၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်၊
ဂါဇာရှိဆေးရုံတစ်ဝက်ကျော်သည် လောင်စာဆီမရှိခြင်း၊ ပျက်စီးခြင်း၊ အစ္စရေးတို့၏တိုက်ခိုက်မှုများနှင့် လုံခြုံမှု မရှိခြင်းတို့ကြောင့် ဂါဇာရှိဆေးရုံတစ်ဝက်ကျော်သည် လုပ်ငန်းမလည်ပတ်နိုင်တော့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
လက်ရှိဖွင့်လှစ်ထားသေးသည့် ဆေးရုံ ၁၄ ရုံတွင် အရေးကြီးသော အသက်ကယ်ခွဲစိတ်မှုများနှင့် အထူးကြပ်မတ်ကုသဆောင်အပါအဝင် အတွင်းလူနာ စောင့်ရှောက်မှုများ ပံ့ပိုးပေးရန်အတွက် လုံလောက်သော အထောက်အပံ့များ လုံလောက်စွာ မရှိပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အောက်ပါအချက်တို့ကို တောင်းဆိုထားခဲ့သည်။
ချက်ချင်း အပစ်အခတ်ရပ်စဲရေး
အရပ်သားများအား အကာအကွယ်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို လေးစားလိုက်နာရေး
ဂါဇာတွင် အစ္စရေးစစ်တပ်က ဆေးရုံများကို တိုက်ခိုက်နေသည့်အပေါ် အမေရိကန်သမတဂျိုးဘိုင်းဒန်က ရပ်တန့်ပေးရန် တောင်းဆိုခဲ့သော်လည်း အစ္စရေးစစ်တပ်သည် ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။