နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်

အမေရိကန်

အမေရိကန် အာရှ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က တရုတ်လုပ်ဆောင်မှုများအပေါ်စိုးရိမ်မိကြောင်း ပြောကြား

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ မည်သည့်အကြောင်းအရာများကို ဆွေးနွေးခဲ့သည်ကို CNN သတင်းထောက်က မျှဝေဖော်ပြလိုက်သည်။

ယခုလအစောပိုင်းက တောင်ကယ်ရိုလိုင်းနားကမ်းရိုးတန်းတွင် ပစ်ချခံခဲ့ရသော မိုးပျံပူဖောင်းမှတစ်ဆင့် တရုတ်နိုင်ငံသည် အမေရိကန်ကို စောင့်ကြည့်ရန် ကြိုးပမ်းနေသည်မှာ သေချာကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ရှင်းလင်းပြောကြားခဲ့သည်။

“မူရင်း ရည်ရွယ်ချက်က ဘာလဲဆိုတာ ကျွန်တော် အတည်တကျ မပြောနိုင်ပေမယ့် အမေရိကန်ပြည်ထောင်စုကို ကျော်လွန်သွားချိန်မှာ မြင်တွေ့ခဲ့ရတာကတော့ အလွန်ထိလွယ်ရှလွယ်ဖြစ်တဲ့ စစ်ဘက်ဆိုင်ရာ နေရာတွေကို စောင့်ကြည့်ဖို့ ကြိုးပမ်းမှုတစ်ခုပါပဲ” ဟု ဘလင်ကန် က ABC ၏ “This Week” စနေနေ့ အစီအစဉ် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

“မိုးပျံပူဖောင်းက အမေရိကန်ရဲ့ အရေးကြီးတဲ့ နေရာတော်တော်များများကို ကျော်သွားတယ်။ တချို့ကိစ္စတွေမှာ အချိန်ဖြုန်းပြီး လှည့်နေတယ်” ဟု သူက ဆက်ပြောသည်။ “အဲဒီ အချက်အလက်တွေကို ကာကွယ်ဖို့ ကျွန်တော်တို့ အရေးယူထားပါတယ်။ မိုးပျံပူဖောင်းနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေ ရဖို့အတွက် တိုင်းတာမှုတွေ လုပ်ခဲ့တယ်။

အကြွင်းအကျန်တွေ ရလာတဲ့အခါ ပိုသိမယ်ထင်ပါတယ်။” တရုတ်သူလျှိုဟု သံသယရှိသော မိုးပျံပူဖောင်းကို ပစ်ချပြီးနောက်၊ အမေရိကန်စစ်တပ်သည် သေးငယ်သည့် နောက်ဆက်တွဲ အရာဝတ္ထု ၃ ခုကို ပစ်ချခဲ့ပြီး အရာဝတ္ထု ၃ ခုသည် မည်သည့်နိုင်ငံ၏ ထောက်လှမ်းရေး အစီအစဉ်နှင့်မျှ ဆက်စပ်မှု မရှိဟု ယူဆရကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။ ယင်းအစား၊ ၎င်းတို့ကို ရာသီဥတု သို့မဟုတ် သုတေသန ရည်ရွယ်ချက်များအတွက် ပုဂ္ဂလိကအဖွဲ့အစည်းများက အသုံးပြုဖွယ်ရှိသည်။

ဆန့်ကျင်ဘက်အနေနဲ့ တရုတ်မိုးပျံပူဖောင်းမှာ သယ်ယူလာတဲ့ပစ္စည်း ဒါမှမဟုတ် သယ်ဆောင်လာတဲ့ ကိရိယာတွေ ပါရှိပြီး ဘတ်စ်ကား ၃စီးလောက် အရွယ်အစားရှိပါတယ်။ ထောက်လှမ်းရေး အချက်ပြဆက်သွယ်မှုတွေကို စုဆောင်းပြီး ဓာတ်ပုံရိုက်နိုင်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ တရုတ်မိုးပျံပူဖောင်းသည် မွန်တာနာရှိ ထိလွယ်ရှလွယ်နေရာများပေါ်ကို ဖြတ်ကျော်သွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသော်လည်း အာဏာပိုင်များက မိုးပျံပူဖောင်းလမ်းကြောင်းကို ခြေရာခံကာ ၎င်း၏ ထောက်လှမ်းရေး စုဆောင်းမှု စွမ်းရည်ကို လျှော့ချရန် လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ မိုးပျံပူဖောင်းသည် မကြာသေးမီနှစ်များအတွင်း တိုက်ကြီးငါးခုမှ နိုင်ငံပေါင်း ၄၀ ထက်မနည်းကို ထောက်လှမ်း ကြည့်ရှုခဲ့သော တရုတ်စစ်တပ်မှ ထိန်းချုပ်ထားသော ကြီးမားသောရေယာဉ်စု၏ အစိတ်အပိုင်းဖြစ်ကြောင်း အမေရိကန်က ပြောကြားခဲ့သည်။ “တစ်ချိန်က အမေရိကန်ပြည်ထောင်စုမှာ မိုးပျံပူဖောင်းက ဘာလုပ်ဖို့ ကြိုးစားနေတယ်ဆိုတာကို ကျွန်တော်တို့ရဲ့စိတ်ထဲမှာ သံသယဖြစ်စရာမရှိပါဘူး။ ပြီးတော့ တရုတ်နိုင်ငံမှာ ရှိတဲ့ ဒီစောင့်ကြည့်မီးပုံးပျံ အစီအစဉ်နဲ့ ပတ်သက်ပြီး ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၄၀ ကျော်မှာ အသုံးပြုနေတယ်ဆိုတာ သံသယ မရှိပါဘူး” ဟု ဘလင်ကန် က ABC သို့ ပြောကြားခဲ့သည်။

ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှု ခေါင်းစဉ်နဲ့ ပတ်သက်ပြီးတော့ အမေရိကန် ထိပ်တန်းသံတမန်က သူ့ရဲ့ ရုရှားစစ်တပ်အပေါ် တရုတ်ရဲ့ ပံ့ပိုးကူညီမှုအပေါ် စိုးရိမ်မှုတွေ ရှိကြောင်း၊ အထူးသဖြင့် ဘေဂျင်းက မော်စကိုကို သေစေလောက်တဲ့ လက်နက်အထောက်အပံ့တွေ ထောက်ပံ့ပေးဖို့ စဉ်းစားနေတယ်ဟု တနင်္ဂနွေနေ့က ပြောပါတယ်။ အမေရိကန်သည် ရုရှားစစ်တပ်အတွက် တရုတ်၏ ထောက်ခံမှု နှောင်းပိုင်းတွင် စိတ်အနှောင့်အယှက်ဖြစ်စေသော လမ်းကြောင်းများကို စတင်မြင်နေရပြီဟု CNN မှ ယခင်ကဖော်ပြခဲ့ပြီး၊ ဘေဂျင်းသည် ရုရှားအား သေစေလောက်သည့် လက်နက်အကူအညီများပေးအပ်ခြင်းအား အခြားသူများအား သိရှိခြင်း မရှိစေဘဲ ပို့ဆောင်ပေးလိုသည့် လက္ခဏာများရှိကြောင်း၊ ထောက်လှမ်းရေးနှင့် ရင်းနှီးသည့်အမေရိကန် အရာရှိများထံမှ ကြားသိရသည်။

တာဝန်ရှိသူများက တရုတ်နိုင်ငံ၏ လတ်တလော အနေအထား အပြောင်းအလဲကို အမေရိကန် ထောက်လှမ်းရေးက အကြံပြုထားသည်ကို အသေးစိတ် ဖော်ပြမည် မဟုတ်သော်လည်း လွန်ခဲ့သည့် ရက်အတော်ကြာက ဂျာမနီနိုင်ငံ မြူးနစ် လုံခြုံရေးညီလာခံတွင် မဟာမိတ်များနှင့် လုပ်ဖော်ကိုင်ဖက်များနှင့် ထောက်လှမ်းရေးအချက်အလက်များကို မျှဝေခဲ့ခြင်းဖြင့် အမေရိကန် တာဝန်ရှိသူများက လုံလောက်သော စိုးရိမ်မှု ရှိနေကြောင်း ပြောကြားခဲ့သည်။ “ ကျွန်တော်တို့ ဒါကို အနီးကပ် စောင့်ကြည့်နေပါတယ်” ဟု ဘလင်ကန်က မြူးနစ်တွင်ရှိစဉ် CBS မှ “ Face the Nation” သို့ ပြောကြားခဲ့သည်။

“ အခု ကျွန်တော်တို့ တို့ကြုံတွေ့နေရတဲ့ စိုးရိမ်မှုဟာ တရုတ်က သေစေလောက်တဲ့ လက်နက် အထောက်အပံ့များ (ရုရှားအား) ပေးဆောင်ရန် စဉ်းစားနေကြောင်း ကျွန်တော်တို့ ရရှိထားတဲ့ အချက်အလက်များအပေါ် အခြေခံပြီး သိရှိရတယ်။ ကျွန်တော်တို့နဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးမှာ ဆိုးရွားတဲ့ ပြဿနာဖြစ်စေမယ့် အကြောင်းဆိုတာ ကျွန်တော်က သူတို့ကို ရှင်းလင်းစွာ ပြောပြခဲ့ပါတယ်” ဟု ဘလင်ကန်မှ ပြောကြားခဲ့သည်။

မူရင်း။ CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 30 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 48 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 45 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 41 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့
ကမ္ဘောဒီးယား တရုတ် ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အမေရိကန် အရှေ့တောင်အာရှ

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား ပဋိပက္ခသည် လက်နက်ကောင်းကောင်း တပ်ဆင် ထားသည့် အမေရိကန်မဟာမိတ်နှင့် တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေးရှိသည့် အားနည်းသော ပြိုင်ဘက်ကို ယှဉ်ပြိုင်စေခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 56 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၉ရက် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် ပြန်လည်ဖြစ်ပွားလာသော တိုက်ပွဲများ သည် စွမ်းရည်နှင့် လူအင်အား ကွာဟမှုကြီးမားသော စစ်တပ်နှစ်ခုနှင့် ၎င်းတို့၏ မိုင် ၅၀၀ (ကီလိုမီတာ ၈၀၀) နယ်နိမိတ်တစ်လျှောက် လက်နက်ကိုင်တိုက်ပွဲများ၏ သမိုင်းကြောင်းကို
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရန့်နှင့် ဥရောပအကြား ပြဲထွက်လာသော အက်ကွဲကြောင်းသည် ပူတင်အတွက် လက်ဆောင်တစ်ခုဖြစ်သည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 58 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၀ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ရုရှားအစိုးရကိုယ်စားလှယ်များသည် ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက် ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ပြီးခဲ့သည့်အပတ်က မော်စကိုတွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများအတွင်း အားစိုက်ထုတ်ခဲ့ရသော်လည်း၊ ရုရှားတို့သည် ယခုအခါ –
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဇလန်းစကီး ဥရောပခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 56 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက် တွေ့ဆုံပွဲ။ ယူကရိန်းသမ္မတ ဗော်လိုဒီမာ ဇလန်းစကီးသည် လန်ဒန်မြို့တွင် ဥရောပ ခေါင်းဆောင် အရေးပါပုဂ္ဂိုလ်များဖြစ်ကြသည့် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ (Keir Starmer) ၊ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmanuel