နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်သူဌေးကြီးဂျင်မီလိုင်ကို ရုံးထုတ်စစ်ဆေးမှုစတင်

ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို အားပေးထောက်ခံမှု၊ တရုတ်ခေါင်းဆောင်တွေကို အပြစ်တင်ဝေဖန်ပြောဆိုမှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်ခြင်းခံထားရတဲ့ ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီလိုင်ကို တနင်္လာနေ့က အစောင့်အကြပ်ပေါင်းများစွာနဲ့ ရုံးထုတ်စစ်ဆေးမှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။

Daily Apple သတင်းစာတည်ထောင်သူ ဂျင်မီလိုင်ဟာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို အားပေးကူညီတယ်ဆိုတဲ့ စွဲချက်အပါအဝင် အခြားသော စွဲချက်ပေါင်းစုံနဲ့ 2020 ခုနှစ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး 2021 ခုနှစ်မှာတော့ သူ့ရဲ့ မီဒီယာကုမ္ပဏီကိုလည်း ပိတ်သိမ်းခဲ့ပါတယ်။ အသက် 76 နှစ်ရှိပြီဖြစ်တဲ့ ဂျင်မီလိုင်ကို နိုင်ငံခြားတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆက်သွယ်မှု၊ အမျိုးသားလုံခြုံရေးရာဇဝတ်မှုတွေနဲ့ သီးခြားစီစွဲချက်တင်ထားပြီး အဲဒီစွဲချက်တွေဟာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းထိ ကျခံရနိုင်တဲ့ ပြစ်မှုတွေဖြစ်ပါတယ်။

တနင်္လာနေ့က ရုံးထုတ်စစ်ဆေးမှုမှာ အပြာရောင်ရှပ်အကျီနဲ့ မီးခိုးရောင်ကုတ်အကျီဝတ်ဆင်ထားတဲ့ လိုင်ဟာ ပိန်ချုံးနေပြီး တရားရုံးထဲ ဝင်ခါနီးမှာ အားပေးထောက်ခံသူတွေကို လက်ပြနှုတ်ဆက်ခဲ့ပါတယ်။ လိုင်ကို လုံခြုံးရေးတပ်ဖွဲ့ဝင် 4 ဦးက အနီးကပ် စောင့်ကြပ်ထားပြီး တရားရုံးပြင်ပမှာလည်း လုံးခြုံရေးအင်အား အလုံးအရင်းနဲ့ စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။

အခုလို ဂျင်မီလိုင်ကို ရုံးတင်စစ်ဆေးမှုဟာ ရက် 80 လောက် ကြာမြင့်မယ်လို့ ခန့်မှန်းရပြီး တရားစွဲဆိုမှုဟာ ဗြိတိန်အုပ်ချုပ်မှုအောက်ကနေ ပြည်မကြီးကို လွှဲပြောင်းပေးလိုက်တဲ့ 1997 ခုနှစ်နောက်ပိုင်း ဟောင်ကောင်မှာ အကြီးမားဆုံးတရားစွဲဆိုမှုဖြစ်ပါတယ်။ လိုင်ကို တရားစွဲဆိုထားတဲ့ အစိုးရရှေ့နေတွေဟာ Apple Daily သတင်းစာမှာ ပါဝင်တဲ့ ဆောင်းပါးတွေဟာ ဟောင်ကောင်ရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်စေတယ်လို့ စွပ်စွဲထားပြီး ပြည်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ အရေးယူပိတ်ဆို့မှုတွေပြုလုပ်ဖို့ တောင်းဆိုခဲ့တယ်လို့ စွဲချက်တင်ခဲ့တာပါ။ ဒါပေမယ့် လိုင်ကတော့ စွဲချက်တွေအားလုံးကို ငြင်းဆိုထားပါတယ်။

အဲဒီတရားစွဲမှုကနေ ဟောင်ကောင်ရဲ့ တရားရေးအခင်းအကျင်းနဲ့ စံနမူနာသစ်တွေပြောင်းလဲလာနိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းနေကြပါတယ်။2019 ခုနှစ်က ဟောင်ကောင်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှုကြီးဖြစ်ပွါးခဲ့ပြီး အဲဒီလှုပ်ရှားမှုကြောင့် တက်ကြွလှုပ်ရှားသူတွေဖမ်းဆီးထိန်းသိမ်းခံခဲ့ရသလို အချို့ကလည်း ပြည်ပကို ထွက်ပြေးတိမ်းရှောင်မှုတွေ ပြုလုပ်ခဲ့ကြရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အီရန်စစ်ရေး – ၄၈ နာရီအကြာ- စစ်ဗျူဟာမြောက် အောင်မြင်မှုနှင့် အနာဂတ် အတွက် မရေရာသောဗျူဟာ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အရှေ့အလယ်ပိုင်းတွင် ယခုဖြစ်ပွားနေသည့် အကျပ်အတည်းမျိုးအတွင်း သမ္မတတစ်ဦးသည် ထောက်လှမ်းရေးနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ်အချို့ ပျက်ကျ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် တိုက်လေယာဉ်များ ပျက်ကျခြင်း။ တနင်္လာနေ့တွင် အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ် “အချို့” ပျက်ကျခဲ့ပြီး “လေယာဉ်အမှုထမ်းအားလုံး အသက်ရှင်လွတ်မြောက်ခဲ့သည်” ဟု ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ CNN
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အပေါ် ထရန့်၏ တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသည် အကြီးမားဆုံး အရှုံးပေါ်မည့်သူ ဖြစ်လာနိုင်

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ၂ရက် နှစ်လမပြည့်မီသော အချိန်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်နိုင်ငံကို အရေးယူဆောင်ရွက်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် တရုတ်၏ ရေနံထောက်ပံ့မှုကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ဇန်နဝါရီလတွင် အမေရိကန်က ဖမ်းဆီးခဲ့သည်။ ယခုအခါ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်လယ်ကွေ့ဒေသရှိ အမေရိကန်၏ မဟာမိတ်များ အီရန်၏ တိုက်ခိုက်မှုဒဏ်ကို အပြင်းအထန် ခံစားနေရ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 26 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အဘူဒါဘီမြို့၏ ကြည်လင်နေသော ကောင်းကင်ယံတွင် သဲရောင်ခြယ် ဗီလာအိမ်များနှင့် ရေလောင်းထားသော ဥယျာဉ်များ၏ အထက်တွင် အဖြူရောင် အခိုးအငွေ့တန်းများ ရှည်လျားစွာ ဖြစ်ပေါ်နေသည်။ ၎င်းတို့သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ထရန့် ဝါရှင်တန်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အီရန်နိုင်ငံနှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂)ရက်နေ့ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် သမ္မတ ဒေါ်နယ်ထရန့်သည် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အီရန်နှင့် ပတ်သက်၍ သတင်းထောက်များ၏ အော်ဟစ်မေးမြန်းမှုများကိုမူ ၎င်းက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ အဓိပတိခေါင်းဆောင် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုအတွင်း သေဆုံး

  • 2026 ခုနှစ်၊ မတ်လ 1 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက် အမေရိကန်နှင့် အစ္စရေးတို့၏ အကြီးအကျယ် တိုက်ခိုက်မှုအပြီးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်အစိုးရ အပြောင်းအလဲလုပ်ရန် တောင်းဆိုလိုက်ပြီး၊ ယင်းတိုက်ခိုက်မှုကြောင့် အီရန်ဘက်မှလည်း မကြုံစဖူး တုံ့ပြန်တိုက်ခိုက်မှုများ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ကအီရန်ကိုစတိုက်ပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 34 Views
၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက် လတ်တလောသတင်းများ – အီရန်နိုင်ငံအတွင်းသို့ အမေရိကန်က ‘အရှိန်အဟုန်ပြင်းပြီး ဆက်တိုက်’ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ထရန့်ပြောကြားခဲ့။ စနေနေ့ နံနက်အစောပိုင်းတွင် သမ္မတ ဒေါ်နယ်ထရန့်က The Washington Post သတင်းဌာနသို့