပြောကြားခဲ့သည်။

“ ပူတင်ရဲ့ ကျူးကျော်စစ်ပွဲရဲ့ ရှေ့တန်းက ယူကရိန်းမှာ ဖြစ်နေပေမယ့် ပြတ်ရွေ့ကြောတွေက တစ်ကမ္ဘာလုံးကို ပြန့်နှံ့နေပါတယ်။ ယူကရိန်း အောင်မြင်မှု ရရှိရန် သေချာစေဖို့နဲ့ ပူတင်ရဲ့ ရိုင်းစိုင်းမှုကို ဆုမချဖို့က ကျွန်တော်တို့အားလုံးရဲ့ အကျိုးစီးပွားပါပဲ” ဟု ဗြိတိန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ခေါင်းဆောင်နှစ်ဦးကြား တွေ့ဆုံမှုသည် နာရီအနည်းငယ်ထက် ပိုကြာမည်မဟုတ်ဟု မျှော်လင့်ရသည်။
ယူကရိန်းသမ္မတ ဇလန်းစကီး၏ ဗြိတိန်ခရီးစဉ်သည် ပဲရစ်၊ ဘာလင်နှင့် ရောမမြို့များတွင် တွေ့ဆုံမှုများ ပါဝင်သော ဥရောပခရီးစဉ်အတွက် စတုတ္ထမြောက်ခရီးဖြစ်သည်။

ယူကရိန်းသမ္မတ ဇလန်းစကီးသည် ဂျာမဏီဝန်ကြီးချုပ် အိုလတ်ဖ် ရှို့လ်ဇ်နှင့် တနင်္ဂနွေနေ့က ဘာလင်တွင် ဆွေးနွေးပြီးနောက် ဂျာမဏီထံမှ ဒေါ်လာ ၂.၉၃ ဘီလီယံ (ပေါင် ၂.၄ ဘီလီယံ) တန်ဖိုးရှိသော ကာကွယ်ရေး အထောက်အပံ့ အစီအစဉ်သစ်ကို ယူကရိန်းက ရရှိခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားမှ အကြီးကျယ်ဆုံး ကျူးကျော်မှု စတင်ချိန်မှစ၍ ဂျာမန် Leopard တင့်ကားများနှင့် လေယာဉ်ပစ်စနစ်များကို ဂျာမဏီထံမှ ကတိကဝတ်အသစ်သည် အကြီးမားဆုံးဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက ဖော်ပြခဲ့သည်။

ပြင်သစ်သမ္မတ မက်ခရွန်သည် ပါရီတွင် ယူကရိန်းသမ္မတနှင့် တွေ့ဆုံပြီးနောက် အပေါ့စား တင့်ကားများနှင့် သံချပ်ကာယာဉ် ဒါဇင်များစွာကို ပြင်သစ်က ပေးအပ်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ ၄၆ ဒသမ ၆၅ ဘီလီယံ (ပေါင် ၃၇ ဒသမ ၃၅ ဘီလီယံ) အမေရိကန်က ပေးအပ်ခဲ့ပြီး ယင်းငွေသည် အခြားနိုင်ငံမှ လှူဒါန်းသည်ထက် ပိုမိုများပြားသည်။ ဗြိတိန်သည် စစ်ရေးအကူအညီ ဒေါ်လာ ၇.၁၆ ဘီလီယံ (ပေါင် ၅.၁၇ ဘီလီယံ) ဖြင့် ဒုတိယဖြစ်သည်။

ဖေဖော်ဝါရီလတွင် ယူကရိန်းသမ္မတ ဇလန်းစကီးသည် စစ်ပွဲစတင်ချိန်မှစ၍ လန်ဒန်သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး ဘုရင်နှင့်အတူ ပါလီမန်သို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့သည်။

၎င်း၏ ဗြိတိန်ခရီးစဉ်သည် ယခုသီတင်းပတ်နှောင်းပိုင်းတွင် ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားတွင် ပြုလုပ်မည့် G7 ထိပ်သီးအစည်းအဝေးမတိုင်မီတွင် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ဗြိတိန်ဝန်ကြီးချုပ်ဆူးနက်ခ်လည်း G7 ထိပ်သီးအစည်းအဝေးကို တက်ရောက်မည်ဖြစ်သည်။
Source: BBC / Photo: ဗြိတိန်ဝန်ကြီးချုပ်ဆူးနက်ခ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ထရန့်ရဲ့ ကိုလိုနီနယ်ချဲ့ အရိပ်အယောင်ပြ ပြောစကား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 71 Views
+++++++++++++++++++++++++++++ အယ်ဒီတာ့အာဘော် ထရန့်က သူသမ္မတအဖြစ် ကျမ်းသစ္စာကျိမ်ဆိုပွဲ မတိုင်ခင် နိုင်ငံခြားရေးမူဝါဒတွေကို ပြောလာခဲ့တဲ့အပေါ် ကမ္ဘာမှာ ပွက်လောရိုက်လာခဲ့ပါတယ်။ ဓားစာခံတွေကို လွှတ်မပေးရင်
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း ဥရောပ

အီတလီ အမျိုးသမီးသတင်းထောက်ကို အီရန်အာဏာပိုင်များ ထိန်းသိမ်းထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 87 Views
ဒီဇင်ဘာလ (၂၈) ရက်။ အီတလီသတင်းထောက် ဆယ်ဆီလီယာ ဆာလာ (Cecilia Sala) ကို အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင်
နိုင်ငံတကာသတင်း အာရှ ဥရောပ

အဇာဘိုင်ဂျန်မှ ရုရှားသို့ ပျံသန်းသည့် အဇာဘိုင်ဂျန်လေယာဉ် ကာဇက်စတန်တွင် ပျက်ကျ ၂၈ ဦး အသက်ရှင်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 103 Views
ဒီဇင်ဘာလ (၂၅) ရက်။ အဇာဘိုင်ဂျန်မှ ရုရှားသို့ ပျံသန်းနေသည့် အဇာဘိုင်ဂျန်လေကြောင်းလိုင်း Embraer လေယာဉ်တစ်စီး ဒီဇင်ဘာ ၂၅ရက်နေ့က ကာဇက်စတန်နိုင်ငံ အက်တိုမြို့အနီး ပျက်ကျခဲ့ရာ လေယာဉ်ပါ ခရီးသည် (၆၂) ဦးနှင့် လေယာဉ်အမှုထမ်း (၅)
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း ဥရောပ

ICC ဖမ်းဝရမ်းကို ကြောက်လန့်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် သြဇဝစ် နှစ် ၈၀ ပြည့်အခမ်းအနားကို တက်ရောက်မည် မဟုတ်ဟု ဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 122 Views
++++++++++++++++++++++++++++++ ဒီဇင်ဘာလ (၂၀) ရက်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် သြဇဝစ် (Auschwitz) လွတ်မြောက်ရေး နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ပိုလန်နိုင်ငံတွင် ကျင်းပမည့် အခမ်းအနားကို တက်ရောက်မည် မဟုတ်ကြောင်း သတင်းရရှိပါသည်။ ပိုလန်သတင်းဌာန
နိုင်ငံတကာသတင်း ဥရောပ

နှစ်ကုန်သတင်းစာရှင်းလင်းပွဲတွင် ထရန့် နှင့်ဆွေးနွေးရန် အဆင်သင့်ဖြစ်နေပြီဟု ပူတင်ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 107 Views
ဒီဇင်ဘာလ (၂၀) ရက်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မကြာသေးမီက ဆုတ်ယုတ်မှုများအပေါ် အပြုသဘောဆောင်သည့် လှည့်ဖျားပြောကြားမှုများကို ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့သည်။ ရုရှားနိုင်ငံသည် ဆီးရီးယားတွင် ၎င်း၏တာဝန်ကိုပြီးမြောက်အောင် လုပ်ဆောင်ခဲ့ပြီး ယူကရိန်းစစ်ပွဲကို အောင်နိုင်ခဲ့ကြောင်း ကြာသပတေးနေ့တွင် ပြုလုပ်သည့် ရှည်လျားသည့်
နိုင်ငံတကာသတင်း ဥရောပ

ဖော့စဝါ ဘိုင်ယို (Francois Bayrou) ကို ပြင်သစ်ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 135 Views
ဒီဇင်ဘာလ (၁၄) ရက်။ ဒီဇင်ဘာ ၁၃ ရက်နေ့က ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန်က ဒီမိုကရက်တစ်လှုပ်ရှားမှုပါတီဥက္ကဋ္ဌ ဖော့စဝါ ဘိုင်ယို ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အမျိုးသားလွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်ခံရမှုကြောင့် နုတ်ထွက်ခဲ့ရတဲ့ မစ်ရှယ်လ် ဘာနီယာ (Michel
နိုင်ငံတကာသတင်း ဥရောပ

ရုရှား-ယူကရိန်းအရေး ပြင်သစ်၊ ယူကရိန်း သမ္မတတို့နှင့် ထရမ့် ဆွေးနွေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 146 Views
ဒီဇင်ဘာလ (၉) ရက်။ ပြင်သစ်သမ္မတအမန်နူရယ်မက်ခရွန်ဟာ မနေ့က စနေနေ့မွန်းလွဲပိုင်းမှာ ပါရီကို အလည်အပတ်ရောက်ရှိနေတဲ့ ယူကရိန်းသမ္မတဇလန်းစကီးနဲ့ အမေရိကန် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ (၅) နှစ်က မီးလောင်ပျက်စီးသွားတဲ့ နိုထရာဒမ်ဒယ်ပါရီဘုရားကျောင်းကြီးကို ပြန်လည်ပြုပြင်ပြီး ဖွင့်ပွဲအခမ်းအနားကို
နိုင်ငံတကာသတင်း ဥရောပ

ကမ္ဘာကြီးသည် တတိယမြောက် နျူကလီးယားခေတ်ရောက်လုနီးပါးဖြစ်နေပြီဟု ဗြိတိန်စစ်တပ်အကြီးအကဲက သတိပေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 164 Views
ဒီဇင်ဘာ (၆) ရက်။ ကမ္ဘာသည် တတိယမြောက် နျူကလီးယားခေတ်သို့ ရောက်လုနီးပါး ဖြစ်နေပြီဟု ဗြိတိသျှစစ်တပ်၏ အကြီးအကဲက အချက်ပေးလိုက်သည်။ ဒီဇင်ဘာလ (၄) ရက်နေ့တွင် တော်ဝင်ရေတပ်ဦးစီးချုပ် တိုနီ ရာဒါကင် (Tony Radakkin) က