နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေ ဂါဇာမှာရှိတဲ့ အကြီးဆုံးဆေးရုံကို ဝင်ရောက်တိုက်ခိုက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသရှိ အယ်ရှီဖာ (Al-Shifa) ဆေးရုံတွင် တိကျသောပစ်မှတ်ထားသည့် စစ်ဆင်ရေးကို စတင်လုပ်ဆောင်နေပြီး အစ္စရေးတင့်ကားများသည် ဆေးရုံဝင်းအတွင်းသို့ ရွှေ့ပြောင်းသွားခဲ့ကြောင်း ဆေးရုံအတွင်းရှိ သတင်းထောက်တစ်ဦးက CNN သို့ ပြောကြားခဲ့သည်။ “သူတို့က တင့်ကားတွေရဲ့ သေနတ်တွေကို ဆေးရုံဘက်ကိုချိန်နေတာ တွေ့နိုင်ပါတယ်။ စစ်သားတွေက ဆေးရုံ (အဆောက်အဦ) ထဲမှာရှိမရှိ မသေချာပေမယ့် သူတို့ဟာ တင့်ကားတွေနဲ့အဆောက်အဦဝင်းအထဲမှာ ရှိနေပါတယ်” ဟု ပါလက်စတိုင်းသတင်းအေဂျင်စီ ဝါဖာ(Wafa) မှ သတင်းထောက် Khader Al Za’anoun က CNN သို့ ပြောကြားခဲ့သည်။

ခြံဝန်းတစ်လျှောက်တွင် သေနတ်သံများ အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး အဆောက်အအုံတစ်ခုရှိ ပြတင်းပေါက်တခုလည်း ပြုတ်ထွက်သွားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်၏ အကြီးဆုံးဆေးရုံကြီးတွင် လွန်ခဲ့သောရက်များအတွင်း ပျက်စီးယိုယွင်းမှုများဖြစ်လာခဲ့သည် အစ္စရေး၏ဆေးရုံပတ်ဝန်းကျင်ရှိလမ်းများကို ပစ်ခတ်တိုက်ခိုက်မှုများနှင့် လောင်စာဆီ သိုလှောင်ထားရှိမှုများ ခန်းခြောက်သွားခြင်းကြောင့် ဆေးရုံသည်ခက်ခဲစွာ လည်ပတ်နေခဲ့ရသည်။ ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းနေထိုင်သူများသည် ဆေးရုံဝင်းအတွင်း၌ ခိုလှုံနေကြပြီး ဆေးရုံအတွင်းရှိ ဆရာဝန်များနှင့် ဂျာနယ်လစ်များက မွေးချိန်မတိုင်မီ မွေးဖွားခဲ့သော ကလေးငယ်များ အသက်ရှင်နေစေရန် အပူတပြင်း ကြိုးပမ်းအားထုတ်မှုများနှင့် ဖယောင်းတိုင်မီးထွန်းထားသည့် အကန့်အသတ်ဖြင့်သာလုပ်နိုင်သည့်ဆေးကုသပေးနေရမှုကို CNN သို့ ပြသခဲ့သည်။

အစ္စရေး စစ်ဆင်ရေးသည် အယ်ရှီဖာ ဆေးရုံ၏ “သတ်မှတ်ထားသော ဧရိယာ” တွင် လုပ်ဆောင်နေကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏ ထုတ်ပြန်ချက်အရသိရသည်။ ဟားမတ်စ်တို့က အဆိုပါ ဆေးရုံအား စစ်ရေးရည်ရွယ်ချက်အတွက် ဆက်လက်အသုံးပြုနေသည်ဟု အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ ကစွပ်စွဲ ခြင်းကို ဟားမတ်စ်နှင့် ဆေးရုံတာဝန်ရှိသူများကအကြိမ်ကြိမ် ငြင်းဆိုခဲ့ဖူးသည်။ အစ္စရေးစစ်ဆင်ရေး မစတင်မီ မိနစ် ၃၀ ခန့် အလို သတိပေးချက် ပေးထားကြောင်း အယ်ရှီဖာ မှ ဆရာဝန်တစ်ဦးက CNN သို့ ပြောကြားခဲ့သည်။ “ပြတင်းပေါက်တွေနဲ့ လသာဆောင်တွေကို ရှင်းရှင်းလင်းလင်းနေဖို့ ကျွန်တော်တို့ကို တောင်းဆိုထားတယ်။ သံချပ်ကာယာဉ်တွေကို ငါတို့ကြားရတယ်၊ သူတို့က ဆေးရုံဝင်းရဲ့ဝင်ပေါက်နဲ့ အရမ်းနီးတယ်” ဟု ဒေါက်တာ ခါလက် အဘူ ဆမ်ရာ (Khaled Abu Samra) က ပြောသည်။

ရာနှင့်ချီသောဝန်ထမ်းများနှင့် လူနာများသည် အယ်ရှီဖာဆေးရုံ တွင်ရှိနေဆဲဖြစ်ကြောင်း သူတို့သည် အစ္စရေး၏ လေကြောင်းနှင့် မြေပြင်ထိုးစစ်များမှရှောင်ရှားရန်ဆေးရုံတွင် ခိုလှုံနေကြသူ ထောင်ပေါင်းများစွာရှိကြောင်း ဆေးရုံမှနောက်ဆုံးသတင်းများအရ သိရသည်။ အစ္စရေး၏ ထုတ်ပြန်ချက်တွင် “အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ သည် ဟားမတ်စ်များကို ချေမှုန်းရန်နှင့် ကျွန်ုပ်တို့၏ဓားစာခံများကို ကယ်တင်ရန် ဂါဇာတွင် မြေပြင်စစ်ဆင်ရေးကို လုပ်ဆောင်နေသည်။ အစ္စရေးက ဂါဇာမှာ အရပ်သားတွေကို တိုက်ခိုက်နေတာ မဟုတ်ဘဲ ဟားမတ်စ်တွေနဲ့ စစ်ဖြစ်နေတာဖြစ်တယ်”ဟုဆိုသည်။

ဂါဇာကို ထိန်းချုပ်ထားသည့် ဟားမတ်စ်ကို အစ္စရေးက စစ်ကြေညာခဲ့ပြီး အောက်တိုဘာ ၇ ရက်က အစ္စရေးတွင် ဟားမတ်စ်၏ အကြမ်းဖက်တိုက်ခိုက်မှုအပြီးတွင် လူပေါင်း ၁၄၀၀ ခန့် သေဆုံးကာ ၂၄၀ ခန့်ကိုဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့သည်။ ဓားစာခံ အများစုမှာ ဂါဇာတွင် ဖမ်းဆီးထားဆဲဖြစ်သည်။ ထိုအချိန်မှစ၍ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ကလေး ၄,၆၀၉ ဦးနှင့် အမျိုးသမီး ၃,၁၀၀ အပါအဝင် ပါလက်စတိုင်း အနည်းဆုံး ၁၁,၁၈၀ ဦး သေဆုံးခဲ့ကြောင်း၊ ဂါဇာရှိ ဆေးဘက်ဆိုင်ရာ အချက်အလက်များကိုစုဆောင်းထားသည့် ရာမလာ (Ramallah) ရှိ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

ဂါဇာကမ်းမြောင်ဒေသရှိ လောင်စာပြတ်လတ်နေသော ဆေးရုံများနှင့် အစာနှင့်ရေ ဆိုးရွားစွာ ပြတ်လပ်မှုများကြားတွင် မကြာသေးမီ ရက်ပိုင်းများအတွင်း အစ္စရေးအစိုးရအပေါ် နိုင်ငံတကာဖိအားများ မြင့်တက်လာခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အင်္ဂါနေ့တွင် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်ကို “လူသားခြင်းစာနာမှု” ဖြင့် အပစ်ရပ်ဆိုင်းရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 28 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 33 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 34 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 41 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုနှင့်အတူ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ယော့ခ်ရှိုင်းယား (Yorkshire) ရှိ နေအိမ်များအတွက်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့် ပူးပေါင်းကာ အီရန်စစ်ပွဲကို စတင်ခဲ့သည်။ ပထမဆုံး တိုက်ခိုက်မှုများ မပြုလုပ်မီ တစ်ရက်အလိုတွင် Gallup