နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုန်တိုင်းကြောင့် ယမားချောင်းရေလျှံ၊ ကျေးရွာ ၁၂ ရွာထက်မနည်း ရေနစ်မြုပ်၊ အကူအညီများလိုအပ်လျက်ရှိနေ

မိုခါမုန်တိုင်းကြောင့် စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်တွင် ယမားချောင်းရေလျှံပြီး ကျေးရွာ ၁၂ ရွာထက်မနည်း ရေနစ်မြုပ်ခဲ့ရတယ်လို့သိရပါတယ်။


“ အားလုံးပေါင်း ၁၂ရွာလောက်ရှိတယ်လို့သိရတယ်။ မြောက်ယမားဘေးတလျှောက်က ကျေးရွာအကုန်နီးပါး ​ရေကြီးရေလျှံမှု ဖြစ်ခဲ့ပါတယ်။” ဟု ယင်းမာပင်ဒေသခံတစ်ဦးက ပြောပါတယ်။

မုန်တိုင်းကြောင့် အခုလို ဖြစ်ရပ်တွေဖြစ်ပွားခဲ့ရတာဖြစ်ပြီး ​အကူအညီများစွာ လိုအပ်နေ တာ ဖြစ်တယ်လိုံ ဒေသခံများက ပြောဆိုပါတယ်။

မိုခါမုန်တိုင်းကြောင့် ယမားချောင်းရေလျှံကာ ကျေးရွာအများအပြားရေနစ်မြုပ်ခဲ့ကြောင်း၊တောင်သူများ၏ စိုက်ခင်းများနှင့်မွေးမြူရေး တိရိစ္ဆာန်များ ရေနစ်မြုပ် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောကြပါတယ်။ မုန်တိုင်းကြောင့်ရေဘေးသင့်ခဲ့သော ကျေးရွာများတွင် စားနပ်ရိက္ခာ၊သောက်သုံးရေသန့်နှင့် အဝတ်အထည်များ၊ ဆေးဝါးများလိုအပ်နေကြောင်းလည်း ဒေသခံများက ပြောသည်။


ယင်းမာပင်နယ်တွင် စစ်ကောင်စီတပ်ကလည်း မကြာခဏ စစ်ကြောင်းထိုးဖျက်ဆီးနေ၍ ဒေသခံများတိမ်းရှောင်နေရပြီး မုန်တိုင်းကြောင့်လမ်းများပျက်စီးနေ၍ သွားလာရေးအခက်အခဲရှိကြောင်း နယ်ခံများက ပြောသည်။

မိုခါမုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် စိုက်ပျိုးထားသော သီးနှံဧကပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ပြီး လူနေအိမ်နှင့် အိမ်အသုံးအဆောင်များပျက်စီးခြင်း၊ လူနှင့်တိရိစ္ဆာန်များ မျောပါသေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့သည်။


Era’sEyes /(ယင်းမာပင်နယ်တွင် ရေနစ်မြုပ်ခဲ့သော ကျေးရွာမှ ဒေသခံတစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း အာရှ

စစ်ကောင်စီနဲ့ MNDAA အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ပြီလို့ တရုတ်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 11 Views
ဇန်နဝါရီလ (၂၀) ရက်။ မြန်မာစစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့သည် စနေနေ့က စတင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို
မြန်မာသတင်း

နမခမှာ လုံခြုံရေးတာဝန်ထမ်းဆောင်တဲ့ စစ်မှုထမ်းအပတ်စဉ်(၅)က စစ်ကောင်စီတပ်သား (၄)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 12 Views
ဇန်နဝါရီလ (၂၀)ရက်။ မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းအပတ်စဉ်(၅)က စစ်ကောင်စီတပ်သား (၄) လက်နက်တွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ Union Liberation
မြန်မာသတင်း

အုတ်တွင်းမြို့မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 6 Views
ဇန်နဝါရီလ (၂၀)ရက်။ ဇန်နဝါရီလ (၁၈)ရက်နေ့ ည(၈)နာရီခွဲအချိန်က အုတ်တွင်းမြို့နယ် အုန်းပင်ရွာအုပ်စုရှိ သံတိုင်ခင်ကျေးရွာအနီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သံတိုင်ခင်ရွာအနီး ကင်းလှည့်ထွက်လာတဲ့ စခတွေ၊ ရဲတွေနဲ့ စစ်မှုထမ်းခိုင်းဖို့
မြန်မာသတင်း

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ် မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 10 Views
ဇန်နဝါရီလ (၂၀)ရက်။ မနေ့က နေ့လယ် (၁)နာရီအချိန်က မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာ-မန္တလေးလမ်းပိုင်း ချောင်းဦးလမ်းတစ်နေရာမှာ ကင်းယူ ဆက်ကြေးကောက်နေတဲ့ စခတွေကို
မြန်မာသတင်း

မွန်တော်လှန်ရေး (၄)ဖွဲ့က ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်း

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 12 Views
ဇန်နဝါရီလ (၂၀)ရက်။ မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့(၄)ဖွဲ့က စစ်ဆင်ရေးလုပ်ငန်းတွေအတွက် “ ရာမည ပူးတွဲစစ်ကြောင်း” ဖွဲ့စည်းတာကို မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်တော်လှန်ရေးအဖွဲ့ (၄)ဖွဲ့ဟာ ပူးတွဲစစ်ဆင်ရေးလုပ်ငန်းတွေအတွက် ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းပြီး ပူးတွဲစစ်ဆင်ရေးတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ မွန်တော်လှန်ရေးအဖွဲ့
မြန်မာသတင်း

မကွေးရှိ စစ်ကောင်စီရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 18 Views
မကွေးရှိ စစ်ကောင်စီရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ ဇန်နဝါရီလ (၁၉)ရက်။ မနေ့က ညနေ (၄)နာရီခွဲခန့်ကစပြီး မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship PDF
မြန်မာသတင်း

မြောက်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို ထိန်းသိမ်းထားတဲ့နေရာ ဗုံးကြဲခံရပြီး (၂၈)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 15 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က ညနေ (၄)နာရီခွဲအချိန်ကစပြီး မြောက်ဦးမြို့ ရမ်းချောင်းအနီး ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ထိန်းသိမ်းထားတဲ့နေရာ ဗုံးကြဲခံခဲ့ရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရမ်းချောင်းအနီးတဝိုက်ကို ညနေ
မြန်မာသတင်း

တောင်သာမှာ စစ်ကောင်စီက စက်တပ်လေသီးနဲ့ ဗုံးသီးချတာကြောင့် အရပ်သား (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 14 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က နံနက် (၁)နာရီခွဲခန့်က တောင်သာမြို့နယ် ညောင်ကုန်းရွာကို စစ်ကောင်စီက စက်တပ်လေတီးနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ(တောင်သာ)ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ နံနက် (၁)နာရီခွဲလောက် စကစက စက်တပ်လေထီးနဲ့ ပန်းပေါင်းအုပ်စု