နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာ့နိုင်ငံရေး အာရှ

ထိုင်းဝန်ကြီးချုပ်က “လက်ရှိအချိန်ထိ မြန်မာစစ်တပ်နဲ့ လျှို့ဝှက်စွာ နောက်ကွယ်မှာ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ဆို

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၁၆) ရက်၊ တိုကျို။

ဂျပန်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား အထူးထိပ်သီးအစည်းအဝေး (Association of Southeast Asian Nations) မစတင်မီ ထိုင်းဝန်ကြီးချုပ်ကို NHK က တွေ့ဆုံမေးမြန်းရာတွင် လက်ရှိအချိန်ထိ မြန်မာ့တပ်မတော်နှင့် လျှို့ဝှက်စွာ နောက်ကွယ်မှာ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေသေးကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့သည်ဟု ဂျပန်နိုင်ငံ NHK ရုပ်မြင်သံကြားသတင်းဌာနက ဖော်ပြခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လက်ရှိအခြေအနေများကို တည်ငြိမ်သွားစေရန် ရည်ရွယ်၍ ထိပ်သီးအစည်းအဝေးတွင် အခြားနိုင်ငံများနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန်ဖြစ်ကြောင်း ၎င်း၏ ရပ်တည်ချက်ကို အလေးပေး ပြောကြားခဲ့ပါသည်။

ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေသည့် ထိုင်းဝန်ကြီးချုပ်က ယမန်နေ့ ဒီဇင်ဘာလ (၁၆) ရက်နေ့ မနက်ပိုင်း တိုကျိုတွင် ပြုလုပ်ခဲ့သည့် NHK နှင့် တစ်ကိုယ်တော် တွေ့ဆုံမေးမြန်းခန်းတွင် ဤကဲ့သို့ ဖြေကြားခဲ့ပါသည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကမောက်ကမဖြစ်ခဲ့သည့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ၎င်းက ” ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့အတွက် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းကို ထိန်းသိမ်းရမှာ သဘာဝကျပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့အပြင် “ (စစ်ကောင်စီ) နှင့် ခင်မင်ရင်းနှီးစွာ ဆွေးနွေးနိုင်သရွေ့ ဆက်လက်ဆွေးနွေးရန် အရေးကြီးဆုံး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မငြိမ်မသက်ဖြစ်နေမှုဟာ ဒေသတစ်ခုလုံးကို သက်ရောက်မှုရှိနေတဲ့အတွက် အဲ့ဒီပြဿနာကို အမြန်ဆုံးတည်ငြိမ်အေးချမ်းစေရေးအတွက် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားရန် လိုအပ်ပါတယ်။” ဟု ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းသွားဖို့ ရည်ရွယ်ပြီး ဤထိပ်သီးအစည်းဝေးတွင် အခြားနိုင်ငံများနှင့် တက်ကြွစွာ ပါဝင်ဆွေးနွေးရန် ၎င်း၏ ရပ်တည်ချက်ကို အလေးပေး ပြောကြားခဲ့ပါသည်။

ထိုင်းဝန်ကြီးချုပ်က “ အစိုးရက ကတိမတည်ရင် ပြည်သူက အပြစ်ပေးလိမ့်မယ်။ နိုင်ငံရေးဆိုတာ ပြည်သူတွေရဲ့ ပျော်ရွှင်မှုကို တိုးမြင့်စေအောင် လုပ်တာပဲဖြစ်တယ်” ဟု ပြောဆိုပြီး ထိုင်းအစိုးရတည်ငြိမ်ရေး ရည်ရွယ်ပြီး ဆောင်ရွက်နေပါကြောင်းနှင့် စီးပွားရေးကွာဟမှုကို ဖြေလျော့နိုင်ရေးနဲ့ နိုင်ငံရပ်ခြားမှ ရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် အစွမ်းကုန် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တဖက်မှာလည်း ထိုင်းနိုင်ငံတွင် ထိုင်းဝန်ကြီးချုပ်၏ ဖွေထိုင်းပါတီသည် အထွေထွေရွေးကောက်ပွဲတွင် အများဆုံးအနိုင်ရရှိခဲ့သည် ဒီမိုကရေစီလိုလားသည့် Move Forward ပါတီကို ဖယ်ရှားခဲ့ပြီး နှစ်ပေါင်းများစွာ ပဋိပက္ခဖြစ်ခဲ့သည့် စစ်တပ်နှင့်နီးစပ်သည့် ရှေးရိုးစွဲပါတီနှင့် မဟာမိတ်ဖွဲ့ခဲ့ပြီး ထိုင်းအစိုးရကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။

Source/Photo: NHK

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 23 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 56 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 53 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 60 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 58 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 66 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း