စနေညက ရင်ဆိုင်ကစားခဲ့တဲ့ပွဲမှာ ဘရိုက်တန်အသင်းကို အရေးနိမ့်ပြီးတဲ့နောက် ယာယီနည်းပြ ဖရန့်လမ်းပတ်က ချဲလ်ဆီးအသင်းဟာ အခြေခံကျတဲ့ အမှားအယွင်းတွေကို ကျူးလွန်နေဆဲဖြစ်လို့ အခုထက် အများကြီးပိုအားထုတ်ဖို့ လိုနေပြီလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ နည်းပြဂရေဟမ်ပေါ်တာကို ရာထူးက ထုတ်ပယ်ပြီး နည်းပြဟောင်းလမ်းပတ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ ခန့်အပ်တာဝန်ပေးခဲ့ပေမယ့် သူ့လက်ထက်မှာလည်း ၃ ပွဲဆက် ရလဒ်ဆိုးနဲ့ရင်ဆိုင်ခဲ့ရတာပါ။
![](https://eraseye.com/wp-content/uploads/2023/04/341533793_1080437566679089_6327372313145582307_n-1024x576.jpg)
![](https://eraseye.com/wp-content/uploads/2023/04/341468650_556282416574485_5735899618153667502_n-1024x683.jpg)
![](https://eraseye.com/wp-content/uploads/2023/04/341352238_889591055449143_3392889361195079244_n.jpg)
ဘရိုက်တန်အသင်းကို ၂ ဂိုး၊ ၁ ဂိုးနဲ့ အရေးနိမ့်ပြီးတဲ့နောက်မှာ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၁ နေရာအထိရောက်ရှိသွားခဲ့ပြီး ဒါဟာ ၁၉၉၅-၉၆ ဘောလုံးရာသီနောက်ပိုင်း အဆိုးရွားဆုံးအနေအထားဖြစ်လာခဲ့ပါတယ်။ လက်ရှိအသင်းရဲ့အခြေအနေကို ကျတော်အပါအဝင် ကစားသမားတွေပါ တွန်းလှန်နိုင်ဖို့လိုအပ်ပါတယ်။ အခုပုံစံဟာ ချဲလ်ဆီးအသင်းရဲ့ ပုံစံမဟုတ်ပါဘူး။ ကျတော့်အနေနဲ့ ဘာအကြောင်းပြချက်မှ မပေးချင်သလို ကစားသမားဘ၀တုန်းကလို ချဲလ်ဆီးအသင်းအတွက် အမြဲတမ်းဂုဏ်ယူချင်ပါတယ်လို့ လမ်းပတ်က ပြောသွားခဲ့တာဖြစ်ပါတယ်။
ကစားသမားဘ၀တုန်းက ချဲလ်ဆီးအသင်းအတွက် ၂၁၁ ဂိုးသွင်းယူပေးခဲ့တဲ့ လမ်းပတ်ဟာ ၂၀၁၉ ခုနှစ်က ချဲလ်ဆီးအသင်းကို စတင်ကိုင်တွယ်ခွင့်ရခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာ နည်းပြတူချယ်နဲ့ အစားထိုးခြင်းခံခဲ့ရပါတယ်။ အခုတစ်ကြိမ်မှာတော့ ယာယီနည်းပြအဖြစ် ကစားသမားဟောင်းတွေဖြစ်တဲ့ ဂျွန်တယ်ရီ၊ အက်ရှ်လေကိုးတို့နဲ့ အတူ တာဝန်ပေးအပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ဘရိုက်တန်ကိုအရေးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ပွဲကြည့်စဉ်ပေါ်က အသင်းပိုင်ရှင်တော့ဘိုလီကို ပရိသတ်တွေက ဝေဖန်လှောင်ပြောင်တဲ့အထိလည်းဖြစ်ခဲ့ပါတယ်။
Era’sEyes/#SportNews